Monday, May 11, 2020

ကျောက်တော်မြို့နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သူ ၃ ဦးအား ဖမ်းဆီးရမိ

No photo description available.

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မေလ ၈ ရက်တွင် ကန်စောက်ကျေးရွာအနီး၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ် သူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပူးပေါင်းအဖွဲ့သည် ကန်စောက်ကျေးရွာအနီး မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးလျက်ရှိစဉ် မေလ ၈ ရက် နေ့လယ် ၁၂ နာရီခွဲခန့် တွင် ကျောက်တော်မြို့ဘက်မှ စစ်တွေမြို့ဘက်သို့ မောင်းနှင်လာသော Super Custom အမျိုးအစား မော်တော်ယာဉ် ၁ စီးကို ရပ်တန့်စစ်ဆေးရာ ဦးဆန်းကြည်၊ အသက် ၃၃ နှစ်(ဘ)ဦးအထွေးမောင်နှင့် ဦးစံလင်း၊ အသက် ၃၄ နှစ်(ဘ)ဦးမောင်ထွန်းသာ တို့ ၂ ဦးကို ၎င်းတို့ယူဆောင်လာသည့် ကျောပိုးအိတ်အတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ ဆက်ကြေးငွေများ၊ စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ များအား စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ရာ ငှက်ပျောချောင်းကျေးရွာမှ ဦးအောင်ကြာဇံ သည်လည်း AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှု များရှိကြောင်း သိရှိရပြီး ၎င်းနေ့ညနေပိုင်းတွင် စစ်ဆေးရေးဂိတ်အနီး ဦးအောင်ကြာဇံ၊ အသက် ၅၈ နှစ်(ဘ)ဦးဇင်လင်းအောင် အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများအား ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်ခြင်းများ ပြုလုပ်ခဲ့သည့် ဖမ်းဆီးရမိသူ ၃ ဦးကို တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Image may contain: outdoor

>>zawgyi<<

0 comments:

Post a Comment