Wednesday, February 5, 2020

YUPT အစုရှယ်ယာတောင်းသည့်ကိစ္စစောင့်ဆိုင်းပေးရန် ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ YRTA တုန့်ပြန်

Image may contain: 2 people, indoor

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) ၏ အစုရှယ်ယာအကျိုးအမြတ်ခွဲယူမှုကိစ္စ ကုမ္ပဏီဘဏ္ဍာရေးစည်းမျဉ်းအရ စိစစ်နေသဖြင့် ရှယ်ယာရှင်များအနေဖြင့် အချိန်ကာလတစ်ခုထိစောင့်ဆိုင်းပေးစေလိုကြောင့် ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ ဖေဖော်ဝါရီ ၅ ရက် မီဒီယာတွေ့ဆုံပွဲတွင်ပြန်လည်ရှင်းလင်းခဲ့သည်။

(YUPT) ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ထားသူတချို့မှ ရှယ်ယာ ပိုင်ဆိုင်မှု ၁၄ ရာခိုင်နှုန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ပြန်လည် ထုတ်ပေးခြင်း မရှိပါက ဆန္ဒ ဖေါ်ထုတ်သွားမည် ဖြစ်သည့်အပြင် သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြား၍ တရားစွဲဆိုသွားမည် ဖြစ်ကြောင်းဖေဖော်ဝါရီ ၄ ရက်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ အိုလံပစ်တာဝါတွင် ပြုလုပ်သည့် YUPT ရှယ်ယာရှင်များ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့က ပြောကြားခဲ့သည်။
"ဒီရှယ်ယာရှင်တွေဆန္ဒကို ကျွန်တော်တို့တင်မဟုတ်ဘူး။ ကျွန်တော်တို့ကိုဦးဆောင်နေတဲ့ YRTA ရဲ့ ဥက္ကဋ္ဌကိုလည်းအသိပေးတင်ပြပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ကတိအတိုင်းဆောင်ရွက်ပေးမှာပါ။ ဒါပေမဲ့ ကုမ္ပဏီငွေကြေးတွေကို စီမံခန့်ခွဲကြရတာဖြစ်တဲ့အတွက် ဘယ်လိုထုတ်နိုင်လဲဆိုတာ တွက်ချက်မှုတွေလုပ်နေပါတယ်"ဟု ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။
လက်ရှိ YUPT ကုမ္ပဏီ၏ စုစုပေါင်း ရင်နှီးမြှုပ်နှံမှု ပမာဏသည် ငွေကျပ် ၄၀ ဘီလီယံကျော် ရှိနေပြီး ရန်ကုန်တိုင်း အစိုးရက ကျပ် ၃၅ ဘီလီယံကျော်နှင့် အစုရှယ်ယာ ၈၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ ကျန် ၁၄ ရာခိုင်နှုန်းကို လုပ်ငန်းရှင်များက ထည့်ဝင် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့လည်းဆောင်ရွက်ပေးမယ်လို့ပြောပြီးသားပါ။ ဘယ်သူတွေဘာလဲချင်လဲဆန္ဒပြု၊ ဆန္ဒပြုတာတွေတောင်းယူပြီး တွက်ချက်တဲ့ အခါ ရှယ်ယာရှင်မှာတောင် အပြည့်အဝပြန်ထုတ်မယ့်သူ၊ တစ်ဝက်ပြန်ထုတ်မယ်သူ၊ မထုတ်တဲ့သူဆိုပြီး ရှိတဲ့အတွက် ဘယ်လိုပေးမလဲတွက်ရတယ်။ ဒါကြောင့်အချိန်လေးပေးသင့်ပါတယ်"ဟု ဦးလှအောင်ကဆက်လက်ပြောသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ စာရင်းစစ်ချုပ် အစီရင်ခံစာ ဖေါ်ပြချက်အရ ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ရှယ်ယာအများဆုံး ထည့်ဝင် ရင်းနှီးမြှုပ်နှံထားသည့် YUPT ကုမ္ပဏီသည် ကျပ် ၆၀၃ ဒသမ ၀၇၉ သန်း အရှုံးပေါ်ခဲ့ကာ ရှယ်ယာရှင်များကို အမြတ်ဝေစု ၃ နှစ်ဆက်တိုက် ခွဲဝေပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) သည် ရန်ကုန်တိုင်း ဒေသကြီး၊ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ကြီးကြပ်မှုအောက် YBS ဘတ်စ်ကား ပြေးဆွဲ ဝန်ဆောင်မှု စနစ်တွင် ယာဉ်အစီးရေ ၉၀၀ နှင့် အများဆုံး ပြေးဆွဲပေးနေသည့် ယာဉ်လိုင်း ကုမ္ပဏီတစ်ခု ဖြစ်သည်။
Ref ; Myitphyar Irra #Myanmar_Online_News
>>Zawgyi<<
YUPT အစုရှယ်ယာတောင်းသည့်ကိစ္စစောင့်ဆိုင်းပေးရန် ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA တုန့်ပြန်
Thursday , February 6 , 2020

0 comments:

Post a Comment