Wednesday, February 5, 2020

YUPTကုမ္ပဏီ ရှယ်ယာရှင်များတောင်းဆိုချက်များကို YRTAအနေဖြင့် ဥပဒေနှင့်အညီဖြေရှင်းပေးမည်

Image may contain: 4 people, people sitting and indoor

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပသော YRTA၏ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အရှုံးပေါ်နေသေ ာ(YUPT)ကုမ္ပဏီအစုရှယ်ယာများကိုပြန်လည်ထုတ်ပေးရန်နှင့် နစ်နာမှုများအတွက် တာဝန်ရှိသူ‌‌ များကို တရားစွဲဆိုသွားမည်ဟု ရှယ်ယာရှင်များ၏ တောင်းဆိုချက်များကိုဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့YRTAကအတွင်းရေးမှူးဦးလှအောင်ကပြောသည်။

လက်ရှိတွင် "YUPTရှယ်ယာရှင်တွေရဲ့တောင်းဆိုချက်ကို ဥပဒေနဲ့အညီဖြေရှင်းပေးဖို့တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်းညွှန်ကြားထားပြီး ကုမ္ပဏီဖြစ်တဲ့အတွက် ဒါရိုက်တာအဖွဲ့တွေဘဏ်စာရင်းလုပ်ထုံးလုပ်နည်းတွေရှိပါတယ်ဖြေရှင်းပေးဖို့လည်းဝန်ကြီးချုပ်ကလည်းပြောထားပြီးသားပါ"ဟုဦးလှအောင်ကပြောသည်။
မနေ့ကကျင်းပခဲ့သောရှယ်ယာရှင်များ၏သတင်းစာရှင်းလင်းပွဲတွင် ရှယ်ယာရှင်တစ်ဦးဖြစ်သူဦးထိန်ဝင်းက
"ကျွန်‌ တော်တို့က မူလရှယ်ယာ ရှင်တွေပါ ၊ ဒီ(YUPT)ကုမဏီ ကိုတည်ထောင်တဲ့ သူက ကျွန်တော်တို့ စီကိုလာပြီး (၃၅)ဘီလီယံ အပေါင်း (၄)ဘီလီယံ လာပြီးရင်းနှီး မြုပ်နှံတယ် ၊ အဲ့ဒါ အစိုးရကို ကျွန်တော်တိုက သွားဝင်တာ မဟုတ်ပါဘူး ၊ သူတို့က ကျွန်တော်တို့ထဲကို ဘီလီယံ နဲ့ချီပြီး အရင်းအနှီး လာထည့်တာပါ ၊ အခုရှုံးနေပါပြီ ဒါဟာ လုပ်ငန်စဉ် အရ အရှုံး မဟုတ်ပါဘူး ၊ စီမံခန့်ခွဲ မှုလွဲ နေလို့ ဖြစ်တာပါ ၊ အစိုးရ အဖွဲ့ ကိုလည်း တင်ပြပြီးပါပြီ ၊ ကျွန်တော်တို့ အများပိုင်ရဲ့ငွေကြေး ၊ နိုင်ငံပိုင်ရဲ့ ငွေကြေးတွေကို စီမံခန့်ခွဲ တဲ့ နေရာမှာ မူဝါဒနဲ့အညီ ခန့်ခွဲ ရမှာဖြစ်ပါတယ် ၊ အခုဆိုရင် ကျွန်တော်တို့ ရှယ်ယာရှင် တွေက သူတို့ကို မယုံတော့ပါဘူး ၊ ယုံကြည်ချက် လည်း မရှိတော့ပါဘူး အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ရှယ်ယာ တွေကိုပြန်ထုတ်ပေးပါ လို့ ဒီနေရာကနေ တောင်းဆိုပါတယ် ''ဟုပြောဆိုထားသည်။

YUPTကုမ္ပဏီ၏ပိုင်ဆိုင်မှုကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က(၈၆)ရာခိုင်နှုန်းရှယ်ယာထည့်ဝင်ပိုင်ဆိုင်ထားပြီး(၁၄) ရာခိုင်နှုန်း မှာရှယ်ယာရှင်များ၏ထည့်ဝင်ငွေဖြစ်ကြောင်းသိရသည်။
Image may contain: 4 people, people standing
Ref : Speaker
>>Zawgyi<<
YUPTကုမ္ပဏီ ရှယ်ယာရှင်များတောင်းဆိုချက်များကို YRTAအနေဖြင့် ဥပဒေနှင့်အညီဖြေရှင်းပေးမည်ဖြစ်
Wednesday , February 5 , 2020

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပသော YRTA၏ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အရှုံးပေါ်နေသော(YUPT)ကုမ္ပဏီအစုရှယ်ယာများကိုပြန်လည်ထုတ်ပေးရန်နှင့် နစ်နာမှုများအတွက် တာဝန်ရှိသူ‌‌ ‌ များကို တရားစွဲဆိုသွားမည်ဟု ရှယ်ယာရှင်များ၏ တောင်းဆိုချက်များကိုဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့YRTAကအတွင်းရေးမှူးဦးလှအောင်ကပြောသည်။
လက်ရှိတွင် "YUPTရှယ်ယာရှင်တွေရဲ့တောင်းဆိုချက်ကို ဥပဒေနဲ့အညီဖြေရှင်းပေးဖို့တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်းညွှန်ကြားထားပြီး ကုမ္ပဏီဖြစ်တဲ့အတွက် ဒါရိုက်တာအဖွဲ့တွေဘဏ်စာရင်းလုပ်ထုံးလုပ်နည်းတွေရှိပါတယ်ဖြေရှင်းပေးဖို့လည်းဝန်ကြီးချုပ်ကလည်းပြောထားပြီးသားပါ"ဟုဦးလှအောင်ကပြောသည်။
မနေ့ကကျင်းပခဲ့သောရှယ်ယာရှင်များ၏သတင်းစာရှင်းလင်းပွဲတွင် ရှယ်ယာရှင်တစ်ဦးဖြစ်သူဦးထိန်ဝင်းက
"ကျွန်‌ တော်တို့က မူလရှယ်ယာ ရှင်တွေပါ ၊ ဒီ(YUPT)ကုမဏီ ကိုတည်ထောင်တဲ့ သူက ကျွန်တော်တို့ စီကိုလာပြီး (၃၅)ဘီလီယံ အပေါင်း (၄)ဘီလီယံ လာပြီးရင်းနှီး မြုပ်နှံတယ် ၊ အဲ့ဒါ အစိုးရကို ကျွန်တော်တိုက သွားဝင်တာ မဟုတ်ပါဘူး ၊ သူတို့က ကျွန်တော်တို့ထဲကို ဘီလီယံ နဲ့ချီပြီး အရင်းအနှီး လာထည့်တာပါ ၊ အခုရှုံးနေပါပြီ ဒါဟာ လုပ်ငန်စဉ် အရ အရှုံး မဟုတ်ပါဘူး ၊ စီမံခန့်ခွဲ မှုလွဲ နေလို့ ဖြစ်တာပါ ၊ အစိုးရ အဖွဲ့ ကိုလည်း တင်ပြပြီးပါပြီ ၊ ကျွန်တော်တို့ အများပိုင်ရဲ့ငွေကြေး ၊ နိုင်ငံပိုင်ရဲ့ ငွေကြေးတွေကို စီမံခန့်ခွဲ တဲ့ နေရာမှာ မူဝါဒနဲ့အညီ ခန့်ခွဲ ရမှာဖြစ်ပါတယ် ၊ အခုဆိုရင် ကျွန်တော်တို့ ရှယ်ယာရှင် တွေက သူတို့ကို မယုံတော့ပါဘူး ၊ ယုံကြည်ချက် လည်း မရှိတော့ပါဘူး အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ရှယ်ယာ တွေကိုပြန်ထုတ်ပေးပါ လို့ ဒီနေရာကနေ တောင်းဆိုပါတယ် ''ဟုပြောဆိုထားသည်။

YUPTကုမ္ပဏီ၏ပိုင်ဆိုင်မှုကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က(၈၆)ရာခိုင်နှုန်းရှယ်ယာထည့်ဝင်ပိုင်ဆိုင်ထားပြီး(၁၄) ရာခိုင်နှုန်း မှာရှယ်ယာရှင်များ၏ထည့်ဝင်ငွေဖြစ်ကြောင်းသိရသည်။
Ref : Speaker

0 comments:

Post a Comment