Sunday, February 9, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ YRTA တွင်ထည့်ဝင်ထားသည့်ကျပ် ၃၅ ဘီလျံနှင့်ပတ်သက်ပြီး ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် သမိုင်းအမှားမခံနိုင်ဟု ဦးကျော်ဇေယျပြော


Image may contain: 1 person, hat
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှYRTA တွင် ထည့်ဝင်ထားသည့် ကျပ် ၃၅ ဘီလျံနှင့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် ထည့်ဝင်ထားသည့် ကျပ် ၁ဝ ဘီလျံနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်အနေဖြင့် တာဝန် ရှိနေသောကြောင့် မိမိတို့လက်ထက်တွင် သမိုင်းအမှားမခံနိုင်ဟု ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော် ဇေယျကပြောသည်။
‘‘လွတ်တော်မှာပြောကြား ချက်နဲ့ တာဝန်ရှိသူတွေ လုပ်ဆောင် ချက်က တစ်ထပ်တည်းကျလားဆို တော့ အန်ကယ်တို့က လုပ်နေတယ် ဆိုတာက တာဝန်ရှိလို့ လုပ်နေတာ လေ။ အန်ကယ်က ဘဏာရေးစီမံကိန်း စီးပွား ရေးကော်မတီက ပြည် သူ့ဘဏာကို ပျောက်ပျက်လို့မရဘူး။ အဲဒါကို အန်ကယ်ကမေးတာ။ အခု ကားတွေလည်း စိတ်မဝင်စားဘူး မဟုတ်ဘူး စိတ်ဝင်စားတယ်။ သို့ သော်လည်း အစီး ၅ဝဝ က ဘတ် ဂျက်နဲ့ဝယ်ထားတဲ့ဟာတွေ။ ၃၅ ဘီလျံနဲ့ဝယ်ထားတဲ့ဟာတွေ။ အဲဒီ ကားတွေထဲက အစီး ၅ဝဝ ထဲက အစီး ၁၆ဝ လောက် ရပ်နေတော့ အန်ကယ်တို့ စိုးရိမ်တာပေါ့။ အန် ကယ်က ပြည်သူ့ကိုယ်စား တာဝန် ပေးထားတာ။ ပြည်သူက တာဝန် ယူစမ်းဆိုပြီး ပေးထားတာပါ။ အဲဒီ တော့ အန်ကယ်တို့မှာ တာဝန်ရှိတာ ပေါ့။ အဲဒီလိုပဲ ပြောရမှာ။ အန်ကယ် တို့လည်း ခံစားရတာပေါ့။ အခုချိန် မှာ အဲဒါတွေက အဖြေမထွက်သေး ဘူး။ နောက် ရန်ကုန်မြို့သစ်စီမံကိန်း လည်း အဲဒီလိုပဲပေါ့။ ရန်ကုန်မြို့ သစ်စီမံကိန်း သူ့ဟာသူ ပိုက်ဆံ စိုက်လုပ်တာ ပြသနာမရှိဘူးလေ။ ဒါပေမဲ့ ပြည်သူ့ဘတ်ဂျက်ပါနေ တယ်။ ၁ဝ ဘီလျံပါနေတယ်။ အဲဒါ ကြောင့် စောင့်ကြည့်ရတာ။ စီမံ ကိန်းကို ကန့်ကွက်တာမဟုတ်ဘူး။ စီမံကိန်းကို စီမံချက်ကောင်းကောင်း နဲ့ လုပ်စေချင်တာ။ ဒီငွေတွေက ပျောက်နေတာ။ ပျောက်နေတော့ ပြည်သူ့ငွေတွေ အန်ကယ်တို့မှာ တာဝန်မကင်းဘူး။ သမိုင်းအမှား မခံနိုင်ဘူး။ အဲဒါကြောင့် ကြည့်ပြီး ဝေဖန်ပြောနေရတာ’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွတ်တော်တွင် ရန်ကုန်မြို့သစ်စီမံ ကိန်း အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ YRTA တွင် ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေး များနှင့်ပတ်သက်ပြီး လွတ်တော်တွင် မေးခွန်းများ မေးမြန်းခဲ့ကြောင်း၊ လွတ်တော်သို့ လာရောက်ဖြေကြား သည့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖြေကြားချက်များတွင် ပြည့်စုံ သည့် ဖြေကြားမှုများ ပါဝင်ခြင်း မရှိသဖြင့် ထပ်ဆင့်မေးခွန်း မေးမြန်း ခဲ့သော်လည်း ကျေနပ်မှုမရရှိခဲ့ကြောင်း သိရသည်။

‘‘လာဖြေတဲ့အဖြေတွေ အပြည့်စုံဘူးဆိုတာက အန်ကယ် နောက်ဆုံးမေးခဲ့တဲ့ မေးခွန်းလေ။ ကျူးကျော်တွေအတွက် ဖြေထားတာ ကျူးကျော်တွေအတွက် တိုက်ခန်း ပေါင်း ၂၂ဝ၈ ခန်း ပြီးသွားပြီ။ နောက်ထပ် တိုက် ခန်းပေါင်း ၈ဝဝဝ ဆောက်နေတယ်လို့ သူတို့ပြောထား တယ်။ ဖြေထားတဲ့မေးခွန်းကို ထပ် မေးတယ်။ အဆိုပါတိုက်ခန်းများမှာ ကျူးကျော်တို့အတွက် စမတ်ကတ် ထုတ်ပေးတဲ့ ကျူးကျော်တွေ မတင် တော့ဘူး။ အိုးအိမ်နဲ့ ပေါင်းပြီးတော့ ဝယ်နိုင်တဲ့သူတွေကို ရောင်းပစ်လိုက် တယ်။ အဲဒီတော့ ထပ်ဆင့်မေးခွန်း မေးတယ်။ အန်ကယ်လိုချင်တဲ့အဖြေ က စမတ်ကတ်ထုတ်ပေးထားသော မိသားစု ဘယ်နှစုကို တဲပေါ်ကနေ တိုက်ပေါ် တင်ပြီးပြီလဲ။ ဘယ်နှစု ကို ဘယ်နေရာက ကျူးကျော်တွေ ကို တင်ပေးမှာလဲ မေးနေတဲ့အချိန် မှာ လွတ်တော်ဥက္ကဋက မိုက်ပိတ် ပစ်လိုက်တယ်။ ကျွန်တော် ကျူး ကျော်အကြောင်း မေးနေတာပဲ။ မိုက် ပိတ်လိုက်တော့ မှတ်တမ်းမဝင် တော့ဘူး။ ဒီမေးခွန်းကို သူတို့မဖြေ နိုင်ဘူး။ ဒေါ်နီလာကျော်ပြောသွား တယ် မှတ်တမ်းရှိပါတယ်။ ပထမ ဖြေတဲ့အဖြေထဲမှာ တိတိကျကျ မဖြေ နိုင်ဘူး။ အဲဒီလို ကျူးကျော်ဘယ် လောက်တင်လိုက်တယ်ဆိုတာ မဖြေ နိုင်ဘူး။ မေးဖို့ ထပ်ဆင့်မေးခွန်းကို ဦးတည်တဲ့အခါမှာလည်း မိုက်ပိတ် ခြင်းခံလိုက်ရတယ်။ ပြောရမယ်ဆို ရှေ့ကိုမရောက်တော့ဘူး။ အမှန်က အဲဒါကိုမေးမှာ။ ဒီငွေတွေ ဒီလို သုံးနေတယ်။ ကျူးကျော်တွေ အဲဒီ တိုက်ခန်းကလည်း ရောင်းပစ်လိုက် ပြီပြောတယ်။ ရောင်းပေးလိုက်ပြီး တဲ့အထဲမှာ စမတ်ကတ်ရှိတဲ့ ကျူး ကျော် ဘယ်နှဦးပါလဲလို့ မေးတော့ မှာ။မေးခွင့်မရလိုက်ဘူး’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွတ်တော်တွင် ကျူးကျော်များအ တွက် တည်ဆောက်နေသည့် အိမ်ရာ စီမံကိန်းများနှင့် ပတ်သက်ပြီးတော့ လည်း မေးခွန်းများမေးမြန်းခဲ့ ကြောင်း၊ သို့သော်လည်း ဝန်ကြီး၏ ဖြေကြားချက်တွင် မိမိမေးချင်သည့် မေးခွန်း၏အဖြေ ပြည့်ပြည့်စုံစုံ ပါရှိ မလာကြောင်း သိရသည်။
Ref ; Weekly HeadLine News Journal
<zawgyi>
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ YRTA တွင်ထည့်ဝင်ထားသည့်ကျပ် ၃၅ ဘီလျံနှင့်ပတ်သက်ပြီး
ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် သမိုင်းအမှားမခံနိုင်ဟု ဦးကျော်ဇေယျပြော
Monday, February 10 , 2020

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှYRTA တွင် ထည့် ဝင်ထားသည့် ကျပ် ၃၅ ဘီလျံနှင့် ရန်ကုန်မြို့သစ် စီမံ ကိန်းတွင် ထည့်ဝင်ထားသည့် ကျပ် ၁ဝ ဘီလျံနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်အနေဖြင့် တာဝန် ရှိနေသောကြောင့် မိမိတို့လက်ထက် တွင် သမိုင်းအမှားမခံနိုင်ဟု ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော် ဇေယျကပြောသည်။

‘‘လွတ်တော်မှာပြောကြား ချက်နဲ့ တာဝန်ရှိသူတွေ လုပ်ဆောင် ချက်က တစ်ထပ်တည်းကျလားဆို တော့ အန်ကယ်တို့က လုပ်နေတယ် ဆိုတာက တာဝန်ရှိလို့ လုပ်နေတာ လေ။ အန်ကယ်က ဘဏာရေးစီမံကိန်း စီးပွား ရေးကော်မတီက ပြည် သူ့ဘဏာကို ပျောက်ပျက်လို့မရဘူး။ အဲဒါကို အန်ကယ်ကမေးတာ။ အခု ကားတွေလည်း စိတ်မဝင်စားဘူး မဟုတ်ဘူး စိတ်ဝင်စားတယ်။ သို့ သော်လည်း အစီး ၅ဝဝ က ဘတ် ဂျက်နဲ့ဝယ်ထားတဲ့ဟာတွေ။ ၃၅ ဘီလျံနဲ့ဝယ်ထားတဲ့ဟာတွေ။ အဲဒီ ကားတွေထဲက အစီး ၅ဝဝ ထဲက အစီး ၁၆ဝ လောက် ရပ်နေတော့ အန်ကယ်တို့ စိုးရိမ်တာပေါ့။ အန် ကယ်က ပြည်သူ့ကိုယ်စား တာဝန် ပေးထားတာ။ ပြည်သူက တာဝန် ယူစမ်းဆိုပြီး ပေးထားတာပါ။ အဲဒီ တော့ အန်ကယ်တို့မှာ တာဝန်ရှိတာ ပေါ့။ အဲဒီလိုပဲ ပြောရမှာ။ အန်ကယ် တို့လည်း ခံစားရတာပေါ့။ အခုချိန် မှာ အဲဒါတွေက အဖြေမထွက်သေး ဘူး။ နောက် ရန်ကုန်မြို့သစ်စီမံကိန်း လည်း အဲဒီလိုပဲပေါ့။ ရန်ကုန်မြို့ သစ်စီမံကိန်း သူ့ဟာသူ ပိုက်ဆံ စိုက်လုပ်တာ ပြသနာမရှိဘူးလေ။ ဒါပေမဲ့ ပြည်သူ့ဘတ်ဂျက်ပါနေ တယ်။ ၁ဝ ဘီလျံပါနေတယ်။ အဲဒါ ကြောင့် စောင့်ကြည့်ရတာ။ စီမံ ကိန်းကို ကန့်ကွက်တာမဟုတ်ဘူး။ စီမံကိန်းကို စီမံချက်ကောင်းကောင်း နဲ့ လုပ်စေချင်တာ။ ဒီငွေတွေက ပျောက်နေတာ။ ပျောက်နေတော့ ပြည်သူ့ငွေတွေ အန်ကယ်တို့မှာ တာဝန်မကင်းဘူး။ သမိုင်းအမှား မခံနိုင်ဘူး။ အဲဒါကြောင့် ကြည့်ပြီး ဝေဖန်ပြောနေရတာ’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွတ်တော်တွင် ရန်ကုန်မြို့သစ်စီမံ ကိန်း အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ YRTA တွင် ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေး များနှင့်ပတ်သက်ပြီး လွတ်တော်တွင် မေးခွန်းများ မေးမြန်းခဲ့ကြောင်း၊ လွတ်တော်သို့ လာရောက်ဖြေကြား သည့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖြေကြားချက်များတွင် ပြည့်စုံ သည့် ဖြေကြားမှုများ ပါဝင်ခြင်း မရှိသဖြင့် ထပ်ဆင့်မေးခွန်း မေးမြန်း ခဲ့သော်လည်း ကျေနပ်မှုမရရှိခဲ့ကြောင်း သိရသည်။

‘‘လာဖြေတဲ့အဖြေတွေ အပြည့်စုံဘူးဆိုတာက အန်ကယ် နောက်ဆုံးမေးခဲ့တဲ့ မေးခွန်းလေ။ ကျူးကျော်တွေအတွက် ဖြေထားတာ ကျူးကျော်တွေအတွက် တိုက်ခန်း ပေါင်း ၂၂ဝ၈ ခန်း ပြီးသွားပြီ။ နောက်ထပ် တိုက် ခန်းပေါင်း ၈ဝဝဝ ဆောက်နေတယ်လို့ သူတို့ပြောထား တယ်။ ဖြေထားတဲ့မေးခွန်းကို ထပ် မေးတယ်။ အဆိုပါတိုက်ခန်းများမှာ ကျူးကျော်တို့အတွက် စမတ်ကတ် ထုတ်ပေးတဲ့ ကျူးကျော်တွေ မတင် တော့ဘူး။ အိုးအိမ်နဲ့ ပေါင်းပြီးတော့ ဝယ်နိုင်တဲ့သူတွေကို ရောင်းပစ်လိုက် တယ်။ အဲဒီတော့ ထပ်ဆင့်မေးခွန်း မေးတယ်။ အန်ကယ်လိုချင်တဲ့အဖြေ က စမတ်ကတ်ထုတ်ပေးထားသော မိသားစု ဘယ်နှစုကို တဲပေါ်ကနေ တိုက်ပေါ် တင်ပြီးပြီလဲ။ ဘယ်နှစု ကို ဘယ်နေရာက ကျူးကျော်တွေ ကို တင်ပေးမှာလဲ မေးနေတဲ့အချိန် မှာ လွတ်တော်ဥက္ကဋက မိုက်ပိတ် ပစ်လိုက်တယ်။ ကျွန်တော် ကျူး ကျော်အကြောင်း မေးနေတာပဲ။ မိုက် ပိတ်လိုက်တော့ မှတ်တမ်းမဝင် တော့ဘူး။ ဒီမေးခွန်းကို သူတို့မဖြေ နိုင်ဘူး။ ဒေါ်နီလာကျော်ပြောသွား တယ် မှတ်တမ်းရှိပါတယ်။ ပထမ ဖြေတဲ့အဖြေထဲမှာ တိတိကျကျ မဖြေ နိုင်ဘူး။ အဲဒီလို ကျူးကျော်ဘယ် လောက်တင်လိုက်တယ်ဆိုတာ မဖြေ နိုင်ဘူး။ မေးဖို့ ထပ်ဆင့်မေးခွန်းကို ဦးတည်တဲ့အခါမှာလည်း မိုက်ပိတ် ခြင်းခံလိုက်ရတယ်။ ပြောရမယ်ဆို ရှေ့ကိုမရောက်တော့ဘူး။ အမှန်က အဲဒါကိုမေးမှာ။ ဒီငွေတွေ ဒီလို သုံးနေတယ်။ ကျူးကျော်တွေ အဲဒီ တိုက်ခန်းကလည်း ရောင်းပစ်လိုက် ပြီပြောတယ်။ ရောင်းပေးလိုက်ပြီး တဲ့အထဲမှာ စမတ်ကတ်ရှိတဲ့ ကျူး ကျော် ဘယ်နှဦးပါလဲလို့ မေးတော့ မှာ။မေးခွင့်မရလိုက်ဘူး’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွတ်တော်တွင် ကျူးကျော်များအ တွက် တည်ဆောက်နေသည့် အိမ်ရာ စီမံကိန်းများနှင့် ပတ်သက်ပြီးတော့ လည်း မေးခွန်းများမေးမြန်းခဲ့ ကြောင်း၊ သို့သော်လည်း ဝန်ကြီး၏ ဖြေကြားချက်တွင် မိမိမေးချင်သည့် မေးခွန်း၏အဖြေ ပြည့်ပြည့်စုံစုံ ပါရှိ မလာကြောင်း သိရသည်။
Ref ; Weekly HeadLine News Journal

0 comments:

Post a Comment