Tuesday, February 4, 2020

YBS ကားဟောင်းများကို မတ်လကုန်တွင်ကားသစ်များဖြင့် လဲလှယ်ရမည့်ကိစ္စ မဖြစ်နိုင်ဟု YUPT ရှယ်ယာရှင်များပြော

Image may contain: outdoor

ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ မတ်လအကုန်တွင် တစ်ဦးချင်းပိုင် YBS ကားဟောင်းများကို ကားသစ်များဖြင့် လဲလှယ်၍ ကုမ္ပဏီပိုင်အဖြစ်ပြေးဆွဲမည်ဆိုသည့် ကိစ္စမှာ ဖြစ်နိုင်မည်မဟုတ်ကြောင်း YUPT ရှယ်ယာရှင်များက ပြောကြားလိုက်သည်။

လက်ရှိတွင် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး (YUPT) ကုမ္ပဏီတွင် ရှယ်ယာရှင်များ အရှုံးပေါ်နေမှုကြောင့် ယခင်အကြွေးများပင် မကျေသေး၍ အသစ်ဝယ်နိုင်မည်မဟုတ် ကြောင်းရှယ်ယာရှင်များက ဆိုသည်။
“အခုချိန်ထိ ချေးထားတာတွေတောင် ပြန်မဆပ်နိုင်သေးတာ ဘယ်လိုလုပ် အသစ်ထပ်ဝယ်လို့ ရမှာလဲ ” ဟု YUPT ရှယ်ယာရှင်တစ်ဦးဖြစ်သည့် ဦးထိန်ဝင်းမှ ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယင်းသို့ YBS ကားဟောင်းများကို ကားသစ်များဖြင့် လဲလှယ်မည့်ကိစ္စကို ဒေါ်နီလာကျော်မှ ဇန်နဝါရီလအတွင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့ခြင်းဖစ်သည်။
သို့သော်လည်း လက်ရှိတွင် YUPT ကုမ္ပဏီမှ ပြေးဆွဲနေသော YBS အစီးရေ ၁၈၀ စီးခန့်မှာ နေ့စဉ် ရပ်နားထားရပ်နားထားရသကဲ့သို့ ဒီဇယ်ဖြင့်မောင်းနှင်ရသည့် ယာဉ်အစီးရေ ၁၀၅ စီးမှာလည်း ကုမ္ပဏီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် ရပ်နားထားရကြောင်း ဦးထိန်ဝင်းက ဆိုသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်းမှ YBS ယာဉ်များတွင် ရင်းနှီးမြှုပ်နှံထားသည့် ရင်းနှီးငွေများမှာ ယခု သက်တမ်း ၃ နှစ်တွင် ရင်းနှီးငွေ ပြန်မရသေးသော်လည်း ၅ နှစ်ပြည့်လျှင် အရင်းများကြေပြီး အမြတ်ငွေများရနိုင်မည် ဖြစ်ကြောင်းကိုလည်း YRTA ၃ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
သို့သော်လည်း YUPT ကုမ္ပဏီမှ ရှယ်ယာဝင်များမှာ မ.ထ.သ စနစ်မှ YBS စနစ်သို့ ပြောင်းချိန်ကစပြီး ယခု ၃ နှစ်ပြည့်ထိ အမြတ်မရရှိရုံသာမက ရင်းနှီးငွေများကိုပါ ပြန်လည်မရရှိသေးကြောင်း အဆိုပါရှယ်ယာဝင်များထံမှ သိရသည်။
YUPT ကုမ္ပဏီသည် YBS ဘတ်စ်ကား အများဆုံး ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိတွင် ယာဉ်အစီးရေ ၉၀၀ ကျော်ရှိကာ ရှယ်ယာရှင် ၂၈၉ ဦးမှ ရင်းနှီးငွေ ပမာဏကျပ် ၅.၆၃၄၄ ဘီလီယံရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
Ref : TheVoice
>>Zawgyi<<
YBS ကားဟောင်းများကို မတ်လကုန်တွင်ကားသစ်များဖြင့် လဲလှယ်ရမည့်ကိစ္စ မဖြစ်နိုင်ဟု YUPT ရှယ်ယာရှင်များပြော
Wednesday , February 5 , 2020

0 comments:

Post a Comment