Sunday, February 9, 2020

မတ်လနောက်ဆုံးထားပြီး ပုဂ္ဂလိက YBS ယာဉ်များအားလုံး ကုမ္ပဏီအမည်ပေါက်ပြောင်းလဲရန် YRTA ညွှန်ကြား

Image may contain: bus, car and outdoor
မတ်လနောက်ဆုံးထားပြီး ပုဂ္ဂလိက YBS ယာဉ်များအားလုံး ကုမ္ပဏီအမည်ပေါက်ပြောင်းလဲရန် ကုမ္ပဏီများအားလုံးကို ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ သိရသည်။

စည်းကမ်းပိုင်းဆိုင်ရာ ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် ကုမ္ပဏီအမည်ပေါက်ပြောင်းလဲရခြင်း ဖြစ်သည့်အပြင် စည်းကမ်းဖောက်ဖျက်မှုအများဆုံးသည်လည်း အများပိုင်ကုမ္ပဏီမပြောင်းရသေးသည့် ယာဉ်လိုင်းများဖြစ်နေသည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။
“ သူတို့ကိုမဖြစ်မနေပြောင်းဖို့ ညွှန်ကြားထားပြီးသား။ ကုမ္ပဏီအမည်ပေါက်မပြောင်းလဲရင် ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ အစည်းအဝေးတွေ၊ ဘာတွေပြန်လုပ်ရဦးမှာ။ အရေးယူမယ့်အပိုင်းကတော့ ပြောလို့မရသေးဘူး”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ အများပိုင်ယာဉ်လိုင်းကုမ္ပဏီအဖြစ်မပြောင်းလဲရသေးသည့် YBS ယာဉ်လိုင်းများကို အများပိုင်အဖြစ်ပြောင်းလဲရန် YRTA ရှိတာဝန်ရှိသူများကို ညွှန်ကြားထားပြီး YBS ၃ နှစ် ပြည့်ပြီးနောက်ပိုင်းတွင် မြို့အင်္ဂါရပ်နှင့်မကိုက်ညီသည့် YBS ယာဉ်များကိုပြေးဆွဲခွင့်မပြုတော့ဘဲ နယ်များတွင်သာပြေးဆွဲခွင့်ပြုတော့မည်ဟု ပြောကြားထားကြောင်း သိရသည်။
လက်ရှိမြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်တွင် ၁၀၀၀ ဝန်းကျင်မှာ တစ်ဦးချင်းပိုင်ယာဉ်များဖြစ်ကြောင်း သိရသည်။
Ref-Akonthi #Myanmar_Online_News
>>Zawgyi<<
မတ်လနောက်ဆုံးထားပြီး ပုဂ္ဂလိက YBS ယာဉ်များအားလုံး ကုမ္ပဏီအမည်ပေါက်ပြောင်းလဲရန် YRTA ညွှန်ကြား
Monday, February 10 , 2020
မတ်လနောက်ဆုံးထားပြီး ပုဂ္ဂလိက YBS ယာဉ်များအားလုံး ကုမ္ပဏီအမည်ပေါက်ပြောင်းလဲရန် ကုမ္ပဏီများအားလုံးကို ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ သိရသည်။

စည်းကမ်းပိုင်းဆိုင်ရာ ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် ကုမ္ပဏီအမည်ပေါက်ပြောင်းလဲရခြင်း ဖြစ်သည့်အပြင် စည်းကမ်းဖောက်ဖျက်မှုအများဆုံးသည်လည်း အများပိုင်ကုမ္ပဏီမပြောင်းရသေးသည့် ယာဉ်လိုင်းများဖြစ်နေသည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။
“ သူတို့ကိုမဖြစ်မနေပြောင်းဖို့ ညွှန်ကြားထားပြီးသား။ ကုမ္ပဏီအမည်ပေါက်မပြောင်းလဲရင် ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ အစည်းအဝေးတွေ၊ ဘာတွေပြန်လုပ်ရဦးမှာ။ အရေးယူမယ့်အပိုင်းကတော့ ပြောလို့မရသေးဘူး”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ အများပိုင်ယာဉ်လိုင်းကုမ္ပဏီအဖြစ်မပြောင်းလဲရသေးသည့် YBS ယာဉ်လိုင်းများကို အများပိုင်အဖြစ်ပြောင်းလဲရန် YRTA ရှိတာဝန်ရှိသူများကို ညွှန်ကြားထားပြီး YBS ၃ နှစ် ပြည့်ပြီးနောက်ပိုင်းတွင် မြို့အင်္ဂါရပ်နှင့်မကိုက်ညီသည့် YBS ယာဉ်များကိုပြေးဆွဲခွင့်မပြုတော့ဘဲ နယ်များတွင်သာပြေးဆွဲခွင့်ပြုတော့မည်ဟု ပြောကြားထားကြောင်း သိရသည်။
လက်ရှိမြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်တွင် ၁၀၀၀ ဝန်းကျင်မှာ တစ်ဦးချင်းပိုင်ယာဉ်များဖြစ်ကြောင်း သိရသည်။
Ref-Akonthi #Myanmar_Online_News

0 comments:

Post a Comment