Wednesday, February 5, 2020

WHO မှ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အား မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများကို အမြင့်ဆုံးအဆင့် သတ်မှတ်ထားဆဲ

Image may contain: one or more people and people sitting
မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများကို WHO က ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ရှိ High အဆင့် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း ဖေဖော်ဝါ ရီ ၅ ရက် နံနက် အစောပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်အစောပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ တစ်ကမ္ဘာလုံးတွင် ဓာတ်ခွဲအတည်ပြုလူနာ ၂၈၂၆၂ ရှိပြီး ယင်းတို့အနက် လူနာ ၂၈၀၁၈ ဦးမှာ တရုတ်ပြည်မှ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြင်ပ ဟောင်ကောင်တွင် ၂၁ ဦး၊ မကာအိုတွင် ရှစ်ဦးနှင့် ထိုင်ဝမ်တွင် ၁၁ ဦးအပါအဝင် ဖြစ်ကြောင်း၊ ဓာတ်ခွဲ အတည်ပြုလူနာများအနက် ၂၇၈၈ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး လူဦးရေ ၅၆၅ ဦး သေဆုံးပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြင်ပ သေဆုံးမှုအနေဖြင့် ဟောင်ကောင်မှ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်းနှင့် တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ဖြစ်ပွားမှုရှိနေပြီး ဓာတ်ခွဲအတည်ပြုလူနာ ၁၅၉ ဦးရှိကြောင်း၊ အာဆီယံနိုင်ငံများတွင် ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်ကြောင်းနှင့် ထပ်တိုးနိုင်ငံ မရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အန္တရာယ်ရှိအဆင့် သတ်မှတ်ချက်အရ တရုတ်နိုင်ငံသည် အလွန်အန္တရာယ်ရှိ very high အဆင့်တွင်ရှိပြီး ဒေသတွင်းနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးကို အန္တရာယ်ရှိ high အဆင့် သတ်မှတ်ထားဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၄ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) တွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဆေးရုံများရှိ သီးခြားခန်းများသာမက တည်ဆောက်ပြီးစီးပြီး အသုံးပြုခြင်း မရှိသေးသော ကျန်းမာရေးဌာန အဆောက်အအုံများတွင် စောင့်ကြည့်လူနာနှင့် သံသယလူနာများ ထားရှိနိုင်ရေးအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခန်းနှင့် သီးခြားခန်းများ ပြင်ဆင်ထားရှိရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၊ ပညာရှင်များအနေဖြင့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပထမဦးစားပေး အရေးပေါ်ကိစ္စရပ်အဖြစ် ဆောင်ရွက်နေကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါဖြစ်ပွားမှုများနှင့် ပတ်သက်၍ ကောလာဟလ သတင်းတုများကို ချေဖျက်ရေး ကိစ္စကို အလေးထား ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများအား အကြံပြုထားကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အင်တာနက် စာမျက်နှာနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင် သံသယလူနာ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနအလိုက် ဖုန်းနံပါတ်များထားရှိ ထုတ်ပြန်ရန်နှင့် အဆိုပါ ဖုန်းနံပါတ်များကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ ပေးပို့ရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဒေသများနှင့် ရောဂါကူးစက် ဝင်ရောက်နိုင်ခြေရှိသော နေရာဒေသများရှိ ကျန်းမာရေးဌာနများသို့ ဆေးနှင့် ဆေးပစ္စည်းများ ပိုမိုဖြန့်ဝေပေးခြင်းသာမက နေရာဒေသအရ အချက်အခြာကျသော ကျန်းမာရေး ဌာနများတွင် ဆေးနှင့် ဆေးပစ္စည်းများ စုပုံထားရှိကာ ထပ်မံလိုအပ်သည့် နေရာများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်သွားရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဆေးရုံများရှိ သီးခြားခန်းများ သာမက တည်ဆောက်ပြီးစီးပြီး အသုံးပြုခြင်း မရှိသေးသော ကျန်းမာရေးဌာန အဆောက်အအုံများတွင် စောင့်ကြည့်လူနာနှင့် သံသယလူနာများ ထားရှိနိုင်ရေးအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခန်းနှင့် သီးခြားခန်းများ ပြင်ဆင်ထားရှိရန်၊ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံ အဆောက်အအုံ အပါအဝင်တည် ဆောက်ပြီးစီးပြီး အသုံးပြုခြင်း မရှိသေးသော တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ကျန်းမာရေး အဆောက်အဦများ စာရင်းပြုစု တင်ပြရန်နှင့် နယ်စပ် ဝင်ထွက်ပေါက်တစ်လျှောက် ရှိနေသည့် မြို့များမှ ပြည်သူများ အဆိုပါ ကျန်းမာရေး အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ နှီးနွယ်ဝန်ကြီးဌာနများ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် စသည်တို့ကို ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
>>Zawgyi<<
WHO မှ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အား မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများကို အမြင့်ဆုံးအဆင့် သတ်မှတ်ထားဆဲ
Thursday , February 6 , 2020

Ref-Eleven #Myanmar_Online_News

0 comments:

Post a Comment