Friday, February 7, 2020

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအစည်းအရုံး(MNO)မှ ဦးဆောင်ကာ သာသနာရေးဝန်ကြီး၊ ဒေါက်တာမျိုးညွန့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ ပြောကြားချက်များနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်

Image may contain: text

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး ( MNO ) မှ ဦးဆောင်ပြီး အမျိုးဘာသာ နှင့် အချုပ်အခြာအာဏာအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကန့်ကွက် ရှုတ်ချပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုး ဘာသာ သာသနာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားမှုများကို ကန့်ကွက်ရှုံ့ချသည့် အနေဖြင့် ယခုပွဲကို လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
“ အဓိကကတော့ သာဝန် ၊ ဒေါက်တာမျိုးညွန့် ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တို့ ပြောတဲ့စကားကို သဘောမကျလို့ပါပဲ ၊ သာဝန်က အမျိုးသားရေးသမားတွေကို ငါးထောင်စားလို့ ပြောတာရယ်၊ ဒေါက်တာမျိုးညွန့်က အခြေခံဥပဒေကို ဦးကိုနီအတွက် ပြင်မယ်ဆိုတာရယ် ၊ ဦးဖြိုးမင်းသိန်းက ရိုဟင်ဂျာ လို့ သုံးနုန်းသွားတာရယ်ကို မကြိုက်လို့ပါ ၊ သူတို့ပြောစကားတွေက အစွန်းရောက်လွန်းတယ် ၊ အမျိုးသားရေးသမားတွေကို စော်ကားဦးဖြိုးမင်းသိန်း အရင်က မဘသ မလိုဘူးပြောခဲ့ပြီးတော့ မဘသအဖွဲ့အစည်းကြီး ပျက်စီးခဲ့ရတယ်.၊ အခုလည်း ရိုဟင်ဂျာလို့ ပြောလိုက်တဲ့အပေါ်မှာ ကြီးစိုးသွားမှာ စိုးရိမ်လို့ပါ ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး ( MNO ) ဥက္ကဌ ဦးတင့်လွင်က ဖြေကြားသည်။
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး ၊ပုဒ်မ ၅၉ (စ) အား ကာကွယ်စောင့်ရှောက်ရေး ၊ လူမျိုးလိမ် ရိုဟင်ဂျာ မပေါ်ပေါက်ရေး ၊ အမျိုးသားရေး မတရားဖိနှိပ်မှု ချက်ချင်းရပ် ၊ လက်စားချေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့်အကြံ တို့လက်မခံ ၊ ဗုဒ္ဓသာသနာ မကာကွယ်သည့် သာသနာရေးဝန်ကြီး အလိုမရှိ ၊နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးစော်ကားနေသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ အလိုမရှိ ၊ အမျိုးသားရေး အောင်ရမည် ဟူသော ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်၍ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
" လုပ်သင့်လုပ်ထိုက်တဲ့ ပွဲပါပဲ ၊ အဲ့ဒါကြောင့်မို့ အားပေးထောက်ခံတဲ့အနေနဲ့ သွားဝန်းရံမှာပါ ၊ တိုင်းပြည် အမျိုး ဘာသာချစ်သူတိုင်းကိုလည်း အတူပါဝင်ဖို့ ဖိတ်ပါတယ် ” အမျိုးသားရေးအသင်းတစ်ခုဖြစ်သော လှိုင်လူငယ်အသင်း မှ ဦးရဲစိုးအောင်က ပြောသည်။
အမျိုးဘာသာ သာသနာနှင့် အချုပ်အခြာအာဏာကိုစိုးရိမ်ဘွယ်ရာ ထိပါးစော်ကားလာမှုများအား ကန့်ကွက်ရှုံ့ချပွဲကြီး အတွက် အသိပေး အကြောင်းကြားစာ ခွင်ပြုမိန့် တင်ပြီးဖြစ်ကြောင်းနှင့်
ဖေဖော်ဝါရီလ ၉ ရက် (တနင်္ဂနွေနေ့ )နေ့လည် ၁၂ နာရီတွင် ဗဟန်းမြို့နယ်ရေခဲ ဆိုင်မှတ်တိုင်ရှေ့မှ မဟာဗန္ဓုလပန်းခြံရှေ့သိုချီတက် ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။
No photo description available.
Image may contain: sky and outdoor
Image may contain: sky, outdoor and nature
Photo : မဟာဗန္ဓုလပန်းခြံ
Source : The Fifth Wave
>>Zawgyi<<
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး(MNO)မှ ဦးဆောင်ကာ သာသနာရေးဝန်ကြီး၊ဒေါက်တာမျိုးညွန့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ ပြောကြားချက်များနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်
Friday , February 7 , 2020

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး ( MNO ) မှ ဦးဆောင်ပြီး အမျိုးဘာသာ နှင့် အချုပ်အခြာအာဏာအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကန့်ကွက် ရှုတ်ချပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုး ဘာသာ သာသနာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားမှုများကို ကန့်ကွက်ရှုံ့ချသည့် အနေဖြင့် ယခုပွဲကို လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
“ အဓိကကတော့ သာဝန် ၊ ဒေါက်တာမျိုးညွန့် ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တို့ ပြောတဲ့စကားကို သဘောမကျလို့ပါပဲ ၊ သာဝန်က အမျိုးသားရေးသမားတွေကို ငါးထောင်စားလို့ ပြောတာရယ်၊ ဒေါက်တာမျိုးညွန့်က အခြေခံဥပဒေကို ဦးကိုနီအတွက် ပြင်မယ်ဆိုတာရယ် ၊ ဦးဖြိုးမင်းသိန်းက ရိုဟင်ဂျာ လို့ သုံးနုန်းသွားတာရယ်ကို မကြိုက်လို့ပါ ၊ သူတို့ပြောစကားတွေက အစွန်းရောက်လွန်းတယ် ၊ အမျိုးသားရေးသမားတွေကို စော်ကားဦးဖြိုးမင်းသိန်း အရင်က မဘသ မလိုဘူးပြောခဲ့ပြီးတော့ မဘသအဖွဲ့အစည်းကြီး ပျက်စီးခဲ့ရတယ်.၊ အခုလည်း ရိုဟင်ဂျာလို့ ပြောလိုက်တဲ့အပေါ်မှာ ကြီးစိုးသွားမှာ စိုးရိမ်လို့ပါ ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး ( MNO ) ဥက္ကဌ ဦးတင့်လွင်က ဖြေကြားသည်။
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး ၊ပုဒ်မ ၅၉ (စ) အား ကာကွယ်စောင့်ရှောက်ရေး ၊ လူမျိုးလိမ် ရိုဟင်ဂျာ မပေါ်ပေါက်ရေး ၊ အမျိုးသားရေး မတရားဖိနှိပ်မှု ချက်ချင်းရပ် ၊ လက်စားချေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့်အကြံ တို့လက်မခံ ၊ ဗုဒ္ဓသာသနာ မကာကွယ်သည့် သာသနာရေးဝန်ကြီး အလိုမရှိ ၊နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးစော်ကားနေသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ အလိုမရှိ ၊ အမျိုးသားရေး အောင်ရမည် ဟူသော ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်၍ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
" လုပ်သင့်လုပ်ထိုက်တဲ့ ပွဲပါပဲ ၊ အဲ့ဒါကြောင့်မို့ အားပေးထောက်ခံတဲ့အနေနဲ့ သွားဝန်းရံမှာပါ ၊ တိုင်းပြည် အမျိုး ဘာသာချစ်သူတိုင်းကိုလည်း အတူပါဝင်ဖို့ ဖိတ်ပါတယ် ” အမျိုးသားရေးအသင်းတစ်ခုဖြစ်သော လှိုင်လူငယ်အသင်း မှ ဦးရဲစိုးအောင်က ပြောသည်။
အမျိုးဘာသာ သာသနာနှင့် အချုပ်အခြာအာဏာကိုစိုးရိမ်ဘွယ်ရာ ထိပါးစော်ကားလာမှုများအား ကန့်ကွက်ရှုံ့ချပွဲကြီး အတွက် အသိပေး အကြောင်းကြားစာ ခွင်ပြုမိန့် တင်ပြီးဖြစ်ကြောင်းနှင့်
ဖေဖော်ဝါရီလ ၉ ရက် (တနင်္ဂနွေနေ့ )နေ့လည် ၁၂ နာရီတွင် ဗဟန်းမြို့နယ်ရေခဲ ဆိုင်မှတ်တိုင်ရှေ့မှ မဟာဗန္ဓုလပန်းခြံရှေ့သိုချီတက် ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo : မဟာဗန္ဓုလပန်းခြံ
Source : The Fifth Wave

0 comments:

Post a Comment