Monday, February 10, 2020

ထိုင်းတွင် mask တွေကို စျေးတင်ရောင်းချနေသူ ၄ ဦးအားဖမ်းဆီးပြီး ဒဏ်ငွေ ၁၄၀၀၀၀ ဘတ်နှင့်ထောင် ဒဏ် ၇ နှစ် ချမှတ်နိုင်

Image may contain: 2 people

ထိုင်းနိုင်ငံမှာ ရောဂါပိုးကာကွယ်ရေး mask များကို ပုံမှန်ထက်များသော စျေးနှုန်းများနဲ့ ရောင်းချနေတဲ့ လက်လီစျေးသည် ၄ ဦးကို ဖမ်းဆီးလိုက်ပြီလို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့ စျေးနှုန်းဆိုင်ရာ ဗဟိုကော်မတီမှ ပြောကြားခဲ့ပါတယ်။

ပြည်နယ် စီးပွားကူးသန်းရုံးက ဘန်ကောက်ပြင်ပ ပြည်နယ် ၇၆ ခုမှာ စျေးကွက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ယင်းလက်လီ စျေးသည် ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Boonyarit Kanlayanamit က တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
၎င်းတို့ထဲမှ ၂ ဦးမှာ ဖူးခက်ကဖြစ်ပြီး ကျန် ၂ ဦးမှာ ချွန်ဘူရီနဲ့ စူရက်သနီတို့မှ ဖြစ်ကြောင်း၊ ၎င်းတို့ကို ရဲလက်သို့ အပ်နှံခဲ့ပြီး ကုန်ပစ္စည်းများရဲ့ စျေးနှုန်းနဲ့ ဝန်ဆောင်မှု အက်ဥပဒေကို ချိုးဖောက်ခြင်းအရ တရားစွဲဆိုခဲ့ကြောင်း၊ ၎င်းတို့ဟာ ဒဏ်ငွေ ၁၄၀၀၀၀ ဘတ် ဖြစ်စေ (သို့မဟုတ်) ထောင် ဒဏ် ၇ နှစ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း Boonyarit Kanlayanamit က ပြောကြားခဲ့ပါတယ်။
ပြည်နယ်ရုံး အရာရှိများက mask ရောင်းချသူများအား ကုန်ပစ္စည်းများနဲ့ ဝန်ဆောင်မှု အက်ဥ ပဒေ စည်းမျဉ်းများကို လိုက်နာစေရန်၊ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲ စျေးနှုန်းမြင့်တက်ခြင်းနဲ့ ကုန်ပစ္စည်း ဝယ်လိုအား များလာစဉ်မှာ သိုလှောင်ထားခြင်း လုံးဝမပြုလုပ်ရန် အတွက် စည်းကမ်းနဲ့အညီ တင်းကြပ်စွာ အရေးယူနေကြောင်း၊ ကုန်စျေးနှုန်း တန်ဖိုးကို သိရအောင် စျေးဆိုင်စင်တွေပေါ်မှာ စျေးနှုန်းများ ကပ်ထားကြဖို့ ညွှန်ကြားထားကြောင်းလည်း အမြဲတမ်း အတွင်းဝန် Boonyarit Kanlayanamit က ပြောခဲ့ပါတယ်။
ဝယ်ယူသူများ အနေနဲ့ ထုတ်လုပ်သူများ၊ လက်ကားရောင်းချသူများ (သို့မဟုတ်) လက်လီရောင်း ချ သူများရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများကို ပြည်တွင်းကုန်သွယ်မှု ဆက်သွယ်ရေး ဌာနရဲ့ ဟော့လိုင်း ဖုန်းနံပါတ် ၁၅၆၉ သို့ ဆက်သွယ်တိုင်တန်းနိုင်ကြောင်း သိရပါတယ်။
Image may contain: 1 person
Source - Akonthi
<zawgyi>
ထိုင်းတွင် mask တွေကို စျေးတင်ရောင်းချနေသူ ၄ ဦးအားဖမ်းဆီးပြီး ဒဏ်ငွေ ၁၄၀၀၀၀ ဘတ်နှင့်ထောင် ဒဏ် ၇ နှစ် ချမှတ်နိုင်
Tuesday, February 11 , 2020

ထိုင်းနိုင်ငံမှာ ရောဂါပိုးကာကွယ်ရေး mask များကို ပုံမှန်ထက်များသော စျေးနှုန်းများနဲ့ ရောင်းချနေတဲ့ လက်လီစျေးသည် ၄ ဦးကို ဖမ်းဆီးလိုက်ပြီလို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့ စျေးနှုန်းဆိုင်ရာ ဗဟိုကော်မတီမှ ပြောကြားခဲ့ပါတယ်။
ပြည်နယ် စီးပွားကူးသန်းရုံးက ဘန်ကောက်ပြင်ပ ပြည်နယ် ၇၆ ခုမှာ စျေးကွက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ယင်းလက်လီ စျေးသည် ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Boonyarit Kanlayanamit က တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
၎င်းတို့ထဲမှ ၂ ဦးမှာ ဖူးခက်ကဖြစ်ပြီး ကျန် ၂ ဦးမှာ ချွန်ဘူရီနဲ့ စူရက်သနီတို့မှ ဖြစ်ကြောင်း၊ ၎င်းတို့ကို ရဲလက်သို့ အပ်နှံခဲ့ပြီး ကုန်ပစ္စည်းများရဲ့ စျေးနှုန်းနဲ့ ဝန်ဆောင်မှု အက်ဥပဒေကို ချိုးဖောက်ခြင်းအရ တရားစွဲဆိုခဲ့ကြောင်း၊ ၎င်းတို့ဟာ ဒဏ်ငွေ ၁၄၀၀၀၀ ဘတ် ဖြစ်စေ (သို့မဟုတ်) ထောင် ဒဏ် ၇ နှစ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း Boonyarit Kanlayanamit က ပြောကြားခဲ့ပါတယ်။
ပြည်နယ်ရုံး အရာရှိများက mask ရောင်းချသူများအား ကုန်ပစ္စည်းများနဲ့ ဝန်ဆောင်မှု အက်ဥ ပဒေ စည်းမျဉ်းများကို လိုက်နာစေရန်၊ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲ စျေးနှုန်းမြင့်တက်ခြင်းနဲ့ ကုန်ပစ္စည်း ဝယ်လိုအား များလာစဉ်မှာ သိုလှောင်ထားခြင်း လုံးဝမပြုလုပ်ရန် အတွက် စည်းကမ်းနဲ့အညီ တင်းကြပ်စွာ အရေးယူနေကြောင်း၊ ကုန်စျေးနှုန်း တန်ဖိုးကို သိရအောင် စျေးဆိုင်စင်တွေပေါ်မှာ စျေးနှုန်းများ ကပ်ထားကြဖို့ ညွှန်ကြားထားကြောင်းလည်း အမြဲတမ်း အတွင်းဝန် Boonyarit Kanlayanamit က ပြောခဲ့ပါတယ်။
ဝယ်ယူသူများ အနေနဲ့ ထုတ်လုပ်သူများ၊ လက်ကားရောင်းချသူများ (သို့မဟုတ်) လက်လီရောင်း ချ သူများရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများကို ပြည်တွင်းကုန်သွယ်မှု ဆက်သွယ်ရေး ဌာနရဲ့ ဟော့လိုင်း ဖုန်းနံပါတ် ၁၅၆၉ သို့ ဆက်သွယ်တိုင်တန်းနိုင်ကြောင်း သိရပါတယ်။
Source - Akonthi

0 comments:

Post a Comment