Wednesday, February 5, 2020

MAMA ခေါက်ဆွဲထုတ်များအတွင်း ဘိန်းဖြူတွေ ဝှက်သယ်လာသည့် ထိုင်ဝမ်အမျိုးသား ၂ ဦး ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးရမိ

Image may contain: one or more people
ဘိန်းဖြူ ၁၅ ကီလိုဂရမ်ကို အသင့်စား MAMA ခေါက်ဆွဲထုတ်တွေထဲ ဝှက်ထည့်ကာ မှောင်ခိုသယ်ထုတ်ဖို့လုပ်တဲ့ ထိုင်ဝမ် အမျိိုးသား ၂ ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ ဖမ်းဆီးရမိ ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
အာရှတလွှားမှာ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံထုတ် MAMA ချဉ်စပ်ခေါက်ဆွဲထုတ်တွေ အတွင်း မူးယစ်ဆေးဝါးတွေ ထည့်သွင်း သယ်ဆောင်လာတာကို ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယင်းအမျိုးသား ၂ ဦးဟာ မှုးယစ်ဆေးမှောင်ခိုသယ်ယူပြီး ထိုင်ဝမ်ကို ပြန်ဖို့ကြိုးစားနေစဉ် လေဆိပ်မှာ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တနင်္လာနေ့(ဖေဖော်ဝါရီ ၃ ရက်) မှာ ပြောဆိုပါတယ်။ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေ ထိစပ်နေပြီး ဥပဒေစိုးမိုးမှုမရှိတဲ့ နယ်စပ်ဧရိယာတစ်ခုဟာ ဟီရိုးအင်းမူးယစ်ဆေးဝါးရဲ့ အချက်အချာ နေရာတစ်ခုဖြစ်နေတာ ဆယ်စုနှစ်ချီနေပါပြီ။
ဒါပေမဲ့ မက်သာဖီတမင်း၊ ကတ်တမင်းနဲ့ ဖင်တနိုင်းစတဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှုဟာ မကြာသေးမီ နှစ်များအတွင်း ဟီရိုးအင်းထုတ်လုပ်မှုထက် ကျော်တက်ခဲ့ပါတယ်။ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးမှ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အချက်အလက်များအရ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၉ ခုနှစ်မှာ ၁၁ ရာခိုင်နူန်းထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း ဒေသတွင်း ဟီရိုးအင်း အသုံးပြုသူ ၃ သန်းခန့် ရှိနေသေးကာ စျေးကွက်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံဖိုးလောက်ရှိနေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ပြောခဲ့ပါတယ်။
Image may contain: food

>>Zawgyi<<
MAMA ခေါက်ဆွဲထုတ်များအတွင်း ဘိန်းဖြူတွေ ဝှက်သယ်လာသည့် ထိုင်ဝမ်အမျိုးသား ၂ ဦး ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးရမိ
Thursday , February 6 , 2020
ဘိန်းဖြူ ၁၅ ကီလိုဂရမ်ကို အသင့်စား MAMA ခေါက်ဆွဲထုတ်တွေထဲ ဝှက်ထည့်ကာ မှောင်ခို သယ်ထုတ်ဖို့လုပ်တဲ့ ထိုင်ဝမ် အမျိုးသား ၂ ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ ဖမ်းဆီးရမိ ခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
အာရှတလွှားမှာ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံထုတ် MAMA ချဉ်စပ်ခေါက်ဆွဲထုတ်တွေ အတွင်း မူးယစ်ဆေးဝါးတွေ ထည့်သွင်း သယ်ဆောင်လာတာကို ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယင်းအမျိုးသား ၂ ဦးဟာ မှုးယစ်ဆေးမှောင်ခိုသယ်ယူပြီး ထိုင်ဝမ်ကို ပြန်ဖို့ကြိုးစားနေစဉ် လေဆိပ်မှာ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တနင်္လာနေ့(ဖေဖော်ဝါရီ ၃ ရက်) မှာ ပြောဆိုပါတယ်။ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေ ထိစပ်နေပြီး ဥပဒေစိုးမိုးမှုမရှိတဲ့ နယ်စပ်ဧရိယာတစ်ခုဟာ ဟီရိုးအင်းမူးယစ်ဆေးဝါးရဲ့ အချက်အချာ နေရာတစ်ခုဖြစ်နေတာ ဆယ်စုနှစ်ချီနေပါပြီ။
ဒါပေမဲ့ မက်သာဖီတမင်း၊ ကတ်တမင်းနဲ့ ဖင်တနိုင်းစတဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှုဟာ မကြာသေးမီ နှစ်များအတွင်း ဟီရိုးအင်းထုတ်လုပ်မှုထက် ကျော်တက်ခဲ့ပါတယ်။ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးမှ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အချက်အလက်များအရ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၉ ခုနှစ်မှာ ၁၁ ရာခိုင်နူန်းထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း ဒေသတွင်း ဟီရိုးအင်း အသုံးပြုသူ ၃ သန်းခန့် ရှိနေသေးကာ စျေးကွက်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံဖိုးလောက်ရှိနေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ပြောခဲ့ပါတယ်။

Ref : CNA #Myanmar_Online_News

0 comments:

Post a Comment