Thursday, February 13, 2020

တပ်မတော်နှင့် KNU ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ ဆွေးနွေးရန် တပ်မတော်ထံ KNU အဆိုပြု

Image may contain: 3 people, people sitting and indoor
တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၉ရက်တွင် ကျင်းပရန် အဆိုပြုထားကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

တပ်မတော်နှင့် KNU တို့၏ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲကို ဇန်နဝါရီလကုန်ပိုင်းက ကျင်းပရန် ချိန်းဆိုခဲ့သော်လည်း တပ်မတော် ၏ လေးလပတ်အစည်းအဝေး ကျင်းပမှုများကြောင့် ဆွေးနွေးပွဲ ကို ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။
‘‘အဓိက ဆွေးနွေးရမှာနှစ် ချက်ပေါ့။ အပစ်ရပ်စဲရေးခိုင်မာအောင် ဆောင်ရွက်ရမယ့်ကိစ္စဖြစ် တဲ့ NCA အခန်း(၃)၊ အခန်း(၄)၊ အခန်း(၆)ကိစ္စ အဲဒါတစ်ချက်။ နောက်တစ်ချက်က အခုလတ်တ လောတပ်မဟာ(၃)၊ တပ်မဟာ (၅) ဘက်မှာဖြစ်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲကိစ္စကို ဆွေးနွေးသွား မှာဖြစ်ပါတယ်’’ ဟု ပဒိုစောကွယ် ထူးဝင်းက ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦး ဆောင်သည့် တပ်မတော်ညှိနှိုင်း ရေးအဖွဲ့နှင့် ဖေဖော်ဝါရီ ၁၉ရက် တွင် တွေ့ဆုံရန် အဆိုပြုချက် အပေါ် တပ်မတော်ဘက်က အ ကြောင်းပြန်ကြားချက် မရသေး ကြောင်း ၎င်းကဆိုသည်။
ဇန်နဝါရီအတွင်းက တပ်မ တော်နှင့် KNU လက်အောက်ခံ တပ်မဟာအချို့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း လမ်းဖောက် လုပ်မှုတွင် လုံခြုံရေးလိုက်ပါနေ သည့် တပ်မတော်စစ်ကြောင်းကို ဇန်နဝါရီ ၂၇ ရက်တွင် KNUတပ်မဟာ(၅)က မိုင်းဖြင့်တိုက်ခိုက်၍ တပ်ရင်းမှူးတစ်ဦးကျဆုံးကြောင်း တပ်မတော်က ထုတ်ပြန်သည်။
ယင်းကိစ္စနှင်ပတ်သက်ပြီး တပ်မတော်အား စစ်ဆင်ရေးသဘောဆန်သည့် ဆောင်ရွက်ချက် များမလုပ်ရန်နှင့် သတ်မှတ်ခွင့်ပြု ထားသည့် ဒေသအတွင်း တပ်မ တော်ဘက်က လွတ်လပ်စွာသွား လာနိုင်ရေးအတွက် အောက်ခြေ တပ်မှူးများကို ခေါ်ယူဆွေးနွေး ညွှန်ကြားထားသည်ဟု KNU ဒုဥက္ကဋ္ဌက ပြောသည်။
ထိုသို့ ပဋိပက္ခအချို့ရှိခဲ့ သော်လည်း တပ်မတော်နှင့် KNU အကြား ပြုလုပ်နေသည့် တပ်ပိုင်း ဆိုင်ရာဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း နှစ်ဖက် တာဝန်ရှိသူများကပြောသည်။ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရန် KNU ၏ အဆိုပြုချက် နှင့်ပတ်သက်ပြီး တပ်မတော်ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော် မင်းထွန်းထံ ဖေဖော်ဝါရီ ၁၂ရက် က မေးမြန်းရာ ၎င်းအနေဖြင့် မသိ သေးဟုပြောသည်။
KNU သည် တပ်မတော်နှင့် အဆင်ပြေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ် ခုဖြစ်ကြောင်းနှင့် KNU တပ်မဟာ များအနက် တပ်မဟာ(၅)နှင့်သာ ပဋိပက္ခဖြစ်နေခြင်းကို အားလုံးသ တိပြုမိမည်ဖြစ်ကြောင်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကပြောသည်။
>>Zawgyi<<
တပ်မတော်နှင့် KNU ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ ဆွေးနွေးရန် တပ်မတော်ထံ KNU အဆိုပြု
Friday , February 14 , 2020
တပ်မတော်နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) တို့အကြား တပ်ပိုင်းဆိုင်ရာဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၁၉ရက်တွင် ကျင်းပရန် အဆိုပြုထားကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်းက ပြောကြားသည်။

တပ်မတော်နှင့် KNU တို့၏ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲကို ဇန်နဝါရီလကုန်ပိုင်းက ကျင်းပရန် ချိန်းဆိုခဲ့သော်လည်း တပ်မတော် ၏ လေးလပတ်အစည်းအဝေး ကျင်းပမှုများကြောင့် ဆွေးနွေးပွဲ ကို ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။
‘‘အဓိက ဆွေးနွေးရမှာနှစ် ချက်ပေါ့။ အပစ်ရပ်စဲရေးခိုင်မာအောင် ဆောင်ရွက်ရမယ့်ကိစ္စဖြစ် တဲ့ NCA အခန်း(၃)၊ အခန်း(၄)၊ အခန်း(၆)ကိစ္စ အဲဒါတစ်ချက်။ နောက်တစ်ချက်က အခုလတ်တ လောတပ်မဟာ(၃)၊ တပ်မဟာ (၅) ဘက်မှာဖြစ်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲကိစ္စကို ဆွေးနွေးသွား မှာဖြစ်ပါတယ်’’ ဟု ပဒိုစောကွယ် ထူးဝင်းက ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦး ဆောင်သည့် တပ်မတော်ညှိနှိုင်း ရေးအဖွဲ့နှင့် ဖေဖော်ဝါရီ ၁၉ရက် တွင် တွေ့ဆုံရန် အဆိုပြုချက် အပေါ် တပ်မတော်ဘက်က အ ကြောင်းပြန်ကြားချက် မရသေး ကြောင်း ၎င်းကဆိုသည်။
ဇန်နဝါရီအတွင်းက တပ်မ တော်နှင့် KNU လက်အောက်ခံ တပ်မဟာအချို့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း လမ်းဖောက် လုပ်မှုတွင် လုံခြုံရေးလိုက်ပါနေ သည့် တပ်မတော်စစ်ကြောင်းကို ဇန်နဝါရီ ၂၇ ရက်တွင် KNUတပ်မဟာ(၅)က မိုင်းဖြင့်တိုက်ခိုက်၍ တပ်ရင်းမှူးတစ်ဦးကျဆုံးကြောင်း တပ်မတော်က ထုတ်ပြန်သည်။
ယင်းကိစ္စနှင်ပတ်သက်ပြီး တပ်မတော်အား စစ်ဆင်ရေးသဘောဆန်သည့် ဆောင်ရွက်ချက် များမလုပ်ရန်နှင့် သတ်မှတ်ခွင့်ပြု ထားသည့် ဒေသအတွင်း တပ်မ တော်ဘက်က လွတ်လပ်စွာသွား လာနိုင်ရေးအတွက် အောက်ခြေ တပ်မှူးများကို ခေါ်ယူဆွေးနွေး ညွှန်ကြားထားသည်ဟု KNU ဒုဥက္ကဋ္ဌက ပြောသည်။
ထိုသို့ ပဋိပက္ခအချို့ရှိခဲ့ သော်လည်း တပ်မတော်နှင့် KNU အကြား ပြုလုပ်နေသည့် တပ်ပိုင်း ဆိုင်ရာဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း နှစ်ဖက် တာဝန်ရှိသူများကပြောသည်။ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရန် KNU ၏ အဆိုပြုချက် နှင့်ပတ်သက်ပြီး တပ်မတော်ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော် မင်းထွန်းထံ ဖေဖော်ဝါရီ ၁၂ရက် က မေးမြန်းရာ ၎င်းအနေဖြင့် မသိ သေးဟုပြောသည်။
KNU သည် တပ်မတော်နှင့် အဆင်ပြေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ် ခုဖြစ်ကြောင်းနှင့် KNU တပ်မဟာ များအနက် တပ်မဟာ(၅)နှင့်သာ ပဋိပက္ခဖြစ်နေခြင်းကို အားလုံးသ တိပြုမိမည်ဖြစ်ကြောင်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကပြောသည်။
Ref- 7day #Myanmar_Online_News

0 comments:

Post a Comment