Thursday, February 6, 2020

ကျိုက်ထိုမြို့နယ်KBZ ဘဏ်တွင်စုဆောင်းထားသောငွေများကို ပိုင်ရှင်မသိဘဲ KBZ pay ဖြင့် လူတစ်စုမှ ခိုးထုတ်မှုဖြစ်ပွား

No photo description available.

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာမှ ဦးတင်ဦးဆိုသူက ကျေးရွာလမ်းခင်းရန်နှင် ဘုန်းကြီးကျောင်းတည်ဆောက်ရန်အတွက် ကိုယ်ပိုင်ငွေများကိုကမ္ဘောဇဘဏ်တွေ စုဆောင်းထားရှိရာ မသမာသူလူတစ်စုက KBZ pay အကောင့်များဖြင့်ချိတ်ဆက်ခိုးယူမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါငွေစုဆောင်းသူသည် ကျိုက်ထိုမြို့KBZဘဏ်ခွဲတွင်ငွေစုဆောင်းထားပြီး ငွေထုတ်ယူရန်သွားသောအခါ ဘဏ်တာဝန်ရှိသူက၎င်း၏စုဆောင်းငွေများမရှိတော့ဘဲ KBZ payဖြင့်အကြိမ်ကြိမ်ထုတ်ယူသွားပြီဖြစ်ကြောင်းပြောခဲ့သည်။အဆိုပါဖြစ်စဉ်အရငွေစုဆောင်းသူမှာ ၎င်း၏စုဆောင်းငွေကိုKBZpayဖြင့်ချိတ်ဆက်ထားခြင်းမရှိသလို တစ်ကြိမ်မျှငွေထုတ်ယူခြင်းမရှိသည့်အတွက် ခိုးထုတ်သွားသူများကို ကျိုက်ထိုရဲစခန်းတွင်အမှုဖွင့်လှစ်ထားကြောင်းသိရသည်။
ထို့အပြင်အဆိုပါငွေများကိုမသမာသောနည်းဖြင့်ထုတ်ယူမှုကိုလည်းဖြေရှင်းပေးရန် ကမ္ဘောဇဘဏ်ဥက္ကဌထံသို့အသနားခံစာတင်ပြထားကြောင်းသိရသည်။
Ref : Speaker #Myanmar_Online_News
>>Zawgyi<<
ကျိုက်ထိုမြို့နယ်KBZ ဘဏ်တွင်စုဆောင်းထားသောငွေများကို ပိုင်ရှင်မသိဘဲ KBZ pay ဖြင့် လူတစ်စုမှ ခိုးထုတ်မှုဖြစ်ပွား
Friday , February 7 , 2020

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာမှ ဦးတင်ဦးဆိုသူက ကျေးရွာလမ်းခင်းရန်နှင် ဘုန်းကြီးကျောင်းတည်ဆောက်ရန်အတွက် ကိုယ်ပိုင်ငွေများကိုကမ္ဘောဇဘဏ်တွေ စုဆောင်းထားရှိရာ မသမာသူလူတစ်စုက KBZ pay အကောင့်များဖြင့်ချိတ်ဆက်ခိုးယူမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါငွေစုဆောင်းသူသည် ကျိုက်ထိုမြို့KBZဘဏ်ခွဲတွင်ငွေစုဆောင်းထားပြီး ငွေထုတ်ယူရန်သွားသောအခါ ဘဏ်တာဝန်ရှိသူက၎င်း၏စုဆောင်းငွေများမရှိတော့ဘဲ KBZ payဖြင့်အကြိမ်ကြိမ်ထုတ်ယူသွားပြီဖြစ်ကြောင်းပြောခဲ့သည်။အဆိုပါဖြစ်စဉ်အရငွေစုဆောင်းသူမှာ ၎င်း၏စုဆောင်းငွေကိုKBZpayဖြင့်ချိတ်ဆက်ထားခြင်းမရှိသလို တစ်ကြိမ်မျှငွေထုတ်ယူခြင်းမရှိသည့်အတွက် ခိုးထုတ်သွားသူများကို ကျိုက်ထိုရဲစခန်းတွင်အမှုဖွင့်လှစ်ထားကြောင်းသိရသည်။
ထို့အပြင်အဆိုပါငွေများကိုမသမာသောနည်းဖြင့်ထုတ်ယူမှုကိုလည်းဖြေရှင်းပေးရန် ကမ္ဘောဇဘဏ်ဥက္ကဌထံသို့အသနားခံစာတင်ပြထားကြောင်းသိရသည်။
Ref : Speaker #Myanmar_Online_News

0 comments:

Post a Comment