Friday, February 7, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဘားအံမြို့နယ် ၊ မိုးကောင်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ICE များ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: 1 person, sitting

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ငွေကျပ် ၃၁၂၀ သိန်းတန်ဖိုးရှိ ICE များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ၁၆၅၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်မှတဆင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ပို့ဆောင်မည့် စက္ကူပုံးများအားစစ်ဆေးရာ အဆိုပါစက္ကူပုံးအတွင်းရှိ အမျိုးသမီးလက်ကိုင်အိတ်များအတွင်းမှ ICE အလေးချိန် ၃.၉ ကီလို(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၃၁၂၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စုံစမ်းဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ၁၃၅၀ အချိန်တွင် ပူးပေါင်းအဖွဲ့မှ ကမာရွတ်မြို့နယ်၊ ရပ်ကွက်(၁)ရှိ ---- မိုတယ်တွင် ထိုင်းနိုင်ငံသူ Ms. Bulan Pantong ၃၆ နှစ်အား ဖမ်းဆီးရမိခဲ့သဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဘားအံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဘားအံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ၁၉၁၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ ဘားအံ-ထုံးအိုင်သွားကားလမ်း ပေါ်တွင် ဘားအံမြို့ဘက်မှ ထုံးအိုင်ကျေးရွာဘက်သို့ ဘားအံမြို့နယ်၊ ဖားလင်ကျေးရွာနေ စောညာသက်ဝင်း ၄၆ နှစ် စီးနင်းမာင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇၀ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၈၉.၁ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထုံးအိုင်နယ်မြေရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုးကောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မိုးကောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ၁၆၄၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးကောင်းမြို့နယ်၊ ပင်းဘောနယ်မြေဒေသ၊ မီးလောင်ကုန်းတောင်ခြေနေ ညိုဦး(ခ)ညိုတုတ် ၄၃ နှစ် နေထိုင်သည့်တောင်ယာတဲအား ဝင်ရောက်ရှာဖွေရာ ၎င်းအား တဲအတွင်းတွေ့ရှိပြီး ၎င်းအိပ်သည့်ဖျာပေါ်မှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၅၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၀ သိန်း)၊ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၆၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၈ သိန်း)၊မြန်မာငွေကျပ် ၂.၂ သိန်းနှင့် တူမီး သေနတ် ၃ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပင်းဘောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
Image may contain: 1 person, sitting
Image may contain: 1 person
Source : CCDAC Myanmar #Myanmar_Online_News
>>Zawgyi<<
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဘားအံမြို့နယ် ၊ မိုးကောင်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ICE များ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Friday , February 7 , 2020

0 comments:

Post a Comment