Wednesday, February 12, 2020

မြန်မာနဲ့ ဗီယက်နမ်နိုင်ငံမှ Facebook account ၁၃ ခု Facebookမှပိတ်သိမ်း

Image may contain: one or more people
လူမှုကွန်ရက်တွေမှာ မရိုးသားတဲ့ လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့က အကောင့်တွေကို ပိတ်လိုက်ကြောင်း Facebook က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းက အွန်လိုင်းသုံးသူတွေကို ပစ်မှတ်ထားပြီး မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အခြေစိုက်ထားတဲ့ အကောင့်အတုတွေကနေ ကြိုးပမ်းခဲ့ကြောင်းလည်း ဗုဒ္ဓဟူးနေ့က Facebook ရဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ Nathaniel Gleicher က ထုတ်ပြန်တဲ့ ကြေညချက်မှာ ဖော်ပြထားတာပါ။ ဖော်ထုတ်တွေ့ရှိတဲ့ အကောင့်တွေဟာ သူတို့ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိအောင် ဖုံးကွယ်လှည့်စားထားတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
စည်းကမ်းချိုးဖောက်ခဲ့တဲ့ အတွက် မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက Facebook account ၁၃ ခုနဲ့ စာမျက်နှာ ၁၀ ခုကို ဖယ်ရှားလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ ဘယ်သူဘယ်ဝါမှန်း မသိရသူတွေက အကောင့်အတုတွေသုံးပြီး Facebook စာမျက်နှာတွေမှာ သီးခြားလွတ်လပ်တဲ့ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းအဖြစ် ဖန်တီးထားခဲ့ကြောင်းနဲ့ တခြားလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဝေဖန်တိုက်ခိုက်တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
နောက်ကွယ်က ကြိုးကိုင်နေသူတွေဟာ ဘယ်သူဆိုတာ မသိအောင် ဖုံးကွယ်ထားပေမဲ့လည်း Facebook က စုံစမ်းဖော်ထုတ်ရာမှာ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေဖြစ်တဲ့ မြန်မာနိုင်ငံက Mytel နဲ့ ဗီယက်နမ်နိုင်ငံက Viettel အပြင်၊ ဗီယက်နမ် ကြော်ငြာလုပ်ငန်း Gapit Communications တို့ ပတ်သက်နေတာ တွေ့ရကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားတာပါ။
Facebook ရဲ့ ထုတ်ပြန်ချက်မှာပဲ မြန်မာနိုင်ငံက ဖယ်ရှားလိုက်တဲ့ စာမျက်နှာတချို့ကို Screen shot ကူးယူထားတဲ့ ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ အလားတူ ရုရှားနိုင်ငံမှာ အခြေစိုက်ပြီး ယူကရိန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ငံရေး၊ လူမျိုးရေး ပြဿနာတွေမှာ ကြားဝင်စွက်ဖက်တာ ပစ်မှတ်ထားခဲ့တာ၊ အီရန်နိုင်ငံမှာ အခြေစိုက်ပြီး အမေရိကန်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တဲ့ အကောင့်တွေကိုလည်း Facebook က ဖယ်ရှားခဲ့ပါတယ်။
No photo description available.
>>Zawgyi<<
မြန်မာနဲ့ ဗီယက်နမ်နိုင်ငံမှ Facebook account ၁၃ ခု Facebookမှပိတ်သိမ်း
Thursday , February 13 , 2020
လူမှုကွန်ရက်တွေမှာ မရိုးသားတဲ့ လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့က အကောင့်တွေကို ပိတ်လိုက်ကြောင်း Facebook က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းက အွန်လိုင်းသုံးသူတွေကို ပစ်မှတ်ထားပြီး မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အခြေစိုက်ထားတဲ့ အကောင့်အတုတွေကနေ ကြိုးပမ်းခဲ့ကြောင်းလည်း ဗုဒ္ဓဟူးနေ့က Facebook ရဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ Nathaniel Gleicher က ထုတ်ပြန်တဲ့ ကြေညချက်မှာ ဖော်ပြထားတာပါ။ ဖော်ထုတ်တွေ့ရှိတဲ့ အကောင့်တွေဟာ သူတို့ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိအောင် ဖုံးကွယ်လှည့်စားထားတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
စည်းကမ်းချိုးဖောက်ခဲ့တဲ့ အတွက် မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက Facebook account ၁၃ ခုနဲ့ စာမျက်နှာ ၁၀ ခုကို ဖယ်ရှားလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ ဘယ်သူဘယ်ဝါမှန်း မသိရသူတွေက အကောင့်အတုတွေသုံးပြီး Facebook စာမျက်နှာတွေမှာ သီးခြားလွတ်လပ်တဲ့ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းအဖြစ် ဖန်တီးထားခဲ့ကြောင်းနဲ့ တခြားလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဝေဖန်တိုက်ခိုက်တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
နောက်ကွယ်က ကြိုးကိုင်နေသူတွေဟာ ဘယ်သူဆိုတာ မသိအောင် ဖုံးကွယ်ထားပေမဲ့လည်း Facebook က စုံစမ်းဖော်ထုတ်ရာမှာ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေဖြစ်တဲ့ မြန်မာနိုင်ငံက Mytel နဲ့ ဗီယက်နမ်နိုင်ငံက Viettel အပြင်၊ ဗီယက်နမ် ကြော်ငြာလုပ်ငန်း Gapit Communications တို့ ပတ်သက်နေတာ တွေ့ရကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားတာပါ။
Facebook ရဲ့ ထုတ်ပြန်ချက်မှာပဲ မြန်မာနိုင်ငံက ဖယ်ရှားလိုက်တဲ့ စာမျက်နှာတချို့ကို Screen shot ကူးယူထားတဲ့ ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ အလားတူ ရုရှားနိုင်ငံမှာ အခြေစိုက်ပြီး ယူကရိန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ငံရေး၊ လူမျိုးရေး ပြဿနာတွေမှာ ကြားဝင်စွက်ဖက်တာ ပစ်မှတ်ထားခဲ့တာ၊ အီရန်နိုင်ငံမှာ အခြေစိုက်ပြီး အမေရိကန်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တဲ့ အကောင့်တွေကိုလည်း Facebook က ဖယ်ရှားခဲ့ပါတယ်။
Ref-VOA #Myanmar_Online_News

0 comments:

Post a Comment