Thursday, February 6, 2020

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယသမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများပြပွဲအခမ်းအနား ( DefExpo India-2020) တက်ရောက်၊ အိန္ဒိယလေတပ်ဦးစီးချုပ်၊ အိန္ဒိယကြည်းတပ်ဦးစီးချုပ်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ဟုဆို

Image may contain: 2 people, people standing
အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် (၁၁)ကြိမ် မြောက်ကာကွယ်ရေးပစ္စည်းများပြပွဲအခမ်းအနား ( DefExpo India-2020) ပြုလုပ်သည့် Inaugural Hangar ၊ Expo Venue သို့ ရောက်ရှိခဲ့ပြီး ပြပွဲဧရိယာအတွင်းရှိ India Pavilion & UP Pavilion တွင် ခင်းကျင်းပြသထားသည့် ကာကွယ် ရေးစစ်လက်နက်ပစ္စည်းများအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထိုနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် DefExpo India-2020 ဧရိယာရှိ အိန္ဒိယလေတပ်၏ ယာယီဧည့်ခန်းဆောင်၌ အိန္ဒိယလေတပ်ဦးစီးချုပ် Air Chief Marshal Rakesh Kumar Singh Bhadauria နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် DefExpo India-2020 ဧရိယာရှိ အိန္ဒိယကြည်းတပ်၏ ဧည့်ခန်းဆောင် အစည်းအဝေးခန်း၌ အိန္ဒိယကြည်း တပ်ဦးစီးချုပ် General Manoj Mukund Naravananeနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။
Image may contain: 2 people, indoor
Image may contain: 3 people, people sitting and indoor
Image may contain: sky and outdoor
>>Zawgyi<<
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယသမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများပြပွဲအခမ်းအနား ( DefExpo India-2020) တက်ရောက်၊ အိန္ဒိယလေတပ်ဦးစီးချုပ်၊ အိန္ဒိယကြည်းတပ်ဦးစီးချုပ်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ဟုဆို
Friday , February 7 , 2020
အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် (၁၁)ကြိမ် မြောက်ကာကွယ်ရေးပစ္စည်းများပြပွဲအခမ်းအနား ( DefExpo India-2020) ပြုလုပ်သည့် Inaugural Hangar ၊ Expo Venue သို့ ရောက်ရှိခဲ့ပြီး ပြပွဲဧရိယာ အတွင်းရှိ India Pavilion & UP Pavilion တွင် ခင်းကျင်းပြသထားသည့် ကာကွယ် ရေးစစ်လက်နက်ပစ္စည်းများအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထိုနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် DefExpo India-2020 ဧရိယာရှိ အိန္ဒိယလေတပ်၏ ယာယီဧည့်ခန်းဆောင်၌ အိန္ဒိယလေတပ်ဦးစီးချုပ် Air Chief Marshal Rakesh Kumar Singh Bhadauria နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် DefExpo India-2020 ဧရိယာရှိ အိန္ဒိယကြည်းတပ်၏ ဧည့်ခန်းဆောင် အစည်းအဝေးခန်း၌ အိန္ဒိယကြည်း တပ်ဦးစီးချုပ် General Manoj Mukund Naravananeနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment