Thursday, February 13, 2020

ဗီယက်နမ်နိုင်ငံတွင် လူပေါင်း ၁၀,၀၀၀ ကျော်ကို ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှာ စိုးရိမ်တဲ့အတွက် သီးသန့်ခွဲထုတ်ထားရှိ

Image may contain: one or more people, car and outdoor

ဗီယက်နမ်နိုင်ငံ ဟန္နိုင်းမြို့ကနေ ၂၅ မိုင်အကွာရှိ ဆန်လွိုင်းဒေသခံတွေကို အဲဒီဒေသမှာဘဲ သီးသန့်နေထိုင်ရန် ပိတ်ထားလိုက်ကြောင်း သိရပါတယ်။ အဲဒီဒေသမှာ ကိုဗစ်19(COVID-19) ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆ ဦး မြောက် ကို ဒီနေ့(ကြာသပတေးနေ့) မှာ တွေ့ရှိပြီးနောက် အခုလို တာဝန်ရှိသူတွေက တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ “ဖေဖော်ဝါရီ၁၃၊၂၀၂၀ ခုနှစ်မှစပြီး ဆန်လွိုင်းဒေသခံတွေဟာ သီးသန့်ခွဲနေရာမယ်။ အချိန်က ရက်ပေါင်း ၂၀ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။
ဆန်လွိုင်းဒေသမှာ မူလက ကိုဗစ်19(COVID-19)ပိုး ကူးစက်ခံရသူ ၅ ဦးရှိရာကနေ ကြာသပတေးနေ့မှာ နောက်ထပ် ၁ ဦး တွေ့ရှိကြောင်း သိရပါတယ်။ အဲဒီဒေသတစ်ဝိုက်မှာ စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ရေးဝတ်စုံတွေ ဝတ်ဆင်ထားသလို မော်တော်ကားတွေကို စစ်ဆေးပြီး ပိုးသတ်ဆေးနဲ့ ဖျန်းပေး ခြင်းမျိုးပါလုပ်ဆောင်ကြတာကို တွေ့ရပါတယ်။
ဆန်လွိုင်းဒေသဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ဒေသပြီး အဲဒီဒေသမှာ ကျေးရွာငယ်လေးတွေ များစွာပါရှိကြောင်း သိရပါတယ်။
ဗီယက်နမ်နိုင်ငံက ကိုဗစ်19(COVID-19)ပိုး ပျံ့နှံ့မှုကို တားမြစ်နိုင်ရန် တရုတ်နိုင်ငံကနေ လာရောက်မယ့် လေယာဉ်တွေကို တားမြစ်ထားသလို တရုတ်နိုင်ငံသားများအား လည်ပတ်ဗီဇာကိုလည်း ယာယီရပ်ဆိုင်းထား တာ သီတင်းနှစ်ပတ်ကျော်ပြီ ဖြစ်ပါတယ်။
Image may contain: one or more people and outdoor
Image may contain: 1 person, child and outdoor
Image may contain: 1 person, sitting, motorcycle, beard and outdoor
Image may contain: 1 person
Source- AFP #Myanmar_Online_News
>>Zawgyi<<
ဗီယက်နမ်နိုင်ငံတွင် လူပေါင်း ၁၀,၀၀၀ ကျော်ကို ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှာ စိုးရိမ်တဲ့အတွက် သီးသန့်ခွဲထုတ်ထားရှိ
Thursday , February 13 , 2020

ဗီယက်နမ်နိုင်ငံ ဟန္နိုင်းမြို့ကနေ ၂၅ မိုင်အကွာရှိ ဆန်လွိုင်းဒေသခံတွေကို အဲဒီဒေသမှာဘဲ သီးသန့်နေထိုင်ရန် ပိတ်ထားလိုက်ကြောင်း သိရပါတယ်။ အဲဒီဒေသမှာ ကိုဗစ်19(COVID-19) ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆ ဦး မြောက် ကို ဒီနေ့(ကြာသပတေးနေ့) မှာ တွေ့ရှိပြီးနောက် အခုလို တာဝန်ရှိသူတွေက တားမြစ်လိုက်တာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ “ဖေဖော်ဝါရီ၁၃၊၂၀၂၀ ခုနှစ်မှစပြီး ဆန်လွိုင်းဒေသခံတွေဟာ သီးသန့်ခွဲနေရာမယ်။ အချိန်က ရက်ပေါင်း ၂၀ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။
ဆန်လွိုင်းဒေသမှာ မူလက ကိုဗစ်19(COVID-19)ပိုး ကူးစက်ခံရသူ ၅ ဦးရှိရာကနေ ကြာသပတေးနေ့မှာ နောက်ထပ် ၁ ဦး တွေ့ရှိကြောင်း သိရပါတယ်။ အဲဒီဒေသတစ်ဝိုက်မှာ စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ရေးဝတ်စုံတွေ ဝတ်ဆင်ထားသလို မော်တော်ကားတွေကို စစ်ဆေးပြီး ပိုးသတ်ဆေးနဲ့ ဖျန်းပေး ခြင်းမျိုးပါလုပ်ဆောင်ကြတာကို တွေ့ရပါတယ်။
ဆန်လွိုင်းဒေသဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ဒေသပြီး အဲဒီဒေသမှာ ကျေးရွာငယ်လေးတွေ များစွာပါရှိကြောင်း သိရပါတယ်။
ဗီယက်နမ်နိုင်ငံက ကိုဗစ်19(COVID-19)ပိုး ပျံ့နှံ့မှုကို တားမြစ်နိုင်ရန် တရုတ်နိုင်ငံကနေ လာရောက်မယ့် လေယာဉ်တွေကို တားမြစ်ထားသလို တရုတ်နိုင်ငံသားများအား လည်ပတ်ဗီဇာကိုလည်း ယာယီရပ်ဆိုင်းထား တာ သီတင်းနှစ်ပတ်ကျော်ပြီ ဖြစ်ပါတယ်။
Source- AFP #Myanmar_Online_News

0 comments:

Post a Comment