Wednesday, February 12, 2020

ပုဂံဘုရားတွင် ရိုက်ကူးခဲ့သည့် ညစ်ညမ်းဗီဒီယိုဖိုင်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မှု များပြားနေ


Image may contain: outdoor

ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေရှိ ပုဂံဘုရားအမှတ် (၁၅၅၄) တွင် နိုင်ငံခြားသားစုံတွဲ ရိုက်ကူး သွားသည့် ညစ်ညမ်းဗီဒီယိုဖိုင်ကို Yees Yees Yees အမည်ရှိ အကောင့်ပိုင်ရှင်က Pornhub.com နှင့် Modelbub.com တွင် တင်ဆက်ရောင်းချခဲ့ကြောင်း တွေ့ရှိရသည်။

ညစ်ညမ်းဗီဒီယိုဖိုင်ကို တင် ဆက်သူက Huge Cusmshot Outdoor around temples ဟု ခေါင်းစဉ်ပေးခဲ့သည်။ ညစ်ညမ်း ဗီဒီရိုက်ကူးသူသည် ပုဂံဘုရားအ မှတ် (၁၅၅၄)ကို ပေါ်လွင်အောင် ရိုက်ကူးခဲ့သည့်အပြင် ပတ်ဝန်း ကျင်ရှိ လွင်ပြင်မြက်ခင်းများကို လည်း ရိုက်ကူးဖော်ပြခဲ့သည်။

အဆိုပါဗီဒီယိုဖိုင်ကို လွန်ခဲ့ သည့်နှစ်လက တင်ဆက်ခြင်းဖြစ် ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့နေ သည့် ဗီဒီယိုဖိုင်ကို ယမန်နေ့ညနေ အထိ Pornhub.com ၌ လူဦးရေ တစ်သိန်းကျော် (၁၇၂,၀၃၁ ဦး) ဝင်ရောက်ကြည့်ရှုပြီးဖြစ်သည်။

အချိန် ၁၂ မိနစ်ကျော် ကြာ မြင့်သည့် ဗီဒီယိုဖိုင်ကို ရုပ်သံအကြည်အနေဖြင့် အစအဆုံး Download ပြုလုပ်လိုပါက ၉ ဒသမ ၉၉ ဒေါ်လာ ကျသင့်မည် ဟု ဖော်ပြထားသည်။

ညစ်ညမ်းဗီဒီဖိုင်ကို တင် ဆက်ခဲ့သည့် Yeees Yeees Yeees သည် Pornhub.com ကို လွန်ခဲ့သည့် ၁၁ လက ချိတ်ဆက် ခြင်းဖြစ်ပြီး ၎င်း၏ပရိုဖိုင်တွင် အီတလီနိုင်ငံသား အသက် (၂၃) နှစ်ဟု ဖော်ပြထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံ) ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးအောင် ကျော်ကျော်က ‘‘ဒီမှာရှိနေတယ် ဆိုရင် ချက်ချင်းအရေးယူလို့ရ တယ်။ ဒီမှာမဟုတ်တော့ရင် ဘယ်လိုအရေးယူမလဲ’’ဟု ပြော သည်။

သို့သော် အဆိုပါညစ်ညမ်း ဗီဒီယို ရိုက်ကူးတင်ဆက်သူကို အရေးယူနိုင်မည့် နည်းလမ်းများ ဆက်လက်ရှာဖွေမည်ဟု ၎င်းက ပြောသည်။ အဆိုပါဗီဒီယိုဖိုင် သည် လက်ရှိအချိန်၌ မြန်မာနိုင်ငံ ရှိ ဖေ့စ်ဘွတ်အသုံးပြုသူများ အ ကြားတွင် ပျံ့နှံ့နေသည်။

‘‘ပုဂံမှာက ဘုရား လေး ထောင်နီးပါးရှိတာကိုး။ အားလုံး ကို စောင့်ကြည့်ဖို့ဆိုတာ မဖြစ်နိုင် ဘူးလေ။ လုံခြုံရေးအားနည်းတာ ကို သွားတွေ့ရတယ်။ ဒီကိစ္စနဲ့ပတ် သက်ပြီး မလုပ်သင့်တာကို လုပ် သွားတယ်လို့ပဲပြောချင်တယ်’’ဟု ပုဂံဧည့်လမ်းညွှန်နာယက ဦးဇော် ဝင်းချိုကပြောသည်။
>>Zawgyi<<
ပုဂံဘုရားတွင် ရိုက်ကူးခဲ့သည့် ညစ်ညမ်းဗီဒီယိုဖိုင်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မှု များပြားနေ
Thursday , February 13 , 2020
ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေရှိ ပုဂံဘုရားအမှတ် (၁၅၅၄) တွင် နိုင်ငံခြားသားစုံတွဲ ရိုက်ကူး သွားသည့် ညစ်ညမ်းဗီဒီယိုဖိုင်ကို Yees Yees Yees အမည်ရှိ အကောင့်ပိုင်ရှင်က Pornhub.com နှင့် Modelbub.com တွင် တင်ဆက်ရောင်းချခဲ့ကြောင်း တွေ့ရှိရသည်။

ညစ်ညမ်းဗီဒီယိုဖိုင်ကို တင် ဆက်သူက Huge Cusmshot Outdoor around temples ဟု ခေါင်းစဉ်ပေးခဲ့သည်။ ညစ်ညမ်း ဗီဒီရိုက်ကူးသူသည် ပုဂံဘုရားအ မှတ် (၁၅၅၄)ကို ပေါ်လွင်အောင် ရိုက်ကူးခဲ့သည့်အပြင် ပတ်ဝန်း ကျင်ရှိ လွင်ပြင်မြက်ခင်းများကို လည်း ရိုက်ကူးဖော်ပြခဲ့သည်။

အဆိုပါဗီဒီယိုဖိုင်ကို လွန်ခဲ့ သည့်နှစ်လက တင်ဆက်ခြင်းဖြစ် ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့နေ သည့် ဗီဒီယိုဖိုင်ကို ယမန်နေ့ညနေ အထိ Pornhub.com ၌ လူဦးရေ တစ်သိန်းကျော် (၁၇၂,၀၃၁ ဦး) ဝင်ရောက်ကြည့်ရှုပြီးဖြစ်သည်

အချိန် ၁၂ မိနစ်ကျော် ကြာ မြင့်သည့် ဗီဒီယိုဖိုင်ကို ရုပ်သံအကြည်အနေဖြင့် အစအဆုံး Download ပြုလုပ်လိုပါက ၉ ဒသမ ၉၉ ဒေါ်လာ ကျသင့်မည် ဟု ဖော်ပြထားသည်။

ညစ်ညမ်းဗီဒီဖိုင်ကို တင် ဆက်ခဲ့သည့် Yeees Yeees Yeees သည် Pornhub.com ကို လွန်ခဲ့သည့် ၁၁ လက ချိတ်ဆက် ခြင်းဖြစ်ပြီး ၎င်း၏ပရိုဖိုင်တွင် အီတလီနိုင်ငံသား အသက် (၂၃) နှစ်ဟု ဖော်ပြထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံ) ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးအောင် ကျော်ကျော်က ‘‘ဒီမှာရှိနေတယ် ဆိုရင် ချက်ချင်းအရေးယူလို့ရ တယ်။ ဒီမှာမဟုတ်တော့ရင် ဘယ်လိုအရေးယူမလဲ’’ဟု ပြော သည်။

သို့သော် အဆိုပါညစ်ညမ်း ဗီဒီယို ရိုက်ကူးတင်ဆက်သူကို အရေးယူနိုင်မည့် နည်းလမ်းများ ဆက်လက်ရှာဖွေမည်ဟု ၎င်းက ပြောသည်။ အဆိုပါဗီဒီယိုဖိုင် သည် လက်ရှိအချိန်၌ မြန်မာနိုင်ငံ ရှိ ဖေ့စ်ဘွတ်အသုံးပြုသူများ အ ကြားတွင် ပျံ့နှံ့နေသည်။

‘‘ပုဂံမှာက ဘုရား လေး ထောင်နီးပါးရှိတာကိုး။ အားလုံး ကို စောင့်ကြည့်ဖို့ဆိုတာ မဖြစ်နိုင် ဘူးလေ။ လုံခြုံရေးအားနည်းတာ ကို သွားတွေ့ရတယ်။ ဒီကိစ္စနဲ့ပတ် သက်ပြီး မလုပ်သင့်တာကို လုပ် သွားတယ်လို့ပဲပြောချင်တယ်’’ဟု ပုဂံဧည့်လမ်းညွှန်နာယက ဦးဇော် ဝင်းချိုကပြောသည်။
Ref-7Day #Myanmar_Online_News

0 comments:

Post a Comment