Wednesday, February 12, 2020

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်ကြောင်း ယူဆသည့်လင်းနို့များကို နှစ်သက်စွာစားသုံးနေဆဲ



တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်မှာ လင်းနို့များထံမှ စတင်ကူးစက်ခြင်းဖြစ်နိုင်သည်ဟု ပညာရှင်များကယူဆကြသော်လည်း အင်ဒိုနီးရှားနိုင်ငံတွင်မူ လင်းနို့များကို အထူးဟင်းလျာအဖြစ် လက်ရှိအချိန်အထိ စားသုံးနေကြဆဲဖြစ်ကြောင်း South China Morning Post မှဖော်ပြခဲ့သည်။
လင်းနို့ဟင်းလျာမှာ အင်ဒိုနီးရှားရှိ အချို ့သောဒေသများတွင် ထင်ရှား ရေပန်းစားနေဆဲဖြစ်သည်။ လင်းနို့ဟင်းလျာက ရင်ကျပ်ခြင်းကို ကုသရာတွင် အကူအညီဖြစ်စေနိုင်သည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးထိတ်မှုများရှိသော်လည်း လင်းနို့ရောင်းချရမှု ကျဆင်းခြင်းမရှိကြောင်း လင်းနို့ရောင်းချသူများက ပြောကြားသည်။

လင်းနို့ရောင်းချသူတစ်ဦးဖြစ်သည့် စတန်လီ တင်မ် ဘူလန်က " ဝယ်လိုအားကိုတော့ မထိခိုက်ပါဘူးဗျ။ ဝယ်သူတွေကလည်း ပြောတယ်လေ။ အဲ့ဒါက တရုတ်မှာပဲ ဖြစ်တာပါတဲ့။ တိုမိုဟွန် (ဆီလာဝေစီပြည်နယ်မှ မြို့တစ်မြို့)မှာ မဖြစ်ဘူးတဲ့။ ဒါကြောင့် ဆက် ရောင်းနေရတာပါပဲ။ ရောင်းချရမှုကို မထိခိုက်ပါဘူး။အမြဲတမ်းအကုန်ရောင်းရတယ်။ ဒီနေ့လက်ရှိတောင် ရောင်းဖို့လင်းနို့မရှိသလောက် နည်းနေပြီ" ဟု ဆိုသည်။

လင်းနို့များရောင်းချရမှုမှာ တစ်နေ့နှင့်တစ်နေ့မတူ ညီဘဲ ပျမ်းမျအားဖြင့် တစ်နေ့လျှင် လင်းနို့ကောင်ရေ ၅၀ မှ ၆၀ ခန့်ရောင်းချရလေ့ရှိပြီး ပါတီများရှိသည့်အခါမျိုးတွင် အကောင်ရေ ၅၀၀ မှ ၆၀၀ အထိ ရောင်းချရသည်ဟု လင်းနို့ရောင်းချသူတစ်ဦးဖြစ်သည့် ဂျယ်ရီက ပြောကြားသည်။

စားသောက်ဆိုင်များတွင် လင်းနို့ဟင်းလျာက ဆာလောင်နေသည့် စားသုံးသူများကို အထူးဆွဲဆောင်နေဆဲဖြစ်သည့် ဟင်းလျာတစ်မျိုးဖြစ်နေသည်။

စားသုံးသူများကလည်း လုံးဝစိုးရိမ်ပူပန်မှု မရှိပေ။" မနာဒိုမှာ ဗိုင်းရပ်စ်ဖြစ်မယ်လို့ ကျွန်မကတော့ မယုံကြည်ဘူး။ လင်းနို့တွေကို ဝယ်ယူစားသုံးသူ အရေအတွက်လည်း မထိခိုက်ပါဘူး" ဟု ဗီနာကာဆီဂါ အမည်ရစားသုံးသူ အမျိုးသမီးငယ်က ဆိုသည်။

ထို့အတွက် လင်းနို့ကိုစားသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်ဘူးလားဟု မေးမြန်းသည့်အခါတွင် မကြောက်ရွံ့ကြောင်းနှင့် မည်သည့်နေရာတွင် နေမကောင်းဖြစ်စေမည် မဖြစ်စေမည်တို့ကို ဘုရားသခင်ကသာ ဆုံးဖြတ်သည်ဟုလည်း သူမက ဆိုသည်။

လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ်ရှိကြသည်ဟု ပြောကြားမှုများ ရှိသော်လည်း မိမိတို့မနာဒိုတွင် လင်းနို့မှဖြစ်ပွားမှု တစ်စုံတရာကိုမတွေ့ရသေးကြောင်းလည်း လင်းနို့စားသုံးသူတစ်ဦးဖြစ်သည့် ဂျူဖရီမန်တက်ခ်က ဆိုသည်။ လက်ရှိအချိန်အထိလည်း လင်းနို့များကို စားသုံးနေကြသူအများအပြားရှိကြောင်း လင်းနို့ဟင်း လျာမှာအလွန်ကောင်းကြောင်း အထူးသဖြင့် အုန်းနို့ဖြင့်ချက်ပါက အလွန်အရသာရှိသည်ဟုလည်း ဂျူဖရီမန်တက်ခ်က ပြောကြားခဲ့သည်။

လင်းနို့များက ကိုရိုနာဗိုင်းရပ်စ်ကို လက်ခံကောင်ဖြစ် နိုင်သည်ဆိုသည့်အချက်ကိုလည်း ကျွမ်းကျင်ပညာရှင် များက သံသယရှိနေကြသည်။

တိရိစ္ဆာန်များမှ ဖြစ်လာသည့်ရောဂါများနှင့်စိတ်ချဲရသည့် စားသောက်ကုန်များဆိုင်ရာ WHO ဌာနခြဲ၏ အကြီးအကဲဖြစ်သူ ဒေါက်တာပီတာဘန်အမ်ဘာရက်ခ် က" လင်းနို့တွေမှာ ကိုရိုနာနဲ့ အလွန်ဆင်တူလွန်းတဲ့ဗိုင်းရပ်စ်တွေကို မကြာသေးခင်က တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုရိုနာရဲ ့မူလအစဟာ လင်းနို့တွေက စတင်လာတယ်ဆိုပြီး ကျွန်တော်တို့ ယုံကြည်ခဲ့ကြတာပါ။" ဟုဆိုသည်။

" ဒါပေမယ့် ဗိုင်းရပ်စ်က လင်းနို့ကနေ လူတွေဆီကို တိုက်ရိုက်ကြီး ကူးစက်သွားတာတော့လည်း မဟုတ် ဘူး။ ဘာကြောင့်လည်းဆိုတော့ သာမန်အားဖြင့်လင်းနို့တွေနဲ့ထိတွေ့မှု့က အများကြီး မရှိကြဘူးလေ။ ဒီတော့ ကြားထဲမှာ တိရိစ္ဆာန်တစ်ကောင်တော့ ရှိနေနိုင်ပါတယ်။ ဒီအတွက် ဗိုင်းရပ်စ်က လင်းနို့ဆီကနေ အဲ့ဒိတိရိစ္ဆာန်ဆီကို ပထမဆုံး ကူးမယ်။ အဲ့ဒိ တိရိစ္ဆာန်ကတစ်ဆင့် လူတွေဆီကို ပြန်ကူးမယ်။ ဖြစ် နိုင်ခြေရှိတဲ့အရင်းအမြစ်ကိုတော့ စိတ်ရှင်းရှင်းထားပြီး ကြည့်ဖို့လိုတယ်။ ဘာဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းစဉ်းစားဆင်ခြင်ဖို့လိုတယ် " ဟု ဒေါက်တာပီတာဘန်အမ်ဘာရက်ခ်က ဆိုသည်။
Ref ; SCMP
<zawgyi>
အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်ကြောင်း ယူဆသည့်လင်းနို့များကို နှစ်သက်စွာစားသုံးနေဆဲ
Thursday , February 13 , 2020

တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ် ပွားခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်မှာ လင်းနို့များထံမှ စတင် ကူးစက်ခြင်းဖြစ်နိုင်သည်ဟု ပညာရှင်များကယူဆကြ သော်လည်း အင်ဒိုနီးရှားနိုင်ငံတွင်မူ လင်းနို့များကို အထူးဟင်းလျာအဖြစ် လက်ရှိအချိန်အထိ စားသုံးနေကြဆဲဖြစ်ကြောင်း South China Morning Post မှဖော်ပြခဲ့သည်။

လင်းနို့ဟင်းလျာမှာ အင်ဒိုနီးရှားရှိ အချို့သောဒေသများတွင် ထင်ရှား ရေပန်းစားနေဆဲဖြစ်သည်။ လင်းနို့ဟင်းလျာက ရင်ကျပ်ခြင်းကို ကုသရာတွင် အကူအညီဖြစ်စေနိုင်သည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးထိတ်မှုများရှိသော် လည်း လင်းနို့ရောင်းချရမှု ကျဆင်းခြင်း မရှိကြောင်း လင်းနို့ရောင်းချသူများက ပြောကြားသည်။

လင်းနို့ရောင်းချသူတစ်ဦးဖြစ်သည့် စတန်လီ တင်မ် ဘူလန်က " ဝယ်လိုအားကိုတော့ မထိခိုက်ပါဘူးဗျ။ ဝယ်သူတွေကလည်း ပြောတယ်လေ။ အဲ့ဒါက တရုတ်မှာပဲ ဖြစ်တာပါတဲ့။ တိုမိုဟွန် (ဆီလာဝေစီပြည်နယ်မှ မြို့တစ်မြို့)မှာ မဖြစ်ဘူးတဲ့။ ဒါကြောင့် ဆက် ရောင်းနေရတာပါပဲ။ ရောင်းချရမှုကို မထိခိုက်ပါဘူး။အမြဲတမ်းအကုန်ရောင်းရတယ်။ ဒီနေ့လက်ရှိတောင် ရောင်းဖို့လင်းနို့မရှိသလောက် နည်းနေပြီ" ဟု ဆိုသည်။

လင်းနို့များရောင်းချရမှုမှာ တစ်နေ့နှင့်တစ်နေ့မတူ ညီဘဲ ပျမ်းမျအားဖြင့် တစ်နေ့လျှင် လင်းနို့ကောင်ရေ ၅၀ မှ ၆၀ ခန့်ရောင်းချရလေ့ရှိပြီး ပါတီများရှိသည့်အခါမျိုးတွင် အကောင်ရေ ၅၀၀ မှ ၆၀၀ အထိ ရောင်းချရသည်ဟု လင်းနို့ရောင်းချသူတစ်ဦးဖြစ်သည့် ဂျယ်ရီက ပြောကြားသည်။

စားသောက်ဆိုင်များတွင် လင်းနို့ဟင်းလျာက ဆာလောင်နေသည့် စားသုံးသူများကို အထူးဆွဲဆောင်နေဆဲဖြစ်သည့် ဟင်းလျာတစ်မျိုးဖြစ်နေသည်။

စားသုံးသူများကလည်း လုံးဝစိုးရိမ်ပူပန်မှု မရှိပေ။" မနာဒိုမှာ ဗိုင်းရပ်စ်ဖြစ်မယ်လို့ ကျွန်မကတော့ မယုံကြည်ဘူး။ လင်းနို့တွေကို ဝယ်ယူစားသုံးသူ အရေအတွက်လည်း မထိခိုက်ပါဘူး" ဟု ဗီနာကာဆီဂါ အမည်ရစားသုံးသူ အမျိုးသမီးငယ်က ဆိုသည်။

ထို့အတွက် လင်းနို့ကိုစားသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်ဘူးလားဟု မေးမြန်းသည့်အခါတွင် မကြောက်ရွံ့ကြောင်းနှင့် မည်သည့်နေရာတွင် နေမကောင်းဖြစ်စေမည် မဖြစ်စေမည်တို့ကို ဘုရားသခင်ကသာ ဆုံးဖြတ်သည်ဟုလည်း သူမက ဆိုသည်။

လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ်ရှိကြသည်ဟု ပြောကြားမှုများ ရှိသော်လည်း မိမိတို့မနာဒိုတွင် လင်းနို့မှဖြစ်ပွားမှု တစ်စုံတရာကိုမတွေ့ရသေးကြောင်းလည်း လင်းနို့စားသုံးသူတစ်ဦးဖြစ်သည့် ဂျူဖရီမန်တက်ခ်က ဆိုသည်။ လက်ရှိအချိန်အထိလည်း လင်းနို့များကို စားသုံးနေကြသူအများအပြားရှိကြောင်း လင်းနို့ဟင်း လျာမှာအလွန်ကောင်းကြောင်း အထူးသဖြင့် အုန်းနို့ဖြင့်ချက်ပါက အလွန်အရသာရှိသည်ဟုလည်း ဂျူဖရီမန်တက်ခ်က ပြောကြားခဲ့သည်။

လင်းနို့များက ကိုရိုနာဗိုင်းရပ်စ်ကို လက်ခံကောင်ဖြစ် နိုင်သည်ဆိုသည့်အချက်ကိုလည်း ကျွမ်းကျင်ပညာရှင် များက သံသယရှိနေကြသည်။

တိရိစ္ဆာန်များမှ ဖြစ်လာသည့်ရောဂါများနှင့်စိတ်ချဲရသည့် စားသောက်ကုန်များဆိုင်ရာ WHO ဌာနခြဲ၏ အကြီးအကဲဖြစ်သူ ဒေါက်တာပီတာဘန်အမ်ဘာရက်ခ် က" လင်းနို့တွေမှာ ကိုရိုနာနဲ့ အလွန်ဆင်တူလွန်းတဲ့ဗိုင်းရပ်စ်တွေကို မကြာသေးခင်က တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုရိုနာရဲ့မူလအစဟာ လင်းနို့တွေက စတင်လာတယ်ဆိုပြီး ကျွန်တော်တို့ ယုံကြည်ခဲ့ကြတာပါ။" ဟုဆိုသည်။

" ဒါပေမယ့် ဗိုင်းရပ်စ်က လင်းနို့ကနေ လူတွေဆီကို တိုက်ရိုက်ကြီး ကူးစက်သွားတာတော့လည်း မဟုတ် ဘူး။ ဘာကြောင့်လည်းဆိုတော့ သာမန်အားဖြင့်လင်းနို့တွေနဲ့ထိတွေ့မှု့က အများကြီး မရှိကြဘူးလေ။ ဒီတော့ ကြားထဲမှာ တိရိစ္ဆာန်တစ်ကောင်တော့ ရှိနေနိုင်ပါတယ်။ ဒီအတွက် ဗိုင်းရပ်စ်က လင်းနို့ဆီကနေ အဲ့ဒိတိရိစ္ဆာန်ဆီကို ပထမဆုံး ကူးမယ်။ အဲ့ဒိ တိရိစ္ဆာန်ကတစ်ဆင့် လူတွေဆီကို ပြန်ကူးမယ်။ ဖြစ် နိုင်ခြေရှိတဲ့အရင်းအမြစ်ကိုတော့ စိတ်ရှင်းရှင်းထားပြီး ကြည့်ဖို့လိုတယ်။ ဘာဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းစဉ်းစားဆင်ခြင်ဖို့လိုတယ် " ဟု ဒေါက်တာပီတာဘန်အမ်ဘာရက်ခ်က ဆိုသည်။
Ref ; SCMP

0 comments:

Post a Comment