Thursday, February 13, 2020

မော်လမြိုင်မြို့ တောင်ဝိုင်းရပ်တွင် မူးယစ်ဆေးဝါး အပြား ၃၇၀၀ ကျော်ဖမ်းဆီးရမိ

Image may contain: 3 people, people sitting

မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၃၈) မူးယစ်တပ်ဖွဲ့ သည် သက်သေ ဦးစိုးမြင့်၊ ဦးမြင့်၊ ဦးစိုးမိုးနိုင် တို့နှင့်အတူ မူးယစ်ဆေးဝါးသတင်းအရမော်လမြိုင်မြို့ သွေးသောက်ရပ်၊ တောင်ဝိုင်းလမ်း၊ အမှတ်(၁၇/၂၀၈)နေ စိုးလင်းထိုက်၏ နေအိမ်အား မူးယစ်ဆေးဝါးနေအိမ်ရှာဖွေခွင့် ဝရမ်းအမှတ် (၁၈/၂ဝ၂ဝ)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ စိုးလင်းထိုက်၊ သင်္ကြန်ဦး ၊ နှင့် မသီရိသိမ့် (စိုးလင်းထိုက်၏ဇနီး)တို့ (၃)ဦးအား အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်း ၊ အဝတ်ဗီဒိုအနောက်စတီးစားပွဲအံဆွဲ အတွင်း ပန်းရောင်အဖုံးပါ ပလပ်စတစ်ဗူးခွံဖြင့် ထည့်လျှက် WY နှင့် ၊ R စာတမ်းရောရာ ဆေးပြား(၂၀၀)ပြားပါ (၁၇)ထုပ်၊ (၉၀)ပြားပါ (၂) ထုပ်၊ အဖြူစက္ကူတိပ်ပတ်လျှက် အဖြူရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေး ပြားဟု ယူဆရသော WY နှင့် R စာတမ်းရောရာ ၊ဆေးပြား(၄၀)ပြားပါ (၅)ထုပ်၊ စုစုပေါင်း ဆေးပြား (၃၇၈ဝ)ပြား၊ မြန်မာငွေစက္ကူရောရာ (၂)သိန်းကျပ်အားလည်းကောင်း၊ ၎င်းတို့ (၃)ဦးကိုင်ဆောင်ထားသည့် MI ဖုန်း (၃)လုံး၊ Vivo ရွှေရောင် ဖုန်း (၁)လုံးတို့အား လည်းကောင်း သက်သေများနှင့်အတူ ရှာဖွေတွေ့ရှိသဖြင့် ရဲအုပ် ကျော်ဌေးမှ ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ကြောင်းသိရသည်။

အဆိုပါမူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသူ စိုးလင်းထိုက်၊ ၄၁ နှစ်၊ (ဘ)ဦးအုန်းငွေ၊ အမှတ် (၁၇/၂၀၈)၊ တောင်ဝိုင်းလမ်း၊ သွေးသောက် ရပ်၊ မော်လမြိုင်မြို့၊ သင်္ကြန်ဦး၊ ၂၄ နှစ်၊ (ဘ) ဦးညီညီလွင်၊ (၁၁)လမ်း၊ သီပြိုင်ရပ်ကွက်၊ မော်လမြိုင်မြို့၊ မသီရိသိမ်၊ ၂၁ နှစ်၊ (ဘ)ဦးစံဘော်၊ တောင်ဝိုင်းလမ်း၊ သွေးသောက်ရပ်၊ မော်လမြိုင်မြို့နေသူတို့အား (မြိုင်သာယာ) နယ်မြေရဲစခန်း မယ(ပ)၄/၂၀၂၀၊ မူး/စိတ်ပြောင်းဥပဒေပုဒ်မ ၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
No photo description available.
သတင်း - အမွှာညီနောင်
<zawgyi>
မော်လမြိုင်မြို့ တောင်ဝိုင်းရပ်တွင် မူးယစ်ဆေးဝါး အပြား ၃၇၀၀ ကျော်ဖမ်းဆီးရမိ
Thursday , February 13 , 2020

0 comments:

Post a Comment