Tuesday, February 4, 2020

တောင်သူပိုင်မြေနေရာကို ခွင့်ပြုချက်မယူဘဲလမ်းဖောက်လုပ်မှုပြုလုပ်တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး အမှုဖွင့်ခံရ

Image may contain: text that says 'MPF မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေစကြိုမြို့နယ် MYANMAR POLICE FORCE PAKAN GYI POLICE STATION'
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ဟောင်း၊ ကိုင်းမကြီးကျေးရွာအုပ်စု၊ မြေခဲတောင် ကျေးရွာမှာ အထက်ကညွန်ကြားချက်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လမ်းကော်မတီတွေက တောင်သူ(၃)ဦးပိုင်တဲ့ မြေနေရာကို ကျေးရွာချင်းဆက်လမ်းချဲ့ဖို့ လမ်းနယ်နမိတ် သက်မှတ်ဖို့ ငုတ်တိုင်တွေစိုက်တာကို မြေပိုင်ရှင်တောင်သူတွေက ကျေနပ်မှုမရှိတဲ့အတွက် ကျော်နင်းမှု ၊ အကျိုးပျက်ဆီးစေမှု၊ အားပေးကူညီမှု စတဲ့ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုမဖွင့်ခင်က တောင်သူ(၃)ဦးဟာ သူတို့မြေနေရာကို ငုတ်တိုင်စိုက်ထားတဲ့အတွက် ရှင်းလင်းမှုပြုလုပ်ခဲ့ရာ ခြေချုပ်ဥပဒေပုဒ်မ- ၅၁ (စ)(ဆ)နဲ့တရားစွဲခံရပြီး ရဲစခန်းအချုပ်မှာ ရက်(၂၀)ကြာနေခဲ့ရတယ်လို့လည်း သိရသည်။

‟မြေနီကျောက်စရစ်လမ်းက ပေ၂၀ရှိရာကနေ ၃၈ပေလုပ်မယ်ဆိုပြီး၊ ဘယ်ညာတဖက်ကို၉ပေစီနဲ့ ၂ဖက်၁၈ပေချဲ့ ဖို့ ကော်မတီကလူကြီးတွေက လမ်းပေါ်ကနေ လယ်ထဲထိဆင်းလာပြီး ကျောက်တိုင်ငုတ်စိုက်တယ်၊ ကျွန်တော်တို့က ကျွန်တော်တို့မြေအပါမခံနိုင်လို့၊ ပြီးခဲ့တဲ့ဇန်နဝါရီ၁၆ ရက်နေ့က မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ကိုတင်ပြတယ်၊ ဘာမှလုပ်မပေးဘူး၊ နောက်တော့ ကျွန်တော်တို့၃ယောက်စလုံး ခြေချုပ် ၅၁ (စ)(ဆ)နဲ့အမှုဖွင့်ခံရတယ်၊ ဦးမြင့်ရွှေတို့ ဦးဖိုးထွန်းတို့၂ယောက်ဆိုရင် ရေစကြိုမြို့မ ရဲစခန်းအချုပ်ထဲမှာ ရက်၂၀ နေခဲ့ရတယ်၊ တော်တော်မတရားတဲ့လူတွေ၊ ယခုလက်ရှိခင်းထားတဲ့ပေ၂၀ လမ်းတောင် ကျွန်တော်တို့လယ်သမားတွေက လှူထားတဲ့မြေတွေပါလို့ ”ဒေသခံလယ်သမား ဦးဌေးအောင်ကပြောပါတယ်။

တောင်သူ(၃)ဦး ရဲစခန်းအချုပ်မှာ ရက်(၂၀)ကြာနေခဲ့ရတာနဲ့ပက်သက်ပြီး ပခန်းကြီးနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မြစိုးကို ဆက်သွယ်မေးမြန်းရာ ‟ခြေချုပ်ဆိုတာက သူရဲ့ဥပဒေနဲ့အညီပဲ အထက်ကအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက သူတို့ရဲ့စီ/ခန့် (စီမံခန့်ခွဲမှုကော်မတီ) အစည်းအဝေးဆုံးဖြတ်ချက်အရ သူတို့ဆီကနေ တရားဝင်ကျွန်တော်တို့ဆီကို ဒီဟာနဲ့အရေးယူပေးပါဆိုပြီး ညွှန့်ကြားလို့ ကျွန်တော်တို့ဖွင့်ရတာပါ”လို့ ပြောပါတယ်။

‟ပခန်းကြီးမြို့ဟောင်းနဲ့ ရှင်မတောင်ကျေးရွာချင်းဆက်လမ်းကို ၁၉၉၃ခုနှစ်က ပခုက္ကူ ရေစကြိုကားလမ်းဖောက်စဉ်က ဒီနယ်ကလူတွေက ကျောက်ထုတ်ပေးရတယ်၊ အဲဒီမှာ ဒီကျောက်ထုတ်လမ်းပေါ်လာတာ စပြီးဖောက်လာထဲက၊ လမ်းက ပေ၄၀ပါ ၊ ခုမှပေ ၄၀ မဟုတ်ဘူး၊ အဲဒီကတည်းကပေ ၄၀ပါ၊ ခုလည်းလမ်းနယ်နမိတ်ကို လမ်းချဲ့ဖို့ နယ်နမိတ် သတ်မှတ်တာပါ၊ သူတို့ခြံတိုင်တွေကို ကျွန်တော်တို့ကော်မတီတွေက ဘယ်သူမှမဖျက်ဆီးခဲ့ပါဘူး၊ လမ်းနယ်ငုတ်ရိုက်ထားတာကို ဦးမြင့်ရွှေကနှုတ်ပစ်တယ်၊ ဦးဖိုးထွန်းနဲ့ ဦးဌေးအောင်ကတော့ လမ်းနယ် ငုတ်ကိုခြံခတ်ပစ်လိုက်တယ်၊ ငုတ်ပြန်စိုက်ဖို့နို့တစ်စာ ၃ခါချတယ် မရဘူး၊ နောက်တော့ မြို့နယ်ကိုတင်ပြလိုက်တာပါ၊ ကျန်တာတော့ကျွန်တော်မသိဘူးလို့ ”မြေခဲတောင် အုပ်ချုပ်ရေးမှူးဦးအောင်ကိုဝင်းကပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့က လမ်းဘေးဝဲယာ လယ်ကွင်းများအတွင်း လမ်းနယ်ငုတ်များစိုက်ခြင်း၊ နှစ်သုံးဆယ်နီးပါးရှိတဲ့ မယ်ဇလီပင်များ ခုတ်ပစ်တာကို လယ်သမားတွေဘက်က ကျေနပ်မှုမရှိတဲ့အတွက် ဇန်နဝါရီ ၁ရက်နေ့က မြေခဲတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းအပါအဝင် (၁၆)ဦးကို အရေးယူပေးဖို့ ပခန်းကြီးနယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

အဲ့ဒီလိုတိုင်ကြားထားတဲ့အတွက် ပခန်းကြီးးနယ်မြေရဲစခန်းကနေ တရားလို ဦးဌေးအောင်၊ ဦးမြင့်ရွှေ၊ ဦးဖိုးထွန်းတို့ရဲ့ တိုင်ကြားမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၄၄၇ /၄၂၇ / ၁၁၄နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source : VOM

>>Zawgyi<<

တောင်သူပိုင်မြေနေရာကို ခွင့်ပြုချက်မယူဘဲလမ်းဖောက်လုပ်မှုပြုလုပ်တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး အမှုဖွင့်ခံရ
Wednesday , February 5 , 2020

0 comments:

Post a Comment