Monday, February 10, 2020

စစ်ကိုင်းတွင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး သီရိသုမနခေါင်းလောင်းတော်ကြီး ချိတ်ဆွဲမည်

Image may contain: one or more people and outdoor
မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဖြစ်လာမည့် သီရိသုမန ခေါင်းလောင်းတော်ကြီးကို တပေါင်းလအတွင်း စတင်ချိတ်ဆွဲ နိုင်ဖို့ ပြုလုပ်နေတယ်လို့ ရွှေ ခေါင်းလောင်း ကြေးသွန်းလုပ်ငန်းက သိရပါတယ်။

ခေါင်းလောင်းတော်ကြီးကို ပြီးခဲ့တဲ့ ပြာသိုလပြည့် နေ့ မှာ သွန်းလောင်းခဲ့တာပါ။ လက်ရှိအချိန်မှာ မြေထွင်း ပြီး စီး သွားပြီဖြစ်ပြီး အချောသတ်လုပ်ငန်း တွေကို လုပ်ဆောင် နေပါတယ်။ ယခုခေါင်းလောင်းတော်ကြီးကို စစ်ကိုင်းတောင်ရိုးရှိ သီရိ သု မနချောင်မှာ ထားရှိသွားမှာ ဖြစ်တယ်လို့ ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ ကြေးသွန်း ပညာရှင် ဦးအောင်သန်းမော် က ပြောပါတယ်။
“ အခုကတော့ အချောကိုင်နေပါ တယ်၊ ဘယ်နေ့ သယ် မယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး၊ ခုမှ စချောနေတာပါ၊ ဆရာတော်ကြီးကတော့ တပေါင်းလထဲ သယ်ချင်တယ်လို့ပြောပါတယ်၊ ကျွန်တော်တို့ဘက်က အပြီးလုပ်ပေးရမှာပေါ့၊ ဆရာတော်ကြီးဆန္ဒပြည့်အောင် ကြိုးစားပေးရမှာပေါ့ ˘လို့ ဦးအောင်သန်းမော် က ပြောပါတယ်။
ဒီကြေးခေါင်းလောင်းကြီးဟာ ကြေးပိဿာ ချိန် ၁၆,ဝ၀ဝ ကျော် ရှိမှာဖြစ်ပြီး ခေါင်းလောင်းကို စစ်ကိုင်းတောင်ရိုးရှိ သီရိသုမန မိုးကုတ်ရိပ်သာ ဆရာတော် ကြီးက လှူဒါန်းပြုလုပ်ခြင်းဖြစ်ပါတယ်။ ဆရာတော်ကြီးက တရားဟောရာကနေ ရရှိ လာတဲ့ ဝတ္ထုငွေတွေနဲ့ စုဆောင်း ပြုလုပ်ခြင်းဖြစ်ပါတယ်။
ခေါင်းလောင်းကို ပုသိမ်ကြီးမြို့နယ် တံတိုင်ရှည်ရွာမှာ သွန်းလုပ်ခဲ့တာပါ။ ခေါင်းလောင်းဟာ အဝအကျယ် ကိုးပေ၊ စုစုပေါင်း အမြင့်ပေ ၁၅ ပေခန့် ရှိမှာ ဖြစ်တယ်လို့ ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ သိရတယ်။
Ref-Kumudra #Myanmar_Online_News
>>Zawgyi<<
စစ်ကိုင်းတွင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး သီရိသုမနခေါင်းလောင်းတော်ကြီး ချိတ်ဆွဲမည်
Tuesday, February 11 , 2020
မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဖြစ် လာမည့် သီရိသုမန ခေါင်းလောင်းတော်ကြီးကို တပေါင်းလအတွင်း စတင်ချိတ်ဆွဲ နိုင်ဖို့ ပြုလုပ် နေ တယ် လို့ ရွှေ ခေါင်းလောင်း ကြေးသွန်း လုပ်ငန်းက သိရပါတယ်။

ခေါင်းလောင်းတော်ကြီးကို ပြီးခဲ့တဲ့ ပြာသိုလပြည့် နေ့ မှာ သွန်းလောင်းခဲ့တာပါ။ လက်ရှိအချိန်မှာ မြေထွင်း ပြီး စီး သွားပြီဖြစ်ပြီး အချောသတ်လုပ်ငန်း တွေကို လုပ်ဆောင် နေပါတယ်။ ယခုခေါင်းလောင်းတော်ကြီးကို စစ်ကိုင်းတောင်ရိုးရှိ သီရိ သု မနချောင်မှာ ထားရှိသွားမှာ ဖြစ်တယ်လို့ ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ ကြေးသွန်း ပညာရှင် ဦးအောင်သန်းမော် က ပြောပါတယ်။
“ အခုကတော့ အချောကိုင်နေပါ တယ်၊ ဘယ်နေ့ သယ် မယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး၊ ခုမှ စချောနေတာပါ၊ ဆရာတော်ကြီးကတော့ တပေါင်းလထဲ သယ်ချင်တယ်လို့ပြောပါတယ်၊ ကျွန်တော်တို့ဘက်က အပြီးလုပ်ပေးရမှာပေါ့၊ ဆရာတော်ကြီးဆန္ဒပြည့်အောင် ကြိုးစားပေးရမှာပေါ့ ˘လို့ ဦးအောင်သန်းမော် က ပြောပါတယ်။
ဒီကြေးခေါင်းလောင်းကြီးဟာ ကြေးပိဿာ ချိန် ၁၆,ဝဝဝ ကျော် ရှိမှာဖြစ်ပြီး ခေါင်းလောင်းကို စစ်ကိုင်းတောင်ရိုးရှိ သီရိသုမန မိုးကုတ်ရိပ်သာ ဆရာတော် ကြီးက လှူဒါန်းပြုလုပ်ခြင်းဖြစ်ပါတယ်။ ဆရာတော်ကြီးက တရားဟောရာကနေ ရရှိ လာတဲ့ ဝတ္ထုငွေတွေနဲ့ စုဆောင်း ပြုလုပ်ခြင်းဖြစ်ပါတယ်။
ခေါင်းလောင်းကို ပုသိမ်ကြီးမြို့နယ် တံတိုင်ရှည်ရွာမှာ သွန်းလုပ်ခဲ့တာပါ။ ခေါင်းလောင်းဟာ အဝအကျယ် ကိုးပေ၊ စုစုပေါင်း အမြင့်ပေ ၁၅ ပေခန့် ရှိမှာ ဖြစ်တယ်လို့ ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ သိရတယ်။
Ref-Kumudra #Myanmar_Online_News

0 comments:

Post a Comment