Wednesday, February 5, 2020

လူမှုကွန်ရက်ပေါ် ပျံ့နှံနေသည့် နံပါတ်ပြားကို သတင်းစာအုပ်၍ မောင်းနှင်နေသည့် မော်တော်ယာဉ်များသည် နိုင်ငံဖြတ်ကျော်ခရီးသွားများဟု မန္တလေးတိုင်းအစိုးရပြောကြား

No photo description available.

မန္တလေးမြို့ပေါ်တွင် ယာဉ်နံပါတ်ပြားကို သတင်းစာများအုပ်၍ မောင်းနှင်နေသည်ဟု လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် မော်တော်ယာဉ်များသည် နိုင်ငံဖြတ်ကျော် ခရီးသွားသည့် ယာဉ်များဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် မန္တလေးမြို့၏ အဓိကလမ်းမကြီးအချို့ပေါ်၌ တရုတ်နိုင်ငံမှဟု ယူဆရသည့် မော်တော်ယာဉ်အချို့ ဖြတ်သန်းသွားလာနေသည်ကို လူမှုကွန်ရက်သုံးစွဲသူများက ဓာတ်ပုံရိုက်ကာ ကိုရိုနာဗိုင်းရပ်စ်ရှောင်သည့် မော်တော်ယာဉ်များ ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
" နဂိုတည်းက အစီအစဉ်အရ နိုင်ငံဖြတ်ကျော်ပြီးတော့ ခရီးသွားတဲ့အစီအစဉ်ပဲ၊ တခြား ကြီးကြီးမားမား မဟုတ်ဘူး " ဟု ခေတ္တဝန်ကြီးချုပ်က ဆိုသည်။
မော်တော်ယာဉ်များသည် နံပါတ်ပြားကို သတင်းစာအုပ်ထားသည်ဟု ဝေဖန်နေကြသော်လည်း အမှန်တကယ်မူ သတင်းစာ အုပ်ထားခြင်းမဟုတ်ဘဲ ခရီးစဉ်လမ်းကြောင်း၊ ယာဉ်အမျိုးအစား၊ ခွင့်ပြုထားသည့် အမှတ် စသည်တို့ကို ရေးသားထားသည့် စာရွက်ကို အုပ်ထားခြင်းသာဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။
" ခရီးသွားကားတွေလို့ ပြောတယ်။ အရင်ကတော့ တရုတ်နံပါတ်ပြားတွေနဲ့ပဲ ဒီအတိုင်းမောင်းနေကြရာက ဝေဖန်မှုတွေ ရှိလာလို့ ယာယီခွင့်ပြုချက်စာရွက်ကို နံပါတ်ပြားပေါ်မှာ အုပ်လိုက်တဲ့သဘောပါပဲ။ အခုတော့ တစ်ချို့က တောင်ကြီး-အင်းလေးဘက်ကို ဆက်သွားကြတယ်။ တစ်ချို့ကတော့ ပုဂံဘက်မှာ တရားစွဲခံရလို့ ပုဂံကို ပြန်သွားကြတယ် " ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းက ပုဂံမြို့ရှိ အရှေ့အိုးထိန်းတောင်ကုန်းပေါ်သို့ မော်တော်ယာဉ်ဖြင့် တက်ရောက်ကာ ဘီယာသောက်သုံးသည့် တရုတ်ခရီးသွားအချို့၏ ဓာတ်ပုံနှင့် ဗီဒီယိုများဖြင့် ဒေသခံ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက တင်ပြခဲ့သည်။
ယင်းကဲ့သို့ ခွင့်ပြုချက်မရှိသည့် တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ဆေးအရေးယူနိုင်ရန် ပုဂံမြိ့မရဲစခန်းမှ ယနေ့ ခေါ်ဆောင်သွားသည်။
" သတင်းစာ အုပ်တယ် မအုပ်တယ်တော့ တို့မသိဘူး။ တရုတ်က ပုဂံကို လာတာ ၈ စီး ရှိတယ်။ တရားဝင် လာတာပေါ့။ ပြန်စိစစ်ပေးမယ်။ ပုဂံလာတဲ့ဟာကတော့ ဝန်ကြီးဌာနနဲ့ တရားဝင် လာတာ " ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ရှင်းပြသည်။
Myanmar Impression ကုမ္ပဏီ၏ စီစဉ်မှုဖြင့် တရုတ်နိုင်ငံသား ၁၈ ဦးသည် ဒီဇင်ဘာလ ၂၉ ရက်မှစ၍ မော်တော်ယာဉ် ရှစ်စီးဖြင့် မြဝတီနယ်စပ်မှ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်စာတစ်စောင်အရ သိရသည်။
အဆိုပါခရီးသွားများသည် မြဝတီ-မော်လမြိုင်-ရန်ကုန်-ပုဂံ-မန္တလေး-အင်းလေး-ကျိုင်းတုံ-တာချီလိတ်မြို့များသို့ လည်ပတ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်စာတွင် ပါရှိသည်။
Image may contain: outdoor
Image may contain: one or more people, car and outdoor
ဓာတ်ပုံ - မန္တလေးမြို့ရှိ Pullman ဟိုတယ်၌ တည်းခိုနေသည့် နိုင်ငံဖြတ်ကျော် တရုတ်ခရီးသွားများကို မြင်တွေ့ရစဉ်။
Source : thevoice

>>Zawgyi>>
လူမှုကွန်ရက်ပေါ် ပျံ့နှံနေသည့် နံပါတ်ပြားကို သတင်းစာအုပ်၍ မောင်းနှင်နေသည့် မော်တော်ယာဉ်များသည် နိုင်ငံဖြတ်ကျော်ခရီးသွားများဟု မန္တလေးတိုင်းအစိုးရပြောကြား
Wednesday , February 5 , 2020

မန္တလေးမြို့ပေါ်တွင် ယာဉ်နံပါတ်ပြားကို သတင်းစာများအုပ်၍ မောင်းနှင်နေသည်ဟု လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် မော်တော်ယာဉ်များသည် နိုင်ငံဖြတ်ကျော် ခရီးသွားသည့် ယာဉ်များဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် မန္တလေးမြို့၏ အဓိကလမ်းမကြီးအချို့ပေါ်၌ တရုတ်နိုင်ငံမှဟု ယူဆရသည့် မော်တော်ယာဉ်အချို့ ဖြတ်သန်းသွားလာနေသည်ကို လူမှုကွန်ရက်သုံးစွဲသူများက ဓာတ်ပုံရိုက်ကာ ကိုရိုနာဗိုင်းရပ်စ်ရှောင်သည့် မော်တော်ယာဉ်များ ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
" နဂိုတည်းက အစီအစဉ်အရ နိုင်ငံဖြတ်ကျော်ပြီးတော့ ခရီးသွားတဲ့အစီအစဉ်ပဲ၊ တခြား ကြီးကြီးမားမား မဟုတ်ဘူး " ဟု ခေတ္တဝန်ကြီးချုပ်က ဆိုသည်။
မော်တော်ယာဉ်များသည် နံပါတ်ပြားကို သတင်းစာအုပ်ထားသည်ဟု ဝေဖန်နေကြသော်လည်း အမှန်တကယ်မူ သတင်းစာ အုပ်ထားခြင်းမဟုတ်ဘဲ ခရီးစဉ်လမ်းကြောင်း၊ ယာဉ်အမျိုးအစား၊ ခွင့်ပြုထားသည့် အမှတ် စသည်တို့ကို ရေးသားထားသည့် စာရွက်ကို အုပ်ထားခြင်းသာဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။
" ခရီးသွားကားတွေလို့ ပြောတယ်။ အရင်ကတော့ တရုတ်နံပါတ်ပြားတွေနဲ့ပဲ ဒီအတိုင်းမောင်းနေကြရာက ဝေဖန်မှုတွေ ရှိလာလို့ ယာယီခွင့်ပြုချက်စာရွက်ကို နံပါတ်ပြားပေါ်မှာ အုပ်လိုက်တဲ့သဘောပါပဲ။ အခုတော့ တစ်ချို့က တောင်ကြီး-အင်းလေးဘက်ကို ဆက်သွားကြတယ်။ တစ်ချို့ကတော့ ပုဂံဘက်မှာ တရားစွဲခံရလို့ ပုဂံကို ပြန်သွားကြတယ် " ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းက ပုဂံမြို့ရှိ အရှေ့အိုးထိန်းတောင်ကုန်းပေါ်သို့ မော်တော်ယာဉ်ဖြင့် တက်ရောက်ကာ ဘီယာသောက်သုံးသည့် တရုတ်ခရီးသွားအချို့၏ ဓာတ်ပုံနှင့် ဗီဒီယိုများဖြင့် ဒေသခံ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက တင်ပြခဲ့သည်။
ယင်းကဲ့သို့ ခွင့်ပြုချက်မရှိသည့် တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ဆေးအရေးယူနိုင်ရန် ပုဂံမြိ့မရဲစခန်းမှ ယနေ့ ခေါ်ဆောင်သွားသည်။
" သတင်းစာ အုပ်တယ် မအုပ်တယ်တော့ တို့မသိဘူး။ တရုတ်က ပုဂံကို လာတာ ၈ စီး ရှိတယ်။ တရားဝင် လာတာပေါ့။ ပြန်စိစစ်ပေးမယ်။ ပုဂံလာတဲ့ဟာကတော့ ဝန်ကြီးဌာနနဲ့ တရားဝင် လာတာ " ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ရှင်းပြသည်။
Myanmar Impression ကုမ္ပဏီ၏ စီစဉ်မှုဖြင့် တရုတ်နိုင်ငံသား ၁၈ ဦးသည် ဒီဇင်ဘာလ ၂၉ ရက်မှစ၍ မော်တော်ယာဉ် ရှစ်စီးဖြင့် မြဝတီနယ်စပ်မှ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်စာတစ်စောင်အရ သိရသည်။
အဆိုပါခရီးသွားများသည် မြဝတီ-မော်လမြိုင်-ရန်ကုန်-ပုဂံ-မန္တလေး-အင်းလေး-ကျိုင်းတုံ-တာချီလိတ်မြို့များသို့ လည်ပတ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်စာတွင် ပါရှိသည်။
ဓာတ်ပုံ - မန္တလေးမြို့ရှိ Pullman ဟိုတယ်၌ တည်းခိုနေသည့် နိုင်ငံဖြတ်ကျော် တရုတ်ခရီးသွားများကို မြင်တွေ့ရစဉ်။
Source : thevoice

0 comments:

Post a Comment