Monday, February 10, 2020

နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား စနစ်တကျဆောင်ရွက်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား

Image may contain: one or more people, people standing and outdoor

လူသားတို့၏လိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေး၌ အခြေခံအကျဆုံးဖြစ်သဖြင့် စားရေးအား ထိထိရောက်ရောက် ထောက်ပံ့နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲ၍ အ ကျိုးရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းငါးမွေးမြူရေးဇုံ ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရွှေမုယင်းငါးမွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ငါးထွက်ရှိမှုနှင့် တပ်မတော်သားမိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူလူထုသို့ သက်သာသောစျေးနှုန်းများဖြင့် ရောင်းချနေမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
နိုင်ငံ့စီးပွားတိုးတက်စေရေးနှင့် ပတ်သက်၍ မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို တပ်မိသားစုများသို့ ထိထိရောက်ရောက် ထောက်ပံ့ပေးရမည်ဖြစ်ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်ခြင်းအားဖြင့် မိမိဒေသနှင့် တိုင်းပြည် အတွက် အကျိုးကိုဖြစ်ထွန်းစေမည်ဖြစ်သောကြောင့် နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးဇုံများမှ ထွက်ရှိလာသည့် အသား၊ ငါး၊ နို့နှင့် ဥအမျိုးမျိုးတို့ကို သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးမွေးမြူ ရေးဆောင်ရွက် ထားရှိမှုများနှင့် ငါးမွေးမြူရေးကန်များ ဖော်ဆောင်ထားရှိမှု အခြေအနေ များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဒလတပ်နယ်ရှိ ရေတပ် အခြေစိုက်စခန်းသို့ သွားရောက်ကြည့်ရှုရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ၎င်းမှတစ်ဆင့် တပ်မတော်(ရေ) အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: one or more people, people sitting, table, outdoor and indoor
Image may contain: one or more people, tree, sky, outdoor, nature and water
Image may contain: 2 people, outdoor
သတင်းစဉ်
<zawgyi>
နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား စနစ်တကျဆောင်ရွက်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား


လူသားတို့၏လိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေး၌ အခြေခံ အကျဆုံးဖြစ်သဖြင့် စားရေး အား ထိထိရောက်ရောက် ထောက်ပံ့နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲ၍ အ ကျိုးရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းငါးမွေးမြူရေးဇုံ ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရွှေမုယင်းငါးမွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ငါးထွက် ရှိမှုနှင့် တပ်မတော်သား မိသားစု ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူလူထုသို့ သက်သာသောစျေးနှုန်းများဖြင့် ရောင်းချနေမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
နိုင်ငံ့စီးပွားတိုးတက်စေရေးနှင့် ပတ်သက်၍ မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို တပ်မိသားစုများသို့ ထိထိရောက်ရောက် ထောက်ပံ့ပေးရမည်ဖြစ်ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်ခြင်းအားဖြင့် မိမိဒေသနှင့် တိုင်းပြည် အတွက် အကျိုးကိုဖြစ်ထွန်းစေမည်ဖြစ်သောကြောင့် နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးဇုံများမှ ထွက်ရှိလာသည့် အသား၊ ငါး၊ နို့နှင့် ဥအမျိုးမျိုးတို့ကို သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးမွေးမြူ ရေးဆောင်ရွက် ထားရှိမှုများနှင့် ငါးမွေးမြူရေးကန်များ ဖော်ဆောင်ထားရှိမှု အခြေအနေ များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဒလတပ်နယ်ရှိ ရေတပ် အခြေစိုက်စခန်းသို့ သွားရောက်ကြည့်ရှုရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ၎င်းမှတစ်ဆင့် တပ်မတော်(ရေ) အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment