Thursday, February 6, 2020

၂၀၂၀ရွေးကောက်ပွဲအတွက် ဆိုရှယ်မီဒီယာစောင့်ကြည်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရွေး/ကော် ပြောကြား

Image may contain: 1 person, sitting

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုထိခိုက်စေသည့် စကားလုံးများကို လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ပေါ်တွင် ရေးသားဖြန့်ဝေပါက ပယ်ဖျက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

“ဖေ့စ်ဘွတ်ပေါ်မှာ ရေးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း ကြီးကြပ်ရေးစိစစ်ရေးအဖွဲ့တွေ ဖွဲ့သွားဖို့ရှိတယ်။ ရွေးကောက်ပွဲကိုထိခိုက်စေတဲ့ စကားလုံးတွေ၊ ရွေးကောက်ပွဲကို ပျက်ပြားစေအောင် တိုက်ခိုက်တဲ့စကားလုံးတွေ၊ အမုန်းတရားကိုဖြစ်စေတဲ့ စကားလုံးတွေရေးမယ်ဆိုရင် ပယ်ဖျက်သွားဖို့ ရှိပါတယ်။ ဖေ့စ်ဘွတ်ကနေ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပြီးပြီ။ သူတို့ကိုယ်တိုင်သိရင်လည်း ပယ်ဖျက်သွားဖို့ရှိသလို ကျွန်တော်တို့ကနေ တင်ပြသွားရင်လည်း ပယ်ဖျက်ပေးဖို့ ဆွေးနွေးပြီးဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်ကျင်းပသော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခွင့်ပြုပေးထားသည့် ပါတီ ၉၉ ပါတီရှိပြီး ယင်းအနက်မှ ယာယီရပ်ဆိုင်းထာသည့် ပါတီ ၃ ပါတီရှိကြောင်း၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲပါတီ ၂ ပါတီ၊ တည်ထောင်ခွင့်စိစစ်ဆဲပါတီ ၃ ပါတီရှိပြီး တိုင်းရင်းသားပါတီအနေဖြင့် ၅၂ ပါတီရှိကြောင်း၊ ကချင် ၇ ပါတီ၊ ကယား ၂ ပါတီ၊ ကရင် ၄ ပါတီ၊ မွန် ၂၊ ချင်း ၈၊ ရခိုင် ၁၀ နှင့် ရှမ်း ၁၉ ပါတီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ရွေးကောက်ပွဲကိုထိခိုက်စေနိုင်သည့် အမုန်းတရားစကားလုံးများ၊ သတင်းတု၊ သတင်းမှားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ဆိုရှယ်မီဒီယာစောင့်ကြည်ရေးလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းတည်ထောင်မည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်အသုံးပြုသူ ၂၀၁၅ ခုနှစ်က ခုနစ်သန်းခန့်ရှိခဲ့ရာမှ ယခုအခါ ၂၁ သန်းခန့် ရှိလာခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မဲဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းခန့်ရှိခဲ့ပြီး ၂၄ သန်းခန့်မဲပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
Image may contain: outdoor
Source : thevoice
>>Zawgyi<<
၂၀၂၀ရွေးကောက်ပွဲအတွက် ဆိုရှယ်မီဒီယာစောင့်ကြည်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရွေး/ကော် ပြောကြား
Friday , February 7 , 2020

0 comments:

Post a Comment