Monday, February 10, 2020

ဆားစ်ရောဂါထက် သေဆုံးနှုန်းမြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်

Image may contain: 3 people, indoor

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၉၀၈ ဦးရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၀,၁၇၁ ဦး ရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ အခုသေဆုံးတဲ့ အရေအတွက် ဆားစ်ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ထက် ပိုများနေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုဟာ တည်ငြိမ်လာပြီလို့ ပြောပါတယ်။

၂၀၀၂ -၂၀၀၃ ခုနှစ်ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါပိုးကြောင့် သေဆုံးသူ ၇၇၄ ဦးသာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးရက် က ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်အရ ဟူဘေပြည်နယ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်ဟာ တည်ငြိမ်မှုရှိကြောင်း ဒါပေမယ့် ကူးစက်ခံရတဲ့သူ ပမဏ တိုးပွားလာနိုင်ကြောင်း ပြောပါတယ်။
အစိုးရက ဟူဘေပြည်နယ်မှာ အသွားအလာ မရှိအောင် ပိတ်ပင်ထားပြီး ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်အောင် ကြိုးစားမှုကို ဒေသခံတွေက ဒေါသဖြစ်လာတာကိုလည်း တွေ့ရပါတယ်။ ဒေသတွင်းအစိုးရက သူတို့ကို အိမ်ထဲမှာ အတတ်နိုင်ဆုံးနေဖို့ပြောပေမယ့် ဈေးဆိုင်တွေမှာ ဝယ်ချင်တဲ့ ပစ္စည်းအလုံအလောက်မရှိတဲ့အတွက် သူတို့ဟာ မကြာခဏ အပြင်ထွက်နေရကြောင်း အိမ်ရှင်မ ဝေ က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များပါဝင်တဲ့အဖွဲ့ဟာ တနင်္ဂနွေနေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ ပညာရှင်တွေပါဝင်တဲ့ ဒီအဖွဲ့ဟာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ရာ တွင် ပါဝင်ကူညီဖို့ဖြစ်ပါတယ်။
တရုတ်နိုင်ငံအပြင်ဘက်ရှိ နိုင်ငံဒေသပေါင်း ၂၇ နေရာကို ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ပျံ့နှံ့သွားပြီး ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ သေဆုံးသူ တစ်ဦးစီရှိတာကိုတွေ့ရပါတယ်။ ဂျပန်နိုင်ငံ မှာ ဆိုက်ကပ်ထားတဲ့ Diamond Princessသင်္ဘောပေါ်မှာ ခရီးသည်နဲ့ သင်္ဘောလုပ်သား စုစုပေါင်း ၃၇၀၀ ဦးထဲမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၃၀ ဦး ရှိသွားပြီလို့ သိရပါတယ်။
Image may contain: 1 person, sitting and hat
Image may contain: one or more people, people sitting and indoor
Image may contain: 1 person, outdoor
Ref ; AFP
<zawgyi>
ဆားစ်ရောဂါထက် သေဆုံးနှုန်းမြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်
Monday, February 10 , 2020

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၉၀၈ ဦးရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၀,၁၇၁ ဦး ရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ အခုသေဆုံးတဲ့ အရေအတွက် ဆားစ်ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ထက် ပိုများနေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုဟာ တည်ငြိမ်လာပြီလို့ ပြောပါတယ်။
၂၀၀၂ -၂၀၀၃ ခုနှစ်ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါပိုးကြောင့် သေဆုံးသူ ၇၇၄ ဦးသာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးရက် က ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်အရ ဟူဘေပြည်နယ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်ဟာ တည်ငြိမ်မှုရှိကြောင်း ဒါပေမယ့် ကူးစက်ခံရတဲ့သူ ပမဏ တိုးပွားလာနိုင်ကြောင်း ပြောပါတယ်။
အစိုးရက ဟူဘေပြည်နယ်မှာ အသွားအလာ မရှိအောင် ပိတ်ပင်ထားပြီး ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်အောင် ကြိုးစားမှုကို ဒေသခံတွေက ဒေါသဖြစ်လာတာကိုလည်း တွေ့ရပါတယ်။ ဒေသတွင်းအစိုးရက သူတို့ကို အိမ်ထဲမှာ အတတ်နိုင်ဆုံးနေဖို့ပြောပေမယ့် ဈေးဆိုင်တွေမှာ ဝယ်ချင်တဲ့ ပစ္စည်းအလုံအလောက်မရှိတဲ့အတွက် သူတို့ဟာ မကြာခဏ အပြင်ထွက်နေရကြောင်း အိမ်ရှင်မ ဝေ က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များပါဝင်တဲ့အဖွဲ့ဟာ တနင်္ဂနွေနေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ ပညာရှင်တွေပါဝင်တဲ့ ဒီအဖွဲ့ဟာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ရာ တွင် ပါဝင်ကူညီဖို့ဖြစ်ပါတယ်။
တရုတ်နိုင်ငံအပြင်ဘက်ရှိ နိုင်ငံဒေသပေါင်း ၂၇ နေရာကို ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ပျံ့နှံ့သွားပြီး ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ သေဆုံးသူ တစ်ဦးစီရှိတာကိုတွေ့ရပါတယ်။ ဂျပန်နိုင်ငံ မှာ ဆိုက်ကပ်ထားတဲ့ Diamond Princessသင်္ဘောပေါ်မှာ ခရီးသည်နဲ့ သင်္ဘောလုပ်သား စုစုပေါင်း ၃၇၀၀ ဦးထဲမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၃၀ ဦး ရှိသွားပြီလို့ သိရပါတယ်။
Ref ; AFP

0 comments:

Post a Comment