Wednesday, February 5, 2020

တရုတ်တွင် မြန်မာနိုင်ငံသား အလုပ်သမားများ တောထဲတွင် ပုန်းခိုနေရ

Image may contain: one or more people, people sitting, shoes, outdoor and nature
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအစီအစဉ်အား တရုတ်နိုင်ငံအစိုးရက နိုင်ငံခြားသားများကို တင်းတင်းကျပ်ကျပ် စိစစ်နေ၍ မန်စီမြို့တွင် တရုတ်လုပ်ငန်းရှင်က လက်မခံသော မြန်မာနိုင်ငံသားများ တောထဲ၌ ပုန်းခိုနေရကြောင်း ကာယကံရှင်များက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ မန်စီမြို့တွင် အလုပ်လုပ်နေသော မြန်မာလုပ်သားများသည် အလုပ်ရှင်က ကျန်းမာရေး အကြောင်းပြချက်ဖြင့် နေခွင့်မပြုတော့ခြင်း၊ တည်းခိုခန်းများက လက်မခံခြင်းနှင့် နေရပ်ပြန်ရေး ကြိုးစားသော်လည်း ခရီးသည်တင်ကားများက စီးခွင့်မပေး ခြင်းတို့ကြောင့် တောထဲတွင် တိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရပါသည်။

‘‘တရုတ်နှစ်သစ်ကူးရက် အလုပ်တွေပိတ်တော့ မြန်မာတွေ နေတဲ့နေရာမှာ နေတာ။ အလုပ် ဖွင့်ချိန်ကို စောင့်နေတုန်း ဝူဟန် ဗိုင်းရပ်စ်ပြဿနာတက်ပြီး ပုန်းနေရတာ။ တောထဲမှာနေရတာ လေးရက်ရှိပြီ’’ဟု တောထဲတွင် တိမ်းရှောင်နေရသူ ကိုကျော်နိုင်က ပြောသည်။

ပုန်းအောင်းနေရသည်မှာ ကြာလာပြီဖြစ်၍ အကူအညီပေး ကြရန် ကိုကျော်နိုင်က ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့သည်။

‘‘တရုတ်ပြည်မှာ အခန်းငှားနေရင်း အဲဒီရွာကလူတွေ ကျန်း မာရေးကြောင့်ဆိုပြီး အခန်းမှာ နေခွင့်မပြုတော့ပါ။ တခြားနေရာ သွားတော့လည်း ရွာတိုင်းရွာတိုင်းမှာ လုံခြုံရေးရဲတွေရှိပါတယ်။ သူတို့က ပေးမဝင်ပါ။ မြန်မာပြည်ပြန်မယ်ဆိုတော့လည်း ကားသမားတွေမပို့ရဲကြပါ။ ရဲဆီမှာ အဖမ်း ခံတော့လည်း လူမရှိတဲ့နေရာတွေ မှာ ပစ်ထားခဲ့ပါတယ်။ မြန်မာ ပြည်ကိုပြန်မပို့ပေးပါဘူး။အခုက တောထဲမှာပဲ နေနေရပါတယ်။ အကူအညီပေးနိုင်ရင် ကူညီပေးကြပါဗျာ’’ဟု ကိုကျော်နိုင်က လူမှုကွန်ရက်တွင် ဖေဖော်ဝါရီ ၅ ရက် နံနက်က တင်ခဲ့သည်။

တရုတ်ရဲက ဖမ်းပါက ရက်အနည်းငယ်ကြာ ထိန်းသိမ်းခံရပြီး နယ်စပ်မှတစ်ဆင့် တရားဝင်ပြန် လွှဲပေး၍ နေရပ်ပြန်လိုသော မြန်မာများက အဖမ်းခံရန်ကြိုးစားခြင်းဖြစ်သည်။ သို့သော် ယခုအခါ တရုတ်ရဲက ဖမ်းပြီးနောက် လူနေရပ်ကွက်များနှင့် ဝေးသည့်နေရာများတွင် စွန့်ပစ်ထားခဲ့သည် ဟု မြန်မာအချို့က ပြောသည်။

ကိုကျော်နိုင်နှင့်အတူ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး နှစ်ဦးသည် ဖေဖော်ဝါရီ ၅ ရက် ညနေ အထိ တောထဲတွင် ပုန်းရှောင်နေ ရကြောင်းသိရသည်။ အားလုံးသည် ရခိုင်ပြည်နယ် မင်းပြားနှင့် ရသေ့တောင် မြို့နယ်မှဖြစ်ပြီး အမြန်ဆုံးကယ် တင်ပေးပါရန် ကိုကျော်နိုင်က မေတ္တာရပ်ခံသည်။ ၎င်းတို့ကဲ့သို့ ဒုက္ခရောက်နေသော မြန်မာနိုင်ငံ သား အများအပြားရှိနေသည်ဟု ဆိုသည်။ တောထဲတွင် တစ်စုစီ ဖြင့် ပုန်းနေရသူ မြန်မာနိုင်ငံသား ထောင်ချီရှိနိုင်သည်ဟု တရုတ်ရောက်မြန်မာများက ခန့်မှန်းထား သည်။

‘‘တောထဲက လုံးဝထွက်မရတာတော့ မဟုတ်ဘူး။ ဘယ်သူကမှ လက်မခံရဲတော့ နေစရာမရှိ တာ။ အိပ်ဖို့လည်း နေရာမရှိတော့ဘူး။ ဒီက မြန်မာတွေတော်တော် လေး ဒုက္ခတွေ့နေတယ်’’ဟု မန်စီ မြို့မှ မြန်မာတစ်ဦးက ပြော သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် တရားဝင်အလုပ် သမားစေလွှတ်ရေး MoU ထိုးထားခြင်းမရှိသေး၍ တရုတ် ရောက် မြန်မာ နိုင်ငံသားများသည် တရားဝင် အလုပ်သမားအဖြစ် စာရင်းမဝင်ပေ။ ထို့ကြောင့် အလုပ်သမားအခွင့်အရေးမရဘဲ ယခုကဲ့သို့ ပြဿနာကြုံပါက လုပ်ငန်းရှင်၏ အကူအညီမရဘဲ အ ခက်အခဲကြုံကြရသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်း ရပ်စ် ရိုက်ခတ်မှုကြောင့် မြန်မာအပါအဝင် နိုင်ငံခြားသားအများ အပြား နေရပ်သို့ ပြန်လွှတ်ခြင်းခံနေရသည်။ လူစုလူဝေးနေရာများ ကို ရှောင်ရန်နှင့် တရားမဝင်နေသူများ နေရပ်ပြန်ရန် အပါအဝင် စည်းကမ်းချက် အများအပြား တရုတ်က ကြေညာထားခဲ့သည်။
>>Zawgyi<<
တရုတ်တွင် မြန်မာနိုင်ငံသား အလုပ်သမားများ တောထဲတွင် ပုန်းခိုနေရ
Thursday , February 6 , 2020

Ref-7day #Myanmar_Online_News

0 comments:

Post a Comment