Monday, February 10, 2020

မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း လျှပ်စစ်မီးခွန် တစ်ယူနစ်ကို လေးရာကျပ်မှ သုံးရာကျပ်သို့ လျှော့ချကောက်ခံ

Image may contain: sky, outdoor, nature and water

မကွေးတိုင်းဒေသကြီး၊ မင်းဘူး( စကု )မြို့နယ်ရှိ မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကာလအတွင်း တည်းခိုဆောင်များ ၊ စျေးဆိုင်ခန်းများနှင့်အခြားမီးသုံးစွဲသူများက တစ်ယူနစ်ကို လေးရာကျပ်နှုန်း ကောက်ခံနေသည့် ကိစ္စနှင့်ပတ်သက်၍ မန်းရွှေစက်တော် ပွဲတော်ကျင်းပရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ ၊ မန်းရွှေစက်တော် ဂေါပကဥက္ကဌနှင့်အဖွဲ့ ၊ ပွဲတော်တွင်းသက်ဆိုင်ရာ ဌာနပေါင်းစုံနှင့်တကွ စျေးမိသားစု စျေးကော်မတီ နှင့် အထက်သောင် စျေးမိသားစုများဖြင့် ကိုးခန်းကြီးအထူးဧည့်သည်တော်များဆောင်မှာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဖေဖော်ဝါရီလ ( ၈ ) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည် ။

" ပွဲတော်မှာရှိတဲ့ တည်းကျောင်းတွေ ၊ စျေးဆိုင်တွေကို နှစ်စဉ်လိုပဲ ဘုရားကြီးကနေ လျှပ်စစ်မီးပေးခဲ့တာဖြစ်တယ် ။ မနှစ်က ပွဲတော်ကာလ လျှပ်စစ်မီး တစ်ယူနစ်ကို ( ၂၅၀ ) ကျပ် ပေးဆောင်ရတယ် ။ ယခုနှစ်မှာ လျှပ် စစ်မီး သုံးစွဲခတွေကို အစိုးရဘက်က စျေးတက်တာလည်း ရှိသလို ၊ ပွဲတော်အတွင်း လျှပ်စစ်မီး ရရှိရေးအ တွက် တိုင်တွေထောင် ၊ ကြိုးတွေဆွဲပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ တည်ဆောက်ရတော့ ကုန်ကျစရိတ် ကြီးမားခဲ့တာကြောင့် ဘုရားပွဲတော်အစမှာ တစ်ယူနစ်ကို ( ၄၀၀ ) ကျပ် သတ်မှတ်ကောက်ခံခဲ့တယ် " ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ ၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူ း ဦးစန်းဌေးက ပြောသည် ။
" လျှပ်စစ်မီးသုံးဆွဲခ တစ်ယူနစ်ကို ( ၄၀၀ )ကျပ်သတ်မှတ်ထားမှုအပေါ် တည်းကျောင်းလုပ်ငန်းရှင်များနှင့် စျေးသည်တွေက လျှော့ချပေးရန် တင်ပြတောင်းဆိုလာသည့်အတွက် ဖေဖော်ဝါရီလ ( ၈ ) ရက်နေ့က ကိုးခန်းကြီး အထူးဧည့်သည်တော်များဆောင်၌ ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပွဲတော်လုပ်ငန်း ကြီးကြပ်မှု ကော်မတီမှ အများဆန္ဒအရ တစ်ယူနစ်ကို ( ၃၀၀ ) ကျပ်နှုန်း သတ်မှတ်ကောက်ခံမှာ ဖြစ်ပါတယ် " ဟု မန်းရွှေစက်တော် ပွဲတော်လုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဌက ပြောသည် ။
ယခင်နှစ်က တစ်ယူနစ် ( ၂၅၀ ) ကျပ်နှုန်း သတ်မှတ်တုန်းက လမ်းမီးများမပါဝင်ခဲ့ပဲ ယခုနှစ် ( ၃၀၀ )ကျပ် သတ်မှတ်လိုက်ချိန်မှာတော့ သုံးမိုင် အဝင်လမ်းတစ်လျှောက် လမ်းမီးများနှင့် ဘုရားပွဲတော်ကာလအတွင်း တစ်လမ်းမောင်း စနစ် ဘုရားရွာပတ်လမ်းတစ်လျှောက် လမ်းမီးများ လင်းထိန်နေခြင်းကိုလည်း ဘုရားဖူးလာ မိဘပြည်သူများ မြင်တွေ့ရမှာဖြစ်ပြီး မန်းရွှေစက်တော် စျေးမိသားစုများဟာလည်း တစ်ဖက်တစ်လမ်းက စျေးရောင်းရင်း လျှပ်စစ်မီးကုသိုလ်ရှင်ဖြစ်ခွင့်ရတာပါ ဟု မန်းရွှေစက်တော် ဘုရားပွဲတော်မှာ လာရောက်ဖွင့်လှစ်ရောင်းချနေသူ စျေးသည်တစ်ဦးက ပြောသည် ။
" ကျတော်က မန်းရွှေစက်တော် ဘုရားပွဲတော်မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဖွင့်ထားပါတယ် ။ မနှစ်တုန်းက လျှပ်စစ်မီးတာခ တစ်ယူနစ်ကို ( ၂၅၀ )ကျပ်နှုန်း ပေးဆောင်ခဲ့ရတယ် ။ ကျတော့်ဆိုင်မှာ ဆိုင်အတွင်းနဲ့ ဆိုင်အပြင်အတွက် မီးပွင့် နှစ်ခုသာ အသုံးပြု၍ ထမင်းပေါင်းအိုးနှင့်ဖုန်းအားသွင်းရန် မီးပလပ်ခုံတစ်ခုသာ တပ်ဆင်ထားပါတယ် ။ မနှစ်က လျှပ်စစ်မီးခွန် တစ်ယူနစ်ကို ( ၂၅၀ ) ကျပ်နှုန်းနဲ့ ( ၇ ) ရက် တစ်ကြိမ်လောက် လာကောက်ခဲ့တာ ( ၄၅၀၀ ) ကျပ် ပေးဆောင်ခဲ့ရတယ် ။ ယခုနှစ်မှာ လျှပ်စစ်မီးခွန် တစ်ယူနစ်ကို ( ၄၀၀ ) ကျပ်နှုန်းနဲ့သာ ( ၇ )ရက် တစ်ကြိမ်ကောက်ခံရင် ( ၇၂၀၀ )ကျပ်လောက် ပေးဆောင်ရမှာဖြစ်တယ် ။ အခုတော့ ဘုရားပွဲတော်ထဲက တည်းကျောင်းလုပ်ငန်းရှင်တွေနဲ့ စျေးသည်တွေစုပေါင်းပြီး လျှပ်စစ်မီတာခွန် တစ်ယူနစ် ( ၄၀၀ )ကျပ်နှုန်း သတ်မှတ်ကောက်ခံနေမှုကို လျှော့ချပေးဖို့ တင်ပြတောင်းဆိုခဲ့လို့ အခုတော့ တစ်ယူနစ်ကို ( ၃၀၀ ) ကျပ်နှုန်း ဖြစ်သွားပါပြီ ။ အားလုံးကလည်း လက်ခံကျေနပ်ကြပါတယ် " ဟု ကျော် ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ ဦးကျော်ကျော်က ပြောသည် ။
Image may contain: 5 people, people sitting and indoor
Image may contain: 3 people, people sitting, table and indoor
Image may contain: people standing, mountain, sky, outdoor and nature
Ref ; Media TOP 4
<zawgyi>
မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း လျှပ်စစ်မီးခွန် တစ်ယူနစ်ကို လေးရာကျပ်မှ သုံးရာကျပ်သို့ လျှော့ချကောက်ခံ
Monday, February 10 , 2020

မကွေးတိုင်းဒေသကြီး၊ မင်းဘူး( စကု )မြို့နယ်ရှိ မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကာလအတွင်း တည်းခိုဆောင်များ ၊ စျေးဆိုင်ခန်းများနှင့်အခြားမီးသုံးစွဲသူများက တစ်ယူနစ်ကို လေးရာကျပ်နှုန်း ကောက်ခံနေသည့် ကိစ္စနှင့်ပတ်သက်၍ မန်းရွှေစက်တော် ပွဲတော်ကျင်းပရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ ၊ မန်းရွှေစက်တော် ဂေါပကဥက္ကဌနှင့်အဖွဲ့ ၊ ပွဲတော်တွင်းသက်ဆိုင်ရာ ဌာနပေါင်းစုံနှင့်တကွ စျေးမိသားစု စျေးကော်မတီ နှင့် အထက်သောင် စျေးမိသားစုများဖြင့် ကိုးခန်းကြီးအထူးဧည့်သည်တော်များဆောင်မှာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဖေဖော်ဝါရီလ ( ၈ ) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည် ။
" ပွဲတော်မှာရှိတဲ့ တည်းကျောင်းတွေ ၊ စျေးဆိုင်တွေကို နှစ်စဉ်လိုပဲ ဘုရားကြီးကနေ လျှပ်စစ်မီးပေးခဲ့တာဖြစ်တယ် ။ မနှစ်က ပွဲတော်ကာလ လျှပ်စစ်မီး တစ်ယူနစ်ကို ( ၂၅၀ ) ကျပ် ပေးဆောင်ရတယ် ။ ယခုနှစ်မှာ လျှပ် စစ်မီး သုံးစွဲခတွေကို အစိုးရဘက်က စျေးတက်တာလည်း ရှိသလို ၊ ပွဲတော်အတွင်း လျှပ်စစ်မီး ရရှိရေးအ တွက် တိုင်တွေထောင် ၊ ကြိုးတွေဆွဲပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ တည်ဆောက်ရတော့ ကုန်ကျစရိတ် ကြီးမားခဲ့တာကြောင့် ဘုရားပွဲတော်အစမှာ တစ်ယူနစ်ကို ( ၄၀၀ ) ကျပ် သတ်မှတ်ကောက်ခံခဲ့တယ် " ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ ၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူ း ဦးစန်းဌေးက ပြောသည် ။
" လျှပ်စစ်မီးသုံးဆွဲခ တစ်ယူနစ်ကို ( ၄၀၀ )ကျပ်သတ်မှတ်ထားမှုအပေါ် တည်းကျောင်းလုပ်ငန်းရှင်များနှင့် စျေးသည်တွေက လျှော့ချပေးရန် တင်ပြတောင်းဆိုလာသည့်အတွက် ဖေဖော်ဝါရီလ ( ၈ ) ရက်နေ့က ကိုးခန်းကြီး အထူးဧည့်သည်တော်များဆောင်၌ ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပွဲတော်လုပ်ငန်း ကြီးကြပ်မှု ကော်မတီမှ အများဆန္ဒအရ တစ်ယူနစ်ကို ( ၃၀၀ ) ကျပ်နှုန်း သတ်မှတ်ကောက်ခံမှာ ဖြစ်ပါတယ် " ဟု မန်းရွှေစက်တော် ပွဲတော်လုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဌက ပြောသည် ။
ယခင်နှစ်က တစ်ယူနစ် ( ၂၅၀ ) ကျပ်နှုန်း သတ်မှတ်တုန်းက လမ်းမီးများမပါဝင်ခဲ့ပဲ ယခုနှစ် ( ၃၀၀ )ကျပ် သတ်မှတ်လိုက်ချိန်မှာတော့ သုံးမိုင် အဝင်လမ်းတစ်လျှောက် လမ်းမီးများနှင့် ဘုရားပွဲတော်ကာလအတွင်း တစ်လမ်းမောင်း စနစ် ဘုရားရွာပတ်လမ်းတစ်လျှောက် လမ်းမီးများ လင်းထိန်နေခြင်းကိုလည်း ဘုရားဖူးလာ မိဘပြည်သူများ မြင်တွေ့ရမှာဖြစ်ပြီး မန်းရွှေစက်တော် စျေးမိသားစုများဟာလည်း တစ်ဖက်တစ်လမ်းက စျေးရောင်းရင်း လျှပ်စစ်မီးကုသိုလ်ရှင်ဖြစ်ခွင့်ရတာပါ ဟု မန်းရွှေစက်တော် ဘုရားပွဲတော်မှာ လာရောက်ဖွင့်လှစ်ရောင်းချနေသူ စျေးသည်တစ်ဦးက ပြောသည် ။
" ကျတော်က မန်းရွှေစက်တော် ဘုရားပွဲတော်မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဖွင့်ထားပါတယ် ။ မနှစ်တုန်းက လျှပ်စစ်မီးတာခ တစ်ယူနစ်ကို ( ၂၅၀ )ကျပ်နှုန်း ပေးဆောင်ခဲ့ရတယ် ။ ကျတော့်ဆိုင်မှာ ဆိုင်အတွင်းနဲ့ ဆိုင်အပြင်အတွက် မီးပွင့် နှစ်ခုသာ အသုံးပြု၍ ထမင်းပေါင်းအိုးနှင့်ဖုန်းအားသွင်းရန် မီးပလပ်ခုံတစ်ခုသာ တပ်ဆင်ထားပါတယ် ။ မနှစ်က လျှပ်စစ်မီးခွန် တစ်ယူနစ်ကို ( ၂၅၀ ) ကျပ်နှုန်းနဲ့ ( ၇ ) ရက် တစ်ကြိမ်လောက် လာကောက်ခဲ့တာ ( ၄၅၀၀ ) ကျပ် ပေးဆောင်ခဲ့ရတယ် ။ ယခုနှစ်မှာ လျှပ်စစ်မီးခွန် တစ်ယူနစ်ကို ( ၄၀၀ ) ကျပ်နှုန်းနဲ့သာ ( ၇ )ရက် တစ်ကြိမ်ကောက်ခံရင် ( ၇၂၀၀ )ကျပ်လောက် ပေးဆောင်ရမှာဖြစ်တယ် ။ အခုတော့ ဘုရားပွဲတော်ထဲက တည်းကျောင်းလုပ်ငန်းရှင်တွေနဲ့ စျေးသည်တွေစုပေါင်းပြီး လျှပ်စစ်မီတာခွန် တစ်ယူနစ် ( ၄၀၀ )ကျပ်နှုန်း သတ်မှတ်ကောက်ခံနေမှုကို လျှော့ချပေးဖို့ တင်ပြတောင်းဆိုခဲ့လို့ အခုတော့ တစ်ယူနစ်ကို ( ၃၀၀ ) ကျပ်နှုန်း ဖြစ်သွားပါပြီ ။ အားလုံးကလည်း လက်ခံကျေနပ်ကြပါတယ် " ဟု ကျော် ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ ဦးကျော်ကျော်က ပြောသည် ။
Ref ; Media TOP 4

0 comments:

Post a Comment