Tuesday, February 4, 2020

မန္တလေးတွင် သေနတ်ပြကာ ငွေလွှဲခိုင်းသူကို ဆိုင်ဝန်ထမ်းအမျိုးသမီးက လုံးထွေးဖမ်းဆီး


Image may contain: text that says 'CRIME'
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ Wave Money ငွေလွှဲဆိုင်တွင် အမျိုးသားတစ်ဦးက ငွေလွှဲခိုင်းပြီး သေနတ်ပြ ခြိမ်းခြောက်ဟန်ပြုစဉ် ဆိုင်ရှင် အမျိုးသမီးက နပန်းလုံးကာ ဖမ်းဆီးခဲ့မှု ဖေဖော်ဝါရီ(၃)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖေဖော်ဝါရီ(၃)ရက် ညနေပိုင်းက ချမ်းမြသာစည်မြို့နယ် ၅၈လမ်း၊ အေလမ်းနှင့်ဘီလမ်းကြားရှိ Wave Money ငွေလွှဲဆိုင်သို့ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ငွေကျပ်သုံးသိန်း လွှဲခိုင်းခဲ့ကြောင်း၊ ဆိုင်ရှိအမျိူသမီးက လွှဲငွေတောင်းရာ အမျိုးသားက ငွေမပေးဘဲ သေနတ် ထုတ်ပြသဖြင့် အမျိုးသမီးက ဝင်ရောက်နပန်းလုံး ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေနတ်ပြသည့် အမျိုးသားသည် အသက်(၂၃)နှစ်အရွယ် ဖြစ်ပြီး သေနတ်မှာမူ မီးခြစ်သေနတ်ဖြစ်ကြောင်း၊ ဆိုင်ရှိအမျိုးသမီးက နပန်းလုံးခဲ့ရာ အများပြည်သူမှ ဝိုင်းဝန်းဖမ်းဆီပြီး ရဲတပ်ဖွဲ့ထံ အပ်ခဲ့ခြင်းဖြစ်သည်ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦး ပြောသည်။

"ဆိုင်ကယ်နဲ့လာတယ်၊ ငွေလွှဲချင်လို့ဆိုပြီး လာပြောတယ်။ ဒီကောင်က ဆိုဒ်က သားသားနားနားဆိုတော့ ကောင်မလေးကလည်း ယုံပြီး လွှဲပေးလိုက်တယ်။ ပြီးတော့ ပိုက်ဆံတောင်းတဲ့အချိန်မှာ မပေးဘူး။ ဒီကောင်က လုတာ မဟုတ်ဘူး။ လွှဲခိုင်းပြီး မပေးတာ။ မပေးတော့ ဘာလုပ်လဲဆို လည်သာအကျီၤကို လှပ်ပြတယ်။ အထဲမှာ သေနတ်တစ်လက် ပါတယ်။ မပေးတော့ ဟိုကောင်မလေးက အဲ့သေနတ်လဲ မကြောက်ဘူး အဲ့ကောင်ကို နပမ်းလုံးပြီး ဖမ်းတယ်။ မိတယ်။ မိတော့ အဲ့သေနတ်ကို စစ်လိုက်တော့ မီးခြစ်သေနတ်ဖြစ်နေတယ်" ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ဖမ်းဆီးမိသည့် အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က စစ်ဆေးရာ ဆိုင်ကယ်အတွင်းမှ ဓားမြှောင်တစ်လက်နှင့် ဇက်သော့ချိုးထားသည့် ဆိုင်ကယ်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးခြစ်သေနတ်ပြကာ လိမ်လည်ငွေလွှဲခိုင်းသည့် အမျိုးသားကို ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၈၀/၅၄ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
Ref ; Mandalay Indepth News
<zawgyi>
မန္တလေးတွင် သေနတ်ပြကာ ငွေလွှဲခိုင်းသူကို ဆိုင်ဝန်ထမ်းအမျိုးသမီးက လုံးထွေးဖမ်းဆီး
Wednesday , February 5 , 2020

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ Wave Money ငွေလွှဲဆိုင်တွင် အမျိုးသားတစ်ဦးက ငွေလွှဲခိုင်းပြီး သေနတ်ပြ ခြိမ်းခြောက်ဟန်ပြုစဉ် ဆိုင်ရှင် အမျိုးသမီးက နပန်းလုံးကာ ဖမ်းဆီးခဲ့မှု ဖေဖော်ဝါရီ(၃)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖေဖော်ဝါရီ(၃)ရက် ညနေပိုင်းက ချမ်းမြသာစည်မြို့နယ် ၅၈လမ်း၊ အေလမ်းနှင့်ဘီလမ်းကြားရှိ Wave Money ငွေလွှဲဆိုင်သို့ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ငွေကျပ်သုံးသိန်း လွှဲခိုင်းခဲ့ကြောင်း၊ ဆိုင်ရှိအမျိူသမီးက လွှဲငွေတောင်းရာ အမျိုးသားက ငွေမပေးဘဲ သေနတ် ထုတ်ပြသဖြင့် အမျိုးသမီးက ဝင်ရောက်နပန်းလုံး ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေနတ်ပြသည့် အမျိုးသားသည် အသက်(၂၃)နှစ်အရွယ် ဖြစ်ပြီး သေနတ်မှာမူ မီးခြစ်သေနတ်ဖြစ်ကြောင်း၊ ဆိုင်ရှိအမျိုးသမီးက နပန်းလုံးခဲ့ရာ အများပြည်သူမှ ဝိုင်းဝန်းဖမ်းဆီပြီး ရဲတပ်ဖွဲ့ထံ အပ်ခဲ့ခြင်းဖြစ်သည်ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦး ပြောသည်။

"ဆိုင်ကယ်နဲ့လာတယ်၊ ငွေလွှဲချင်လို့ဆိုပြီး လာပြောတယ်။ ဒီကောင်က ဆိုဒ်က သားသားနားနားဆိုတော့ ကောင်မလေးကလည်း ယုံပြီး လွှဲပေးလိုက်တယ်။ ပြီးတော့ ပိုက်ဆံတောင်းတဲ့အချိန်မှာ မပေးဘူး။ ဒီကောင်က လုတာ မဟုတ်ဘူး။ လွှဲခိုင်းပြီး မပေးတာ။ မပေးတော့ ဘာလုပ်လဲဆို လည်သာအကျီင်္ကို လှပ်ပြတယ်။ အထဲမှာ သေနတ်တစ်လက် ပါတယ်။ မပေးတော့ ဟိုကောင်မလေးက အဲ့သေနတ်လဲ မကြောက်ဘူး အဲ့ကောင်ကို နပမ်းလုံးပြီး ဖမ်းတယ်။ မိတယ်။ မိတော့ အဲ့သေနတ်ကို စစ်လိုက်တော့ မီးခြစ်သေနတ်ဖြစ်နေတယ်" ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ဖမ်းဆီးမိသည့် အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က စစ်ဆေးရာ ဆိုင်ကယ်အတွင်းမှ ဓားမြှောင်တစ်လက်နှင့် ဇက်သော့ချိုးထားသည့် ဆိုင်ကယ်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးခြစ်သေနတ်ပြကာ လိမ်လည်ငွေလွှဲခိုင်းသည့် အမျိုးသားကို ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၈၀/၅၄ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
Ref ; Mandalay Indepth News

0 comments:

Post a Comment