Sunday, February 9, 2020

တက္ကသိုလ်ဝင် စာမေးပွဲကို ကိုယ်ပိုင်ဉာဏ်သုံးပြီး ဖြေဆိုပါက အမှတ်ပိုရနိုင်ဟုဆို

Image may contain: 1 person, closeup

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အလွတ်ကျက်ထားသည်ထက် ကိုယ်ပိုင်ဉာဏ်သုံးကာ ဖြေဆိုပါက အမှတ်ပိုရရှိမည်ဟု ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ အောင် မြင့်ဦးက ပြောသည်။

“မနှစ်က မြန်မာစာဘာသာရပ် ဖြေတဲ့အထိကတော့ ကျွန်တော်တို့ လိုချင်တဲ့ အနေအထားမရသေးဘူး။ အရင်တိုင်းပဲ အလွတ် ကျက်၊ ကျက်တာဖြေ အဲဒီတော့ အပုဒ်ကတော့ ဒီအပုဒ်ပဲလေ။ ခေါင်းစဉ်က တူတာကိုး။ မေးကွက်က ဒီအကွက်ပဲ။ ဒါပေမဲ့ မေးပုံ က တစ်မျိုး။ ဖြေလိုက်တာက သူကျက်ထားတဲ့ဟာဆိုတော့ အမှတ်တွေမရဘူး။ ဖြစ်စေချင်တာက ကျောင်းသူ၊ ကျောင်းသားတွေ က ကိုယ်ကျက်ထားတဲ့ စာအပေါ်မှာ မေးတဲ့ မေးခွန်းနဲ့ အံ့ဝင်ဂွင်ကျဖြစ်အောင် ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်လေးသုံးပြီးတော့ ကိုယ့်ပိုင် အတင်အပြလေး ဖြစ်အောင်လုပ်ရင်တော့ သူများထက် ထူးချွန်တဲ့ အမှတ်တွေရပါလိမ့်မယ်”ဟု ၎င်းကပြောသည်။
မြန်မာစာဘာသာရပ် မေးခွန်းပုံစံများအား ၂၀၁၉ ခုနှစ် မတ်လ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြောင်းလဲမေးခဲ့ပြီး အထူးသဖြင့် တွေး ခေါ်မျှော်မြင်ကာ ရေးသားဖြေဆိုသည့်ဘက်ကို အားပြုခဲ့သော်လည်း ကျောင်းသား၊ ကျောင်းသူအများစုမှာ စာစီစာကုံးကိုပင် အ လွတ်ကျက်ထားသည့် အတိုင်းသာ ရေးသားဖြေဆိုခဲ့မှုများရှိကြောင်း မြန်မာစာဌာနမှ သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၉၇၀၇၅၉ ဦးရှိ ပြီး ယခင်နှစ်ထက် လူဦးရေ ၁၂၀၀၀၀ ဦးပိုမိုများကြောင်း သိရသည်။
Image may contain: 6 people, people standing and outdoor
Ref ; Akonthi
<zawgyi>
တက္ကသိုလ်ဝင် စာမေးပွဲကို ကိုယ်ပိုင်ဉာဏ်သုံးပြီး ဖြေဆိုပါက အမှတ်ပိုရနိုင်ဟုဆို
Monday, February 10 , 2020

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အလွတ်ကျက်ထားသည်ထက် ကိုယ်ပိုင်ဉာဏ်သုံးကာ ဖြေဆိုပါက အမှတ်ပိုရရှိမည်ဟု ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ အောင် မြင့်ဦးက ပြောသည်။
“မနှစ်က မြန်မာစာဘာသာရပ် ဖြေတဲ့အထိကတော့ ကျွန်တော်တို့ လိုချင်တဲ့ အနေအထားမရသေးဘူး။ အရင်တိုင်းပဲ အလွတ် ကျက်၊ ကျက်တာဖြေ အဲဒီတော့ အပုဒ်ကတော့ ဒီအပုဒ်ပဲလေ။ ခေါင်းစဉ်က တူတာကိုး။ မေးကွက်က ဒီအကွက်ပဲ။ ဒါပေမဲ့ မေးပုံ က တစ်မျိုး။ ဖြေလိုက်တာက သူကျက်ထားတဲ့ဟာဆိုတော့ အမှတ်တွေမရဘူး။ ဖြစ်စေချင်တာက ကျောင်းသူ၊ ကျောင်းသားတွေ က ကိုယ်ကျက်ထားတဲ့ စာအပေါ်မှာ မေးတဲ့ မေးခွန်းနဲ့ အံ့ဝင်ဂွင်ကျဖြစ်အောင် ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်လေးသုံးပြီးတော့ ကိုယ့်ပိုင် အတင်အပြလေး ဖြစ်အောင်လုပ်ရင်တော့ သူများထက် ထူးချွန်တဲ့ အမှတ်တွေရပါလိမ့်မယ်”ဟု ၎င်းကပြောသည်။
မြန်မာစာဘာသာရပ် မေးခွန်းပုံစံများအား ၂၀၁၉ ခုနှစ် မတ်လ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြောင်းလဲမေးခဲ့ပြီး အထူးသဖြင့် တွေး ခေါ်မျှော်မြင်ကာ ရေးသားဖြေဆိုသည့်ဘက်ကို အားပြုခဲ့သော်လည်း ကျောင်းသား၊ ကျောင်းသူအများစုမှာ စာစီစာကုံးကိုပင် အ လွတ်ကျက်ထားသည့် အတိုင်းသာ ရေးသားဖြေဆိုခဲ့မှုများရှိကြောင်း မြန်မာစာဌာနမှ သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၉၇၀၇၅၉ ဦးရှိ ပြီး ယခင်နှစ်ထက် လူဦးရေ ၁၂၀၀၀၀ ဦးပိုမိုများကြောင်း သိရသည်။
Ref ; Akonthi

0 comments:

Post a Comment