Thursday, February 13, 2020

မန္တလေး - ရွှေဘို လမ်းပေါ် ဘိလပ်မြေ တင်ဆောင်လာသော ၁၂ ဘီးကား မီးလောင်

Image may contain: night, fire and outdoor

မန္တလေး-ဝက်လက်-ရွှေဘိုကားလမ်းမကြီး မိုင်တိုင်အမှတ် ၆၁/၂နှင့် ၆၁/၁အကြားတွင် မန္တလေးဘက်မှမောင်းနှင်လာသော ဘိလပ်မြေ တင်ဆောင်လာသော၁၂ဘီးကားတစ်စီး မီးလောင်မှုယနေ့ နံနက် ၂ နာရီ ခန့်က ဖြစ်ပွားခဲ့သည်။

ယာဥ်မောင်းနှင်လာစဥ် ဘယ်ဘက်နောက်ဘီး ဘရိတ်လိုင်နာညှိပြီး အပူလွန်ကဲရာမှ မီးလောင်မှု​ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ မှ သုံးသပ်ထားသည်။
ကားမီးလောင်ရာနေရာသို့ ဝက်လက်မီးသတ်စခန်းမှ မီးသတ်ကား၃စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ အချိန်မှီသွား ငြီမ်းသတ်နိုင်ခဲ့သဖြင့် နံနက်၃နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် ကား၏ ဘယ်ညာနောက်ဘီး၈လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်၊သေဆုံးမှု မရှိကြောင်းသိရသည်။
Image may contain: outdoor
သတင်း - မုံရွာဂေဇက်
<zawgyi>
မန္တလေး - ရွှေဘို လမ်းပေါ် ဘိလပ်မြေ တင်ဆောင်လာသော ၁၂ ဘီးကား မီးလောင်
Thursday , February 13 , 2020

မန္တလေး-ဝက်လက်-ရွှေဘိုကားလမ်းမကြီး မိုင်တိုင်အမှတ် ၆၁/၂နှင့် ၆၁/၁အကြားတွင် မန္တလေးဘက်မှမောင်းနှင်လာသော ဘိလပ်မြေ တင်ဆောင်လာသော၁၂ဘီးကားတစ်စီး မီးလောင်မှုယနေ့ နံနက် ၂ နာရီ ခန့်က ဖြစ်ပွားခဲ့သည်။
ယာဉ်မောင်းနှင်လာစဉ် ဘယ်ဘက်နောက်ဘီး ဘရိတ်လိုင်နာညှိပြီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ မှ သုံးသပ်ထားသည်။
ကားမီးလောင်ရာနေရာသို့ ဝက်လက်မီးသတ်စခန်းမှ မီးသတ်ကား၃စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ အချိန်မှီသွား ငြီမ်းသတ်နိုင်ခဲ့သဖြင့် နံနက်၃နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် ကား၏ ဘယ်ညာနောက်ဘီး၈လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်၊သေဆုံးမှု မရှိကြောင်းသိရသည်။
သတင်း - မုံရွာဂေဇက်

0 comments:

Post a Comment