Tuesday, February 4, 2020

ပုဂံက ရှုခင်းကြည့်ကုန်းပေါ် ကားနဲ့တက်ပြီး ဘီယာသောက်ဖို့ပြင်ခဲ့တဲ့ တရုတ်အမျိုးသားတွေကို လိုက်လံဖမ်းဆီးနေ

Image may contain: one or more people, people sitting, people standing, child, outdoor and nature

ပုဂံရှေးဟောင်းနယ်မြေထဲက ရှုခင်းကြည့်အရှေ့အိုးထိန်းကုန်းပေါ် ကားနဲ့တက်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးရမိဖို့ ပုဂံနယ်မြေရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ ပုဂံနယ်မြေရဲစခန်းက သိရပါတယ်။

တရုတ်နိုင်ငံသားတွေပါတဲ့ ကား(၈)စီးနဲ့ ပုဂံရှေးဟောင်းနယ်မြေ၊ အရှေ့အိုးထိန်းကုန်းကို ဖေဖော်ဝါရီ(၁) ရက်နေ့က ကားမောင်းတက်ခဲ့ပြီး ဘီယာသောက်ဖို့ ပြင်ဆင်ခဲ့တဲ့အချိန် ဒေသခံဧည့်လမ်းညွှန်တွေကတွေ့ပြီးတားမြစ်ခဲ့လို့ ပြန်ဆင်းသွားခဲ့ကြတယ်လို့ သိရပါတယ်။
"ဖမ်းဆီးရမိရေးလုပ်ဆောင်နေကြပါတယ်။ အပြည့်အစုံကတော့ အမှုစစ်မှသိမှာပါ။ ကျွန်တော်တို့နဲ့တော့ ဖုန်းအဆက်အ သွယ်မရသေးပါဘူး။ မနေ့ညကထဲက လိုက်ရှာနေပါတယ်။”လို့ ပုဂံနယ်မြေရဲစခန်းက တာဝန် ကျရဲတပ်ဖွဲ့ဝင်တစ်ယောက်က O Media ကိုပြောပါတယ်။
အဲဒီတရုတ်နိုင်ငံသားတွေကို ဖေဖော်ဝါရီ(၂)ရက်က ပုဂံရဲစခန်းမှာ အမှုဖွင့်ဖို့စီစဉ်ခဲ့ပေမယ့် အချက်အလက်မ ပြည့်စုံတာကြောင့် ဖေဖော်ဝါရီ(၃)ရက်မှာ ရှေးဟောင်းအဆောက်အအုံများကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ(၂၀)အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
"စည်းကမ်းချက်တွေ၊ ဆိုင်းဘုတ်တွေရေးရမှာပေါ့နော်။ ဒီဟာက တက်လို့မရဘူး။ ဒီဧရိယာအဝန်းအဝိုင်းက ဒီလိုရှိတယ်ဆိုတာကို ခြံစည်းရိုးတွေကာပြီးတော့ စည်းကမ်းချက်တွေထုတ်ရမှာပေါ့။ ဥပဒေကတော့ ရှိပြီးသားပါ။”လို့ ရှေးဟောင်းသုတေသ နနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောပါတယ်။
၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပုဂံရှေး ဟောင်းနယ်မြေထဲမှာရှိတဲ့ သာသနိက အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တဲ့အတွက် ဘုရားပေါ်လူတက်ရောက်တာတွေကို တားမြစ်ခဲ့ပါတယ်။
အဲဒီလိုတားမြစ်ခဲ့ပြီးနောက် ပုဂံဒေသကိုကြည့်ရှုနိုင်ဖို ညောင်လက်တစ်ဖက်ကန်ရှုခင်းကြည့်ကုန်း၊ အနောက် အိုးထိန်းကုန်း၊ အရှေ့အိုးထိန်းကုန်း၊ မင်းနန်းသူရွာရှုခင်းကြည့်ကုန်း၊ ကိုးမောက်ကန်ရှုခင်းကြည့်ကုန်းတွေကို ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။
Image may contain: sky, tree, outdoor and nature
Image may contain: car, tree and outdoor
Ref ; Omedia
<zawgyi>
ပုဂံက ရှုခင်းကြည့်ကုန်းပေါ် ကားနဲ့တက်ပြီး ဘီယာသောက်ဖို့ပြင်ခဲ့တဲ့ တရုတ်အမျိုးသားတွေကို လိုက်လံဖမ်းဆီးနေ
Tuesday , February 4 , 2020

ပုဂံရှေးဟောင်းနယ်မြေထဲက ရှုခင်းကြည့်အရှေ့အိုးထိန်းကုန်းပေါ် ကားနဲ့တက်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးရမိဖို့ ပုဂံနယ်မြေရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ ပုဂံနယ်မြေရဲစခန်းက သိရပါတယ်။
တရုတ်နိုင်ငံသားတွေပါတဲ့ ကား(၈)စီးနဲ့ ပုဂံရှေးဟောင်းနယ်မြေ၊ အရှေ့အိုးထိန်းကုန်းကို ဖေဖော်ဝါရီ(၁) ရက်နေ့က ကားမောင်းတက်ခဲ့ပြီး ဘီယာသောက်ဖို့ ပြင်ဆင်ခဲ့တဲ့အချိန် ဒေသခံဧည့်လမ်းညွှန်တွေကတွေ့ပြီးတားမြစ်ခဲ့လို့ ပြန်ဆင်းသွားခဲ့ကြတယ်လို့ သိရပါတယ်။
"ဖမ်းဆီးရမိရေးလုပ်ဆောင်နေကြပါတယ်။ အပြည့်အစုံကတော့ အမှုစစ်မှသိမှာပါ။ ကျွန်တော်တို့နဲ့တော့ ဖုန်းအဆက်အ သွယ်မရသေးပါဘူး။ မနေ့ညကထဲက လိုက်ရှာနေပါတယ်။”လို့ ပုဂံနယ်မြေရဲစခန်းက တာဝန် ကျရဲတပ်ဖွဲ့ဝင်တစ်ယောက်က O Media ကိုပြောပါတယ်။
အဲဒီတရုတ်နိုင်ငံသားတွေကို ဖေဖော်ဝါရီ(၂)ရက်က ပုဂံရဲစခန်းမှာ အမှုဖွင့်ဖို့စီစဉ်ခဲ့ပေမယ့် အချက်အလက်မ ပြည့်စုံတာကြောင့် ဖေဖော်ဝါရီ(၃)ရက်မှာ ရှေးဟောင်းအဆောက်အအုံများကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ(၂၀)အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
"စည်းကမ်းချက်တွေ၊ ဆိုင်းဘုတ်တွေရေးရမှာပေါ့နော်။ ဒီဟာက တက်လို့မရဘူး။ ဒီဧရိယာအဝန်းအဝိုင်းက ဒီလိုရှိတယ်ဆိုတာကို ခြံစည်းရိုးတွေကာပြီးတော့ စည်းကမ်းချက်တွေထုတ်ရမှာပေါ့။ ဥပဒေကတော့ ရှိပြီးသားပါ။”လို့ ရှေးဟောင်းသုတေသ နနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောပါတယ်။
၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပုဂံရှေး ဟောင်းနယ်မြေထဲမှာရှိတဲ့ သာသနိက အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တဲ့အတွက် ဘုရားပေါ်လူတက်ရောက်တာတွေကို တားမြစ်ခဲ့ပါတယ်။
အဲဒီလိုတားမြစ်ခဲ့ပြီးနောက် ပုဂံဒေသကိုကြည့်ရှုနိုင်ဖို ညောင်လက်တစ်ဖက်ကန်ရှုခင်းကြည့်ကုန်း၊ အနောက် အိုးထိန်းကုန်း၊ အရှေ့အိုးထိန်းကုန်း၊ မင်းနန်းသူရွာရှုခင်းကြည့်ကုန်း၊ ကိုးမောက်ကန်ရှုခင်းကြည့်ကုန်းတွေကို ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။
Ref ; Omedia

0 comments:

Post a Comment