Wednesday, February 5, 2020

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ဗေဒင်ဆရာဆိုသူက ၇ တန်း ကျောင်းသူ(၃)ဦးကို တည်းခိုခန်းသို့ အလှည့်ကျခေါ်ယူပြီး မုဒိန်း ကျင့်မှုဖြစ်ပွား

Image may contain: 1 person, closeupImage may contain: 1 person, closeup

ရောင်းဒေါင်းကျေးရွာ အရှေ့ပိုင်းမှာနေတဲ့ အသက်(၂၈)နှစ်အရွယ်ရှိသီဟအောင် ဆိုသူ ဗေဒင်ဆရာက သူနဲ့ရည်းစားဖြစ်နေတဲ့ အပျိုကြီး ဒေါ်အေးမြင့် (၃၈)နှစ်ကို ကံနိမ့်နေလို့ ယတြာချေရမယ်လို့ပြောတယ်။ ယတြာက အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ်တစ်ဦးကို သူ့ထံသို့ (၇)ပတ်တိုင်တိုင် ခေါ်လာပေးရမယ်လို့ဆိုပြီး သူ့ရည်းစားအပျိုကြီး ခေါ်လာပေးတဲ့ ကလေးမလေးတွေကို တည်းခိုခန်းကိုခေါပြီး မုဒိန်းကျင့်တာပါ။

သူ့ရည်းစား ဗေဒင်ဆရာရဲ့ စေခိုင်းချက်အရ ယတြာချေဖို့ ဒေါ်အေးမြင့် က ပထမဆုံးသူမရဲ့တူမဖြစ်သူ အသက်(၁၂)နှစ်အရွယ် ကလေးမကိုစည်းရုံးပြီး မုဒုံမြို့ မဟာနန္ဒာတည်းခိုခန်း အခန်းနံပါတ်(၃)ကို ခေါ် ဆောင်လာပေးတဲ့အတွက် တကြိမ် မုဒိန်းကျင့်ပြီး ပြန်လွှတ်လိုက်တယ်။ နောက်ထပ် တပတ်လောက်အကြာမှာ အဲဒီကလေးမလေးကိုပဲ သံဖြူဇရပ်မြို့က မြတ်မိခင်တည်းခိုခန်း အခန်းနံပါတ်(၃၀၄)မှာ နောက်တခါ ထပ်ကျင့်ခဲ့တယ်။
နောက်ထပ် တပတ်မလဲ ဗေဒင်ဆရာရဲ့ ရည်းစား ဒေါ်အေးမြင့် က ပထမကျင့်ခံထိတဲ့ ကလေးမလေးရဲ့ သူငယ်ချင်းလေးတွေ ကိုစည်းရုံးပြီး အသက်(၁၃)နှစ် နဲ့ (၁၂)နှစ်အရွယ် နောက်ထပ် ကလေးမ ၂ ယောက်ကို ဗေဒင်ဆရာဆီ ပို့ပေးခဲ့လို့ မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ်(၃၀၄)မှာပဲ တကြိမ်စီ မုဒိန်းကျင့်ခဲ့ပါတယ်။
အဲဒီလို ကလေးမလေးတွေကိုစည်းရုံးပြီး အပတ်စဉ် တည်းခိုခန်းခေါ် မုဒိန်းကျင့်နေတဲ့ကိစ္စကို ကလေးတွေအချင်းချင်းကြား အသံထွက်လာရာမှ မိဘတွေကသိခဲ့လို့ ဒီယုတ်မာတဲ့အမှုကြီးပေါ်ခဲ့တာလို့ သိရပါတယ်။
လေးယောက်မြောက် ပို့ဆောင်ခံရမဲ့ ကလေးမလေးကို အရှေ့မှာ မုဒိန်းကျင့်ခံခဲ့ရတဲ့ ကလေးမလေးတွေက အခြေအနေကို ပြောပြရာမှ၄ ယောက်မြောက်ကလေးက ကြောက်ပြီး မိဘတွေကို ပြန်ပြောရာမှ ဒီအမှုပေါ်ပေါက်ခဲ့ရတာပါ။
လက်ရှိတော့ မုဒိန်းမှုတရားခံ ဗေဒင်ဆရာ သီဟအောင် ဆိုသူနဲ့ကလေးမလေးတွေကို စည်းရုံးပို့ပေးခဲ့တဲ့ သူ့ရည်းစား ဒေါ်အေးမြင့် ဆိုသူကိုဖမ်းဆီးပြီး ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ နယ်မြေခံတွေဆီက သတင်းရပါတယ်။
စနစ်တကျ တပတ်တယောက် မုဒိန်းကျင့်ခဲ့တဲ့ သက်ငယ်မုဒိန်းမှုအတွက် သင်တို့ကရော ဘာပြောချင်ကြလဲ … ?
နယ်မြေခံတွေကရော ဒီအမှုနဲ့ ပတ်သတ်ပြီး ထပ်သိထားတာလေးတွေထပ်ရေးပြလို့ ရပါတယ်။

Source : San Lin Oo
>>Zawgyi<<
မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ဗေဒင်ဆရာဆိုသူက ၇ တန်း ကျောင်းသူ(၃)ဦးကို တည်းခိုခန်းသို့ အလှည့်ကျခေါ်ယူပြီး မုဒိန်း ကျင့်မှုဖြစ်ပွား
Wednesday , February 5 , 2020

ရောင်းဒေါင်းကျေးရွာ အရှေ့ပိုင်းမှာနေတဲ့ အသက်(၂၈)နှစ်အရွယ်ရှိသီဟအောင် ဆိုသူ ဗေဒင်ဆရာက သူနဲ့ရည်းစားဖြစ်နေတဲ့ အပျိုကြီး ဒေါ်အေးမြင့် (၃၈)နှစ်ကို ကံနိမ့်နေလို့ ယတြာချေရမယ်လို့ပြောတယ်။ ယတြာက အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ်တစ်ဦးကို သူ့ထံသို့ (၇)ပတ် တိုင်တိုင် ခေါ်လာပေးရမယ်လို့ဆိုပြီး သူ့ရည်းစားအပျိုကြီး ခေါ်လာပေးတဲ့ ကလေးမလေးတွေကို တည်းခိုခန်းကိုခေါ်ပြီး မုဒိန်းကျင့်တာပါ။
သူ့ရည်းစား ဗေဒင်ဆရာရဲ့ စေခိုင်းချက်အရ ယတြာချေဖို့ ဒေါ်အေးမြင့် က ပထမဆုံး သူမရဲ့တူမ ဖြစ်သူ အသက်(၁၂)နှစ်အရွယ် ကလေးမ ကို စည်းရုံးပြီး မုဒုံမြို့ မဟာနန္ဒာတည်းခိုခန်း အခန်းနံပါတ်(၃)ကို ခေါ် ဆောင်လာပေးတဲ့အတွက် တကြိမ် မုဒိန်းကျင့်ပြီး ပြန်လွှတ်လိုက်တယ်။ နောက်ထပ် တပတ်လောက်အကြာမှာ အဲဒီကလေးမလေးကိုပဲ သံဖြူဇရပ်မြို့က မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ်(၃၀၄) မှာ နောက်တခါ ထပ်ကျင့်ခဲ့တယ်။
နောက်ထပ် တပတ်မလဲ ဗေဒင်ဆရာရဲ့ ရည်းစား ဒေါ်အေးမြင့် က ပထမကျင့်ခံထိတဲ့ ကလေးမလေးရဲ့ သူငယ်ချင်းလေးတွေ ကိုစည်းရုံးပြီး အသက်(၁၃)နှစ် နဲ့ (၁၂)နှစ်အရွယ် နောက်ထပ် ကလေးမ ၂ ယောက်ကို ဗေဒင်ဆရာဆီ ပို့ပေးခဲ့လို့ မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ်(၃၀၄)မှာပဲ တကြိမ်စီ မုဒိန်းကျင့်ခဲ့ပါတယ်။
အဲဒီလို ကလေးမလေးတွေကို စည်းရုံးပြီး အပတ်စဉ် တည်းခိုခန်းခေါ် မုဒိန်းကျင့် နေတဲ့ကိစ္စကို ကလေးတွေ အချင်းချင်းကြား အသံထွက် လာရာမှ မိဘတွေက သိခဲ့လို့ ဒီယုတ်မာတဲ့ အမှုကြီးပေါ်ခဲ့တာလို့ သိရပါတယ်။
လေးယောက်မြောက် ပို့ဆောင်ခံရမဲ့ ကလေးမလေးကို အရှေ့မှာ မုဒိန်းကျင့်ခံခဲ့ရတဲ့ ကလေးမလေးတွေက အခြေအနေကို ပြောပြရာမှ၄ ယောက်မြောက် ကလေးက ကြောက်ပြီး မိဘတွေကို ပြန်ပြောရာမှ ဒီအမှုပေါ်ပေါက်ခဲ့ရတာပါ။
လက်ရှိတော့ မုဒိန်းမှုတရားခံ ဗေဒင်ဆရာ သီဟအောင် ဆိုသူနဲ့ကလေးမလေးတွေကို စည်းရုံးပို့ပေးခဲ့တဲ့ သူ့ရည်းစား ဒေါ်အေးမြင့် ဆိုသူကို ဖမ်းဆီးပြီး ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့နဲ့ အမှုဖွင့် စစ်ဆေး နေတယ်လို့ နယ်မြေခံတွေဆီက သတင်းရပါတယ်။
စနစ်တကျ တပတ်တယောက် မုဒိန်းကျင့်ခဲ့တဲ့ သက်ငယ်မုဒိန်းမှု အတွက် သင်တို့ကရော ဘာပြောချင်ကြလဲ … ?
နယ်မြေခံတွေကရော ဒီအမှုနဲ့ ပတ်သတ်ပြီး ထပ်သိထားတာလေးတွေထပ်ရေးပြလို့ ရပါတယ်။

Source : San Lin Oo

0 comments:

Post a Comment