Thursday, February 6, 2020

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုအား ပထမဆုံးသတိပေးသည့်ဆရာဝန် ကွယ်လွန်

Image may contain: 1 person
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၄၀ ဦးနဲ့ ကူးစက်ဖြစ်ပွားသူ ၃ဝ၈၁၄ ဦး ရှိသွားချိန်မှာပဲ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေပြီလို့ ကမ္ဘာကို ပထမဆုံး ထုတ်ဖော်သတိပေးပြောကြားခဲ့တဲ့ ဆရာဝန် Li Wenliang ဝင်လျှောင်းလီ သည် ဝူဟန်မြို့ဆေးရုံကြီးမှာ ဒီကနေ့ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၃ နာရီက အဲဒီ ဗိုင်းရပ်စ် ကူစက်ဖြစ်ပွားမှုနဲ့ပဲ ကွယ်လွန်သွားခဲ့ကြောင်းသိရှိရသည်။
ကိုရိုနာဗိုင်းရပ်စ် ဝူဟန်မှာ ပြန့်ပွားကူးစက်ပြန့်ပွားနေပြီဆိုသည့်သတင်းအား ဒီဇင်ဘာ ၃၀ ရက်နေ့က ၎င်း ဆရာဝန်လီ က သူ့မိတ်ဆွေတွေထံကို စတင် ပေးပို့ခဲ့အသိပေးခဲ့သူဖြစ်ပါတယ်။

ဒီသတင်းပျံ့သွားခဲ့ပြီးနောက်ပိုင်းမှာ သူအပါအဝင် လူ ရှစ်ဦးကို ကောလဟလ ဖြန့်ချိမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အသက် ၃၄ နှစ်ပဲ ရှိသေးတဲ့ ဒေါက်တာလီဟာ သူကုသပေးခဲ့တဲ့ လူနာတစ်ဦးထံကနေ ဒီဗိုင်းရပ်စ်ကူးစက်ပြီး အခုလို ကွယ်လွန်သွားခဲ့တာပါ။
ဒီအတောအတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ပြည်သူတရပ်လုံး ရင်ဆိုင်နေရတဲ့ စစ်ပွဲအဖြစ် တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။ ဒီရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီး တိုက်ဖျက်ရေးအတွက် ပြည်သူအားလုံး အစွမ်းကုန်ပါဝင်ကြိုးစားကြရမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။
>>Zawgyi<<
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုအား ပထမဆုံးသတိပေးသည့်ဆရာဝန် ကွယ်လွန်
Friday , February 7 , 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၄၀ ဦးနဲ့ ကူးစက်ဖြစ်ပွားသူ ၃ဝ၈၁၄ ဦး ရှိသွားချိန်မှာပဲ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေပြီလို့ ကမ္ဘာကို ပထမဆုံး ထုတ်ဖော်သတိပေးပြောကြားခဲ့တဲ့ ဆရာဝန် Li Wenliang ဝင်လျှောင်းလီ သည် ဝူဟန်မြို့ဆေးရုံကြီးမှာ ဒီကနေ့ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၃ နာရီက အဲဒီ ဗိုင်းရပ်စ် ကူစက်ဖြစ်ပွားမှုနဲ့ပဲ ကွယ်လွန်သွားခဲ့ကြောင်းသိရှိရသည်။
ကိုရိုနာဗိုင်းရပ်စ် ဝူဟန်မှာ ပြန့်ပွားကူးစက်ပြန့်ပွားနေပြီဆိုသည့်သတင်းအား ဒီဇင်ဘာ ၃၀ ရက်နေ့က ၎င်း ဆရာဝန်လီ က သူ့မိတ်ဆွေတွေထံကို စတင် ပေးပို့ခဲ့အသိပေးခဲ့သူဖြစ်ပါတယ်။

ဒီသတင်းပျံ့သွားခဲ့ပြီးနောက်ပိုင်းမှာ သူအပါအဝင် လူ ရှစ်ဦးကို ကောလဟလ ဖြန့်ချိမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အသက် ၃၄ နှစ်ပဲ ရှိသေးတဲ့ ဒေါက်တာလီဟာ သူကုသပေးခဲ့တဲ့ လူနာတစ်ဦးထံကနေ ဒီဗိုင်းရပ်စ်ကူးစက်ပြီး အခုလို ကွယ်လွန်သွားခဲ့တာပါ။
ဒီအတောအတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ပြည်သူတရပ်လုံး ရင်ဆိုင်နေရတဲ့ စစ်ပွဲအဖြစ် တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။ ဒီရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီး တိုက်ဖျက်ရေးအတွက် ပြည်သူအားလုံး အစွမ်းကုန်ပါဝင်ကြိုးစားကြရမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။
Ref-CNA #Myanmar_Online_News

0 comments:

Post a Comment