Thursday, February 13, 2020

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့ လဲ့မော်အား ဝေဖန်သရော်ခဲ့သည့် တနင်္သာရီဂျာနယ်အမှု တိုင်းတရားလွှတ်တော် ယနေ့အမိန့်ချမည်


No photo description available.
NLDအစိုးရလက်ထက်တွင် သတင်းမီဒီယာဥပဒေဖြင့် ပထမဆုံး အရေးယူခံရသည့် တနင်္သာရီဂျာနယ်အမှုနှင့် ပတ်သက်ပြီး ပြင်ဆင်မှု တင်သွင်းခြင်း အပေါ်တနင်္သာရီတိုင်း တရား လွှတ်တော်က ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမိန့်ချမည် ဖြစ်ကြောင်းသိရသည်။
၂၀၁၇ နိုဝင်ဘာ ၂၀ ရက်က တနင်္သာရီဂျာနယ်တွင် မူးဆေးအိုး ကလောင်အမည်ဖြင့် ‘မဲဆွယ်အ ပြုံး’ သရော်စာဖော်ပြခဲ့ခြင်းဖြစ်သည်။

သရော်စာပါ ရေးသားချက် များသည် ၎င်းနှင့်တကွမိသားစုဝင် များ၏ ဂုဏ်သိက္ခာကိုထိခိုက်စော် ကားသည်ဆိုကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့ လဲ့မော်က တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို ထားဝယ် မြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ထို့နောက် တစ်နှစ်ကျော် အမှုရင်ဆိုင်ပြီးနောက် ယမန်နှစ် ဖေဖော်ဝါရီ ၁၈ ရက်ရုံးချိန်းက သရော်စာပါ အကြောင်းအရာ သည် တနင်္သာရီ တိုင်းအစိုးရအ ဖွဲ့၊ ဝန်ကြီးချုပ်နှင့် ၎င်း၏မိသားစု ဝင်များကို ရည်ညွှန်းရေးသားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သ တင်းမီဒီယာဥပဒေပါ လွတ်လပ် စွာရေးသားပိုင်ခွင့်ဟူသည့် အ ခွင့်အရေးဘောင်ကို ကျော်လွန် ရေးသားခြင်းတို့ ထင်ရှားသဖြင့် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) အရ ဒဏ်ငွေကျပ်ငါးသိန်း ပေးဆောင်ရန် ထားဝယ်မြို့နယ် တရားရုံးကအမိန့်ချမှတ်ခဲ့သည်။

အဆိုပါ အမိန့်နှင့်ပတ်သက် ၍ ထားဝယ်ခရိုင်တရားရုံးသို့အယူ ခံတင်သွင်းခဲ့သော်လည်း မြို့နယ် တရားရုံးဆုံးဖြတ်ချက်အမိန့်ကို ပြင်ဆင်ခြင်းမပြုဘဲ ထပ်မံအတည်ပြုခဲ့သည်။ထိုသို့ မြို့နယ်နှင့်ခရိုင်တရား ရုံးများ၏ အပြစ်ရှိကြောင်းအမိန့် ချမှုအပေါ် ကျေနပ်မှုမရှိ၍ တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှု တင်သွင်းခြင်းဖြစ်သည်။

တနင်္သာရီဂျာနယ်အပေါ် အပြစ်ရှိကြောင်း အမိန့်ချခြင်း သည် မြန်မာ့မီဒီယာလောကတစ် ခုလုံး၏ သတင်းမီဒီယာလွတ်လပ် ခွင့်ကို ချိုးဖောက်ခြင်းဖြစ်၍ အ ပြင်းအထန်ကန့်ကွက်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် အပါ အဝင် မီဒီယာအဖွဲ့အစည်းရှစ်ဖွဲ့ က ကြေညာချက်ထုတ်ပြန်ထား သည်။
>>Zawgyi<<
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့ လဲ့မော်အား ဝေဖန်သရော်ခဲ့သည့် တနင်္သာရီဂျာနယ်အမှု တိုင်းတရားလွှတ်တော် ယနေ့အမိန့်ချမည်
Friday , February 14 , 2020
NLDအစိုးရလက်ထက် တွင် သတင်းမီဒီယာဥပဒေဖြင့် ပထမဆုံး အရေးယူခံရသည့် တနင်္သာရီဂျာနယ်အမှုနှင့် ပတ်သက်ပြီး ပြင်ဆင်မှု တင်သွင်းခြင်း အပေါ်တနင်္သာရီတိုင်း တရား လွှတ်တော်က ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမိန့်ချမည် ဖြစ်ကြောင်းသိရသည်။

၂၀၁၇ နိုဝင်ဘာ ၂၀ ရက်က တနင်္သာရီဂျာနယ်တွင် မူးဆေးအိုး ကလောင်အမည်ဖြင့် ‘မဲဆွယ်အ ပြုံး’ သရော်စာဖော်ပြခဲ့ခြင်းဖြစ်သည်။

သရော်စာပါ ရေးသားချက် များသည် ၎င်းနှင့်တကွမိသားစုဝင် များ၏ ဂုဏ်သိက္ခာကိုထိခိုက်စော် ကားသည်ဆိုကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့ လဲ့မော်က တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို ထားဝယ် မြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ထို့နောက် တစ်နှစ်ကျော် အမှုရင်ဆိုင်ပြီးနောက် ယမန်နှစ် ဖေဖော်ဝါရီ ၁၈ ရက်ရုံးချိန်းက သရော်စာပါ အကြောင်းအရာ သည် တနင်္သာရီ တိုင်းအစိုးရအ ဖွဲ့၊ ဝန်ကြီးချုပ်နှင့် ၎င်း၏မိသားစု ဝင်များကို ရည်ညွှန်းရေးသားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သ တင်းမီဒီယာဥပဒေပါ လွတ်လပ် စွာရေးသားပိုင်ခွင့်ဟူသည့် အ ခွင့်အရေးဘောင်ကို ကျော်လွန် ရေးသားခြင်းတို့ ထင်ရှားသဖြင့် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) အရ ဒဏ်ငွေကျပ်ငါးသိန်း ပေးဆောင်ရန် ထားဝယ်မြို့နယ် တရားရုံးကအမိန့်ချမှတ်ခဲ့သည္။

အဆိုပါ အမိန့်နှင့်ပတ်သက် ၍ ထားဝယ်ခရိုင်တရားရုံးသို့အယူ ခံတင်သွင်းခဲ့သော်လည်း မြို့နယ် တရားရုံးဆုံးဖြတ်ချက်အမိန့်ကို ပြင်ဆင်ခြင်းမပြုဘဲ ထပ်မံအတည်ပြုခဲ့သည်။ထိုသို့ မြို့နယ်နှင့်ခရိုင်တရား ရုံးများ၏ အပြစ်ရှိကြောင်းအမိန့် ချမှုအပေါ် ကျေနပ်မှုမရှိ၍ တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှု တင်သွင်းခြင်းဖြစ်သည်။

တနင်္သာရီဂျာနယ်အပေါ် အပြစ်ရှိကြောင်း အမိန့်ချခြင်း သည် မြန်မာ့မီဒီယာလောကတစ် ခုလုံး၏ သတင်းမီဒီယာလွတ်လပ် ခွင့်ကို ချိုးဖောက်ခြင်းဖြစ်၍ အ ပြင်းအထန်ကန့်ကွက်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် အပါ အဝင် မီဒီယာအဖွဲ့အစည်းရှစ်ဖွဲ့ က ကြေညာချက်ထုတ်ပြန်ထား သည်။
Ref-7Day #Myanmar_Online_News

0 comments:

Post a Comment