Thursday, February 6, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ

Image may contain: 1 person

ချစ်ခင်လေးစားရပါသော ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျာ-
ယနေ့ကျရောက်သည့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခါသမယတွင် ချစ်ကြည်လေးစား အပ်ပါသော ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း တို့နှင့်ပြည့်စုံပြီး အေးချမ်းသာယာသော လူမှုဘဝများရရှိ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။ မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်စာပေများ ပိုင်ဆိုင်သည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် တိုင်းရင်းသားအားလုံး စုပေါင်းနေထိုင်လာကြသည်ကို ခိုင်မာသည့် သမိုင်း အထောက်အထားများက သက်သေပြနေခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် မိမိတို့နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြီး နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပါသည်။

ထိုသို့လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ဒေသအသီးသီးတွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများသည် သူ့ကျွန် မခံလိုသည့် စိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့တို့အား တော်လှန်ခဲ့ကြပြီး တစ်နိုင်ငံလုံး လွတ်လပ်ရေး အတူတကွ ရယူလိုသည့်အတွက် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ရှမ်းပြည်လူထု ခေါင်းဆောင်များနှင့် တောင်တန်း ဒေသမှခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ထိုတွေ့ဆုံပွဲအတွင်း ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် ရှမ်းတိုင်းရင်းသား များသည် တောင်တန်းဒေသ တိုင်းရင်းသားများဖြစ်ကြသော ချင်း၊ ကချင်တို့ နှင့်အတူ ပြည်နယ် များနှင့် ပြည်မ ပေါင်းစည်းကာ အတူတကွ လွတ်လပ်ရေးရယူမည်ဆိုသည့် ဆုံးဖြတ်ချက်အား ချမှတ် နိုင်ခဲ့ပါသည်။
ထိုကဲ့သို့ပြည်မနှင့် တောင်တန်းဒေသများ အတူတကွ လွတ်လပ်ရေးရယူရန် ဆုံးဖြတ်နိုင်ခဲ့သည့် ဖေဖော် ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၃)နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏အရွယ်အစားအကြီးမားဆုံး ပြည်နယ်ကြီးတစ်ခုဖြစ်ပြီး ရေတံခွန်၊ စိမ့်စမ်း၊ တော စခန်း၊ တောင်စခန်းများဖြင့် အေးချမ်းသာယာလှပသော သွေးချင်းတို့၏ ပြည်နယ်တစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ် အတွင်းတွင် ရှမ်း၊ ဓနု၊ တောင်ရိုး၊ အာခါ၊ အင်းသား၊ ပအိုဝ်း၊ ပဒေါင်၊ ပလောင်၊ ကိုးကန့်၊ ““၀””၊ ကချင်၊ ဗမာအစ ရှိသည့် လူမျိုးစု ၃၃ စုအတူတကွနေထိုင်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ရှမ်းပြည်နယ်အတွင်း အင်းလေးကန်နှင့် ကျိုင်းတောင်း ရေတံခွန်တို့ကဲ့သို့သော ဂုဏ်ယူဖွယ်ရာသဘာဝ အရင်းအမြစ်များစွာ ရှိနေခဲ့ပါသည်။
ထို့အပြင် သံလွင်မြစ်၊ ဒုဋ္ဌဝတီမြစ်၊ ဇော်ဂျီမြစ်တို့သည်လည်း ပြည်နယ်အတွင်း တန်ဖိုးမဖြတ်နိုင်သော မြစ်ကြီးများ အဖြစ် အကျိုးပြုလျက်ရှိပါသည်။ သယံဇာတပေါများပြီး သာယာလှပကာ လူမျိုးစုများစုပေါင်းနေထိုင်ကြသည့် ရှမ်းပြည်နယ်သည် တည်ငြိမ် အေးချမ်းမှု အပြည့်အဝရရှိမည်ဆိုပါက အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက် သည့်ပြည် နယ်ကြီး တစ်ခုအဖြစ် ပေါ်ထွက်လာမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ရှမ်းပြည်နယ်အတွင်းရှိ RCSS(SSA) အဖွဲ့အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး NCA လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီဖြစ် သည့် အတွက် ပြည်နယ်အတွင်းရှိ ဒေသအတော်များများတွင် ငြိမ်းချမ်းရေး၏ အရသာအား ပြည့်ပြည့်ဝဝ ခံစားနေကြ ရပြီဖြစ်ပါသည်။
ငြိမ်းချမ်းမှု၏ နောက်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အေးချမ်းသာယာမှုတို့ အမြဲတမ်းကပ်ပါ လာလေ့ရှိပါ သည်။ ယခုကျရောက်သည့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ရှမ်းပြည်နယ်ကြီးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ဂုဏ်ယူဖွယ်ရာ ပြည်နယ်ကြီး တစ်ခုအဖြစ် ရောက်ရှိအောင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးက ညီညီ ညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Image may contain: text that says '(၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာ'
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ
Friday , February 7 , 2020

ချစ်ခင်လေးစားရပါသော ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျာ-
ယနေ့ကျရောက်သည့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခါသမယတွင် ချစ်ကြည်လေးစား အပ်ပါသော ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း တို့နှင့်ပြည့်စုံပြီး အေးချမ်းသာယာသော လူမှုဘဝများရရှိ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။ မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်စာပေများ ပိုင်ဆိုင်သည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် တိုင်းရင်းသားအားလုံး စုပေါင်းနေထိုင်လာကြသည်ကို ခိုင်မာသည့် သမိုင်း အထောက်အထားများက သက်သေပြနေခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် မိမိတို့နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြီး နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပါသည်။
ထိုသို့လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ဒေသအသီးသီးတွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုး များသည် သူ့ကျွန် မခံလိုသည့် စိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့တို့အား တော်လှန်ခဲ့ကြပြီး တစ်နိုင်ငံလုံး လွတ်လပ်ရေး အတူတကွ ရယူလိုသည့်အတွက် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ရှမ်းပြည်လူထု ခေါင်းဆောင်များနှင့် တောင်တန်း ဒေသမှခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ထိုတွေ့ဆုံပွဲအတွင်း ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် ရှမ်းတိုင်းရင်းသား များသည် တောင်တန်းဒေသ တိုင်းရင်းသားများဖြစ်ကြသော ချင်း၊ ကချင်တို့ နှင့်အတူ ပြည်နယ် များနှင့် ပြည်မ ပေါင်းစည်းကာ အတူတကွ လွတ်လပ်ရေးရယူမည်ဆိုသည့် ဆုံးဖြတ်ချက်အား ချမှတ် နိုင်ခဲ့ပါသည်။
ထိုကဲ့သို့ပြည်မနှင့် တောင်တန်းဒေသများ အတူတကွ လွတ်လပ်ရေးရယူရန် ဆုံးဖြတ်နိုင်ခဲ့သည့် ဖေဖော် ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၃)နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏အရွယ်အစားအကြီးမားဆုံး ပြည်နယ်ကြီးတစ်ခုဖြစ်ပြီး ရေတံခွန်၊ စိမ့်စမ်း၊ တော စခန်း၊ တောင်စခန်းများဖြင့် အေးချမ်းသာယာလှပသော သွေးချင်းတို့၏ ပြည်နယ်တစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ် အတွင်းတွင် ရှမ်း၊ ဓနု၊ တောင်ရိုး၊ အာခါ၊ အင်းသား၊ ပအိုဝ်း၊ ပဒေါင်၊ ပလောင်၊ ကိုးကန့်၊ ““၀””၊ ကချင်၊ ဗမာအစ ရှိသည့် လူမျိုးစု ၃၃ စုအတူတကွနေထိုင်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ရှမ်းပြည်နယ်အတွင်း အင်းလေးကန်နှင့် ကျိုင်းတောင်း ရေတံခွန်တို့ကဲ့သို့သော ဂုဏ်ယူဖွယ်ရာသဘာဝ အရင်းအမြစ်များစွာ ရှိနေခဲ့ပါသည်။
ထို့အပြင် သံလွင်မြစ်၊ ဒုဋ္ဌဝတီမြစ်၊ ဇော်ဂျီမြစ်တို့သည်လည်း ပြည်နယ်အတွင်း တန်ဖိုးမဖြတ်နိုင်သော မြစ်ကြီးများ အဖြစ် အကျိုးပြုလျက်ရှိပါသည်။ သယံဇာတပေါများပြီး သာယာလှပကာ လူမျိုးစုများစုပေါင်းနေထိုင်ကြသည့် ရှမ်းပြည်နယ်သည် တည်ငြိမ် အေးချမ်းမှု အပြည့်အဝရရှိမည်ဆိုပါက အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက် သည့်ပြည် နယ်ကြီး တစ်ခုအဖြစ် ပေါ်ထွက်လာမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ရှမ်းပြည်နယ်အတွင်းရှိ RCSS(SSA) အဖွဲ့အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး NCA လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီဖြစ် သည့် အတွက် ပြည်နယ်အတွင်းရှိ ဒေသအတော်များများတွင် ငြိမ်းချမ်းရေး၏ အရသာအား ပြည့်ပြည့်ဝဝ ခံစားနေကြ ရပြီဖြစ်ပါသည်။
ငြိမ်းချမ်းမှု၏ နောက်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အေးချမ်းသာယာမှုတို့ အမြဲတမ်းကပ်ပါ လာလေ့ရှိပါ သည်။ ယခုကျရောက်သည့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ရှမ်းပြည်နယ်ကြီးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ဂုဏ်ယူဖွယ်ရာ ပြည်နယ်ကြီး တစ်ခုအဖြစ် ရောက်ရှိအောင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးက ညီညီ ညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment