Friday, February 7, 2020

မြန်မာကျပ်ငွေ (၇၅)သိန်းကျပ်နှင့် မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်မေးရာ ပိုင်ဆိုင်ကြောင်း ပြောဆို ပြသ နိုင်ခြင်းမရှိသဖြင့် အမှုဖွင့်စစ်ဆေး

Image may contain: 1 person

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း မှုခင်းကျဆင်းရေးနှင့် နယ်မြေလုံခြုံရေးတို့ အတွက် တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၆-၂-၂၀၂၀ ရက်နေ့ ည (၈)နာရီအချိန်ခန့် ဘုရားကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဘုရားကြီးမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ရေခဲဆိုင်ရှေ့ အရောက် မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးအား တွေ့ရှိသဖြင့် စစ်မေးရာ အငယ်မ (၂၃)နှစ်၊ အမှတ် (၆)ရပ်ကွက်၊ ဝေါမြို့နေသူဖြစ်ပြီး ၎င်းလက်ထဲတွင် ကိုင်ဆောင်ထားသည့် အနက်ရောင် လွယ်အိတ်အတွင်းမှ အဖြူရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မြန်မာငွေစက္ကူ တစ်သောင်းကျပ်တန် (၇၅၀)ရွက်၊ (၇၅)သိန်းကျပ်အား တွေ့ရှိပြီး အဆိုပါ ငွေစက္ကူများနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသောကြောင့် အငယ်မ အား ဘုရားကြီး နယ်မြေရဲစခန်း (ပ) ၃၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့် စစ်ဆေးရာ ၎င်းငွေစက္ကူများအား ၎င်းအလုပ်လုပ်သည့် နေအိမ်မှခိုးယူလာကြောင်း စစ်ဆေးသိရှိရသဖြင့် ဥပဒေ နှင့်အညီ တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည် ။

Ref : Bago Regional Police Force #Myanmar_Online_News
>>Zawgyi<<
မြန်မာကျပ်ငွေ (၇၅)သိန်းကျပ်နှင့် မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်မေးရာ ပိုင်ဆိုင်ကြောင်း ပြောဆို ပြသ နိုင်ခြင်းမရှိသဖြင့် အမှုဖွင့်စစ်ဆေး
Friday , February 7 , 2020

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း မှုခင်းကျဆင်းရေးနှင့် နယ်မြေလုံခြုံရေးတို့ အတွက် တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၆-၂-၂၀၂၀ ရက်နေ့ ည (၈)နာရီအချိန်ခန့် ဘုရားကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဘုရားကြီးမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ရေခဲဆိုင်ရှေ့ အရောက် မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးအား တွေ့ရှိသဖြင့် စစ်မေးရာ အငယ်မ (၂၃)နှစ်၊ အမှတ် (၆)ရပ်ကွက်၊ ဝေါမြို့နေသူဖြစ်ပြီး ၎င်းလက်ထဲတွင် ကိုင်ဆောင်ထားသည့် အနက်ရောင် လွယ်အိတ် အတွင်းမှ အဖြူရောင် ကြွပ်ကြွပ် အိတ်ဖြင့် ထုပ်ထားသည့် မြန်မာငွေစက္ကူ တစ်သောင်း ကျပ်တန် (၇၅၀)ရွက်၊ (၇၅)သိန်းကျပ်အား တွေ့ရှိပြီး အဆိုပါ ငွေစက္ကူများနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိသောကြောင့် အငယ်မ အား ဘုရားကြီး နယ်မြေရဲစခန်း (ပ) ၃၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့် စစ်ဆေးရာ ၎င်းငွေစက္ကူများအား ၎င်းအလုပ်လုပ်သည့် နေအိမ်မှ ခိုးယူလာကြောင်း စစ်ဆေး သိရှိရသဖြင့် ဥပဒေ နှင့်အညီ တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည် ။
Ref : Bago Regional Police Force #Myanmar_Online_News

0 comments:

Post a Comment