Thursday, February 13, 2020

ဘူးသီးတောင်မြို့နယ်၊ ရေချမ်းပြင် ရွာသစ်ရှိ နေအိမ်တစ်အိမ်၌ ပေါက်ကွဲမှုဖြစ်ပွား၊ ရွာသူ၊ ရွာသားများ သေဆုံး၊ ဒဏ်ရာရရှိ

Image may contain: one or more people, people sitting, child and outdoor

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရေချမ်းပြင် ရွာသစ်နေဆီရာမြာ (ဘ)အလီဟူဒင် ၏နေအိမ်၌ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် ကျေးရွာနေ ဆော်ဟီဒူ လာ(ဘ)ဆီရာမြား၊ မအာဒီမာခါဒူ (ဘ)မူဟာမက် နှင့် အက်စမာဂျီကော် တို့ ၃ ဦး သေဆုံးခဲ့ပြီး မဆော်လီ မာခါဒူ(ဘ) အဒူကော်ဘူး အပါအဝင် ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်သက်သေတစ်ဦးက ပြောကြားရာတွင် ရေချမ်းပြင်ရွာသစ်၌ ပေါက်ကွဲ သွားသော ဗုံးဖြစ်စဉ်မှာ ဆီရာမြား၏ သားတစ်ယောက် ဖြစ်သည့် ဆော်ဟီဒူလာ သည် လယ်ထဲသွားစဉ် ဗုံးသီး တစ်လုံးကောက်ရခဲ့၍ နေ့လယ် ၂ နာရီခွဲခန့်တွင် အိမ်သို့ယူလာခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဓားခွေးပြုလုပ်ရန်အတွက် ဓားဖြင့်ထုခဲ့သဖြင့် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ဆော်ဟီဒူလာနှင့် ၎င်း၏ အမေ မအာဒီမာခါဒူ တို့ ၂ ဦးမှာ နေရာတွင် သေဆုံးခဲ့ကြောင်း၊ ၎င်းအပြင် အဒူရှူဘီအန်၊ မဆော်လီ မာခါဒူး နှင့် အက်စမာဂျီကော် တို့မှာ ဒဏ်ရာရရှိခဲ့ပြီး ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အက်စမာဂျီကော် မှာ ဆေးရုံရောက်ရှိချိန်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း၊ အဆိုပါ ကျေကးရွာအနီး လုံခြုံရေး စစ်ကြောင်းများ ရှိသော်လည်း ၎င်းလုံခြုံရေးစစ်ကြောင်းများမှ ပစ်ခတ်ခြင်းလုံးဝ မဟုတ်ကြောင်း နှင့် တပ်မှပစ်ခတ် လိုက်ခြင်းကြောင့် ပေါက်ကွဲခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မှ တပ်မတော်သားများက လိုအပ်သည့် ဆေးဝါးကုသ မှုများ ဆောင်ရွက်ပေးပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေ လျက်ရှိကြောင်း သတင်းရရှိသည်။
No photo description available.
သတင်းစဉ်
<zawgyi>
ဘူးသီးတောင်မြို့နယ်၊ ရေချမ်းပြင် ရွာသစ်ရှိ နေအိမ်တစ်အိမ်၌ ပေါက်ကွဲမှုဖြစ်ပွား၊ ရွာသူ၊ ရွာသားများ သေဆုံး၊ ဒဏ်ရာရရှိ
Friday , February 14 , 2020

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရေချမ်းပြင် ရွာသစ်နေဆီရာမြာ (ဘ)အလီဟူဒင် ၏နေအိမ်၌ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် ကျေးရွာနေ ဆော်ဟီဒူ လာ(ဘ)ဆီရာမြား၊ မအာဒီမာခါဒူ (ဘ)မူဟာမက် နှင့် အက်စမာဂျီကော် တို့ ၃ ဦး သေဆုံးခဲ့ပြီး မဆော်လီ မာခါဒူ(ဘ) အဒူကော်ဘူး အပါအဝင် ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်သက်သေတစ်ဦးက ပြောကြားရာတွင် ရေချမ်းပြင်ရွာသစ်၌ ပေါက်ကွဲ သွားသော ဗုံးဖြစ်စဉ်မှာ ဆီရာမြား၏ သားတစ်ယောက် ဖြစ်သည့် ဆော်ဟီဒူလာ သည် လယ်ထဲသွားစဉ် ဗုံးသီး တစ်လုံးကောက်ရခဲ့၍ နေ့လယ် ၂ နာရီခွဲခန့်တွင် အိမ်သို့ယူလာခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဓားခွေးပြုလုပ်ရန်အတွက် ဓားဖြင့်ထုခဲ့သဖြင့် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ဆော်ဟီဒူလာနှင့် ၎င်း၏ အမေ မအာဒီမာခါဒူ တို့ ၂ ဦးမှာ နေရာတွင် သေဆုံးခဲ့ကြောင်း၊ ၎င်းအပြင် အဒူရှူဘီအန်၊ မဆော်လီ မာခါဒူး နှင့် အက်စမာဂျီကော် တို့မှာ ဒဏ်ရာရရှိခဲ့ပြီး ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အက်စမာဂျီကော် မှာ ဆေးရုံရောက်ရှိချိန်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း၊ အဆိုပါ ကျေကးရွာအနီး လုံခြုံရေး စစ်ကြောင်းများ ရှိသော်လည်း ၎င်းလုံခြုံရေးစစ်ကြောင်းများမှ ပစ်ခတ်ခြင်းလုံးဝ မဟုတ်ကြောင်း နှင့် တပ်မှပစ်ခတ် လိုက်ခြင်းကြောင့် ပေါက်ကွဲခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မှ တပ်မတော်သားများက လိုအပ်သည့် ဆေးဝါးကုသ မှုများ ဆောင်ရွက်ပေးပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေ လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment