Thursday, February 13, 2020

မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသော တရုတ်နိုင်ငံအား စာနာထောက်ထားသောအားဖြင့် ဆန်တန်ချိန် ၂၀၀ လှူဒါန်းမည်

Image may contain: sky and outdoor
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ထောင်ကျော် သေဆုံးနေသော တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ ကူညီလှူဒါန်းရန် အစိုးရက စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်ကျော်ဇံက ပြောသည်။

မြန်မာနိုင်ငံမှ လှူဒါန်းမည့် ဆန်များသည် မိုးစပါးရာသီတွင် အခြေခံစပါးဈေးဖြင့် တင်းတစ်ရာလျှင် ကျပ်ငါးသိန်းဖြင့် အစိုးရ မှ ဝယ်ယူထားသော ဆန်များဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ဆန်များစုဆောင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဦးခင်မောင်လွင်က ဆိုသည်။
‘‘လက်ရှိမှာတော့ အစ်ကိုတို့ ဘက်က အဆင်သင့်တော့ ပြင်ထားပြီးပါပြီ’’ဟု ဦးခင်မောင်လွင် ကပြောသည်။
မြန်မာနိုင်ငံမှ ကူညီလှူဒါန်း မည့် ဆန်တစ်တန်၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀၀ ကျော် တန်ဖိုးရှိပြီး တန် ၂၀၀ အတွက် ဒေါ်လာ ၆၀,၀၀၀ ကျော်မှ ၇၀,၀၀၀ အကြား ပျမ်းမျှတန်ဖိုးရှိ ကြောင်း ဆန်ကုန်သည်အချို့က ဆိုသည်။

လက်ရှိပြည်တွင်း ဒေါ်လာ နှင့် ကျပ်ငွေလဲနှုန်းဖြင့် တွက်မည် ဆိုပါက တရုတ်နိုင်ငံသို့ လှူဒါန်း မည့် ဆန်တန်ဖိုးသည် ကျပ်သိန်း ၁,၀၀၀ ကျော် တန်ဖိုးရှိသည်။ ဖေဖော်ဝါရီ ၁၃ ရက် ညနေတွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုး ၁,၄၅၀ ကျပ် ဗဟိုဘဏ်က သတ် မှတ်သည်။
နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စာနာထောက်ထားမှုကို ပြသရန် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေချိန် မြန်မာနိုင်ငံ မှ ဆန်လှူပေးရန် အစိုးရက စီစဉ် ခြင်းဟု ဦးအောင်ကျော်ဇံက ပြော ကြားထားသည်။
ဆန်လှူဒါန်းရေးနှင့် ပတ် သက်၍ တရုတ်အစိုးရက နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ကုန်းလမ်းခရီးမှသာ တင်ပို့ရန် အ ကြံပြုထားကြောင်း ၎င်းကဆို သည်။ ပင်လယ်ရေကြောင်းမှ တင်ပို့မည်ဆိုပါက အခက်အခဲ အနည်းငယ်ရှိသည်ဟု တရုတ်အ စိုးရ တာဝန်ရှိသူများက ပြော ကြောင်း ဦးအောင်ကျော်ဇံက ရှင်းပြသည်။
ဆန်တင်ပို့မည့်အစီအစဉ် ကို စီးပွားကူးသန်းဝန်ကြီးဌာနက ဦးဆောင် ဆောင်ရွက်မည်ဖြစ်ပြီး တင်ပို့လှူဒါန်းမည့် အစီအစဉ်အ သေးစိတ်ကို ထပ်မံညှိနှိုင်းနေသ ဖြင့် အချိန်ကာလကိုလည်း လတ် တလော မပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။
လက်ရှိ စီးပွားကူးသန်းဝန် ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်လှူဒါန်းရန် ဆန်စစ်ဆေးရေး စရိတ်၊ သယ်ယူပို့ဆောင်စရိတ် များအပါအဝင် အထွေထွေကုန် ကျစရိတ်များ လှူဒါန်းပေးပို့ရ မည့်နေရာနှင့် အချိန် အတိအကျ ရရှိမှသာ ထပ်မံတွက်ချက်ရမည် ဟု ဦးခင်မောင်လွင်က ပြော သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်မီ ပုံမှန်အချိန်တွင်လည်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လ စဉ် ဆန်နှင့် ဆန်ကွဲ တန်ချိန်များ စွာ တင်ပို့ရောင်းချခဲ့သည်။ ၂၀၁၉ တွင် ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်မြို့မှတစ်ဆင့် တရုတ် နိုင်ငံ ယူနန်ပြည်နယ်သို့ တစ်ပတ် လျှင် ပျမ်းမျှ ဆန်နှင့် ဆန်ကွဲ တန် ချိန် ၅,၀၀၀ ခန့် တင်ပို့ရောင်းချ ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံး မှုဖြစ်ပါ်နေသည့်အပေါ် မြန်မာ နိုင်ငံက စာနာထောက်ထား ကြောင်းနှင့် တရုတ်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများအ တွက် လိုအပ်သည့်အကူအညီပေး ရန် ဖေဖော်ဝါရီ ၃ ရက်က နေ ပြည်တော်တွင် တရုတ်သံရုံး ယာ ယီတာဝန်ခံ Mrs. Li Xiaoyan နှင့် တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ကမ်းလှမ်းခဲ့ သည်။
>>Zawgyi<<
မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသော တရုတ်နိုင်ငံအား စာနာထောက်ထားသောအားဖြင့် ဆန်တန်ချိန် ၂၀၀ လှူဒါန်းမည်
Friday , February 14 , 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ထောင်ကျော် သေဆုံးနေ သော တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ ကူညီလှူဒါန်းရန် အစိုးရက စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်ကျော်ဇံက ပြောသည်။

မြန်မာနိုင်ငံမှ လှူဒါန်းမည့် ဆန်များသည် မိုးစပါးရာသီတွင် အခြေခံစပါးဈေးဖြင့် တင်းတစ်ရာလျှင် ကျပ်ငါးသိန်းဖြင့် အစိုးရ မှ ဝယ်ယူထားသော ဆန်များဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ဆန်များစုဆောင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဦးခင်မောင်လွင်က ဆိုသည်။
‘‘လက်ရှိမှာတော့ အစ်ကိုတို့ ဘက်က အဆင်သင့်တော့ ပြင်ထားပြီးပါပြီ’’ဟု ဦးခင်မောင်လွင် ကပြောသည်။
မြန်မာနိုင်ငံမှ ကူညီလှူဒါန်း မည့် ဆန်တစ်တန်၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀၀ ကျော် တန်ဖိုးရှိပြီး တန် ၂၀၀ အတွက် ဒေါ်လာ ၆၀,၀၀၀ ကျော်မှ ၇၀,၀၀၀ အကြား ပျမ်းမျှတန်ဖိုးရှိ ကြောင်း ဆန်ကုန်သည်အချို့က ဆိုသည်။

လက်ရှိပြည်တွင်း ဒေါ်လာ နှင့် ကျပ်ငွေလဲနှုန်းဖြင့် တွက်မည် ဆိုပါက တရုတ်နိုင်ငံသို့ လှူဒါန်း မည့် ဆန်တန်ဖိုးသည် ကျပ်သိန်း ၁,၀၀၀ ကျော် တန်ဖိုးရှိသည်။ ဖေဖော်ဝါရီ ၁၃ ရက် ညနေတွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုး ၁,၄၅၀ ကျပ် ဗဟိုဘဏ်က သတ် မှတ်သည်။
နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စာနာထောက်ထားမှုကို ပြသရန် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေချိန် မြန်မာနိုင်ငံ မှ ဆန်လှူပေးရန် အစိုးရက စီစဉ် ခြင်းဟု ဦးအောင်ကျော်ဇံက ပြော ကြားထားသည်။
ဆန်လှူဒါန်းရေးနှင့် ပတ် သက်၍ တရုတ်အစိုးရက နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ကုန်းလမ်းခရီးမှသာ တင်ပို့ရန် အ ကြံပြုထားကြောင်း ၎င်းကဆို သည်။ ပင်လယ်ရေကြောင်းမှ တင်ပို့မည်ဆိုပါက အခက်အခဲ အနည်းငယ်ရှိသည်ဟု တရုတ်အ စိုးရ တာဝန်ရှိသူများက ပြော ကြောင်း ဦးအောင်ကျော်ဇံက ရှင်းပြသည်။
ဆန်တင်ပို့မည့်အစီအစဉ် ကို စီးပွားကူးသန်းဝန်ကြီးဌာနက ဦးဆောင် ဆောင်ရွက်မည်ဖြစ်ပြီး တင်ပို့လှူဒါန်းမည့် အစီအစဉ်အ သေးစိတ်ကို ထပ်မံညှိနှိုင်းနေသ ဖြင့် အချိန်ကာလကိုလည်း လတ် တလော မပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။
လက်ရှိ စီးပွားကူးသန်းဝန် ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်လှူဒါန်းရန် ဆန်စစ်ဆေးရေး စရိတ်၊ သယ်ယူပို့ဆောင်စရိတ် များအပါအဝင် အထွေထွေကုန် ကျစရိတ်များ လှူဒါန်းပေးပို့ရ မည့်နေရာနှင့် အချိန် အတိအကျ ရရှိမှသာ ထပ်မံတွက်ချက်ရမည် ဟု ဦးခင်မောင်လွင်က ပြော သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်မီ ပုံမှန်အချိန်တွင်လည်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လ စဉ် ဆန်နှင့် ဆန်ကွဲ တန်ချိန်များ စွာ တင်ပို့ရောင်းချခဲ့သည်။ ၂၀၁၉ တွင် ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်မြို့မှတစ်ဆင့် တရုတ် နိုင်ငံ ယူနန်ပြည်နယ်သို့ တစ်ပတ် လျှင် ပျမ်းမျှ ဆန်နှင့် ဆန်ကွဲ တန် ချိန် ၅,၀၀၀ ခန့် တင်ပို့ရောင်းချ ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံး မှုဖြစ်ပါ်နေသည့်အပေါ် မြန်မာ နိုင်ငံက စာနာထောက်ထား ကြောင်းနှင့် တရုတ်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများအ တွက် လိုအပ်သည့်အကူအညီပေး ရန် ဖေဖော်ဝါရီ ၃ ရက်က နေ ပြည်တော်တွင် တရုတ်သံရုံး ယာ ယီတာဝန်ခံ Mrs. Li Xiaoyan နှင့် တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ကမ်းလှမ်းခဲ့ သည်။
Ref-7day #Myanmar_Online_News

0 comments:

Post a Comment