Wednesday, February 5, 2020

ငွေကြေးလိမ်လည်မှုဖြင့် ထပ်မံတရားစွဲဆိုခံခဲ့ရသော သရုပ်ဆောင် မေသန်းနုကို ပထမအကြိမ်ရုံးထုတ်

Image may contain: 1 person, standing and outdoor
သရုပ်ဆောင်မေသန်းနုအား ပုဒ်မ ၄၂၀ဖြင့် ထပ်မံစွဲဆိုထားသော အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးချိန်းခေါ်ယူခဲ့သည်။ ယနေ့ရုံးချိန်းတွင် ထောင်ဒဏ်ကျခံနေတဲ့ မေသန်းနုကိုရုံးထုတ်ခဲ့ပြီး တရားလို ဒေါ်စန်းစန်းမြင့်လည်း လာရောက်ခဲ့ပါတယ်။
သရုပ်ဆောင် မေသန်းနုမှာ အဖြူရောင်အင်္ကျီ၊ ယောဂီရောင်ထမီကို ဝတ်ဆင်လာပြီး နေကာမျက်မှန်နှင့် အဖြူရောင် Mask တပ်ဆင်ထားသည်ကို တွေ့ရသည်။ သူမကို ရဲတပ်ဖွဲ့က အချုပ်ကားမဟုတ်သည့် အနက်ရောင်အိမ်စီးယာဉ်ဖြင့် မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် ရုံးထုတ်လာခဲ့ပြီး တရားရုံးအတွင်းဖြစ်၍ သတင်းမီဒီယာများ ဓာတ်ပုံရိုက်ကူးခွင့် မရခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူ ဇင်ယော်မောင်မောင်နဲ့ သားဖြစ်သူ လင်းသန့်မောင်မောင်တို့လည်း လာရောက်ခြင်းမရှိခဲ့ပါဘူး။
အဆိုပါရုံးချိန်းသို့ သရုပ်ဆောင် မေသန်းနုဘက်မှ ရှေ့နေမလာရောက်၍ အမှုစတင် စစ်ဆေးနိုင်ခြင်းမရှိပဲ လာမည့် ဖေဖော်ဝါရီ ၁၈ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့သည်။
Image may contain: 1 person, sunglasses
Image may contain: 1 person, standing
>>zawgyi<<
ငွေကြေးလိမ်လည်မှုဖြင့် ထပ်မံတရားစွဲဆိုခံခဲ့ရသော သရုပ်ဆောင် မေသန်းနုကို ပထမအကြိမ်ရုံးထုတ်
Wednesday, February 5, 2020

သရုပ်ဆောင်မေသန်းနုအား ပုဒ်မ ၄၂၀ဖြင့် ထပ်မံစွဲဆိုထားသော အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးချိန်းခေါ်ယူခဲ့သည်။ ယနေ့ရုံးချိန်းတွင် ထောင်ဒဏ်ကျခံနေတဲ့ မေသန်းနုကိုရုံးထုတ်ခဲ့ပြီး တရားလို ဒေါ်စန်းစန်းမြင့်လည်း လာရောက်ခဲ့ပါတယ်။
သရုပ်ဆောင် မေသန်းနုမှာ အဖြူရောင်အကျႌ၊ ယောဂီရောင်ထမီကို ဝတ်ဆင်လာပြီး နေကာမျက်မှန်နှင့် အဖြူရောင် Mask တပ်ဆင်ထားသည်ကို တွေ့ရသည်။ သူမကို ရဲတပ်ဖွဲ့က အချုပ်ကားမဟုတ်သည့် အနက်ရောင်အိမ်စီးယာဉ်ဖြင့် မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် ရုံးထုတ်လာခဲ့ပြီး တရားရုံးအတွင်းဖြစ်၍ သတင်းမီဒီယာများ ဓာတ်ပုံရိုက်ကူးခွင့် မရခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူ ဇင်ယော်မောင်မောင်နဲ့ သားဖြစ်သူ လင်းသန့်မောင်မောင်တို့လည်း လာရောက်ခြင်းမရှိခဲ့ပါဘူး။
အဆိုပါရုံးချိန်းသို့ သရုပ်ဆောင် မေသန်းနုဘက်မှ ရှေ့နေမလာရောက်၍ အမှုစတင် စစ်ဆေးနိုင်ခြင်းမရှိပဲ လာမည့် ဖေဖော်ဝါရီ ၁၈ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့သည်။
#Myanmar_Online_News #May_Than_Nu

0 comments:

Post a Comment