Tuesday, February 4, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် ကြောက်ရွံထိတ်လန့်မှုနှင့် လူမျိုးရေးခွဲခြားမှုများ ပျံ့နှံ့နေ

Image may contain: 2 people, people standing

ကမ္ဘာတစ်ဝန်းမှာ ကြောက်စရာကောင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့အတူ နိုင်ငံခြားသားမုန်းတီးရေးကိုပါ သယ်ဆောင်လာသလို ဖြစ်နေပါတယ်။

ဩစတြေးလျနိုင်ငံရှိ ဂိုးကမ်းရိုးတန်းဒေသမှာ လူနာတစ်ယောက်က ဆရာဝန်မ လီဟာ လီအန်းကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်တာကိုတွေ့ရပါတယ်။ ဒီအပြုအမှုကို အံ့အားသင့်သွားတဲ့အတွက် ဆရာဝန်မက တွစ်တာမှာရေးသားရာတွင် သူမရဲ့ အတွေ့အကြုံဆိုတာ လူအများကြီးမှာ ကြုံတွေ့ပြီးသားဖြစ်ကြောင်း ဆရာဝန်မ က ပြောပါတယ်။
လက်တလောမှာ တရုတ်ဆန့်ကျင်ရေးပေါ်ပေါက်နေကြောင်း အဲဒီလူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ရာဒေသကို ရောက်ဖူးသူဖြစ်ချင်မှ ဖြစ်မယ် သို့မဟုတ် ဗိုင်းရပ်စ်ပိုးကူးစက်မှုရှိချင်မှ ရှိမယ့်သူတွေ ဖြစ်ပါတယ်။ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ တရုတ်ခရီးသွားတွေကို ရန်ပြုနေကြောင်း၊ တူရင်မြို့မှာ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူများအဖြစ် စွပ်စွဲကြောင်း၊ မီလန်မြို့မှာတော့ ဆိုရှယ်မီဒီယာပေါ်ကနေ ကလေးငယ်တွေကို အတန်းဖော် တရုတ်ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မဆက်ဆံဖို့ လှုံဆော်ရေးသားတာကိုတွေ့ရပါတယ်။
ကနေဒါနိုင်ငံမှာ လူဖြူတစ်ယောက်က ကနေဒါတရုတ်အမျိုးသမီးတစ်ယောက်ကို မင်းဆီကနေ ကိုရိုနာဗိုင်းရပ်စက်ပိုး ကျနေကြောင်း ဈေးတစ်ခုရဲ့ ကားရပ်နားစခန်းမှာ ဗီဒီယိုရိုက်ရင်းပြောကြောင်းသိရပါတယ်။
မလေးရှားနိုင်ငံမှာ တရုတ်လူမျိုးတွေကို သူတို့ချစ်တဲ့နိုင်ငံမှာ ဝင်ခွင့်ပိတ်ပင်ရန် လက်မှတ်ကောက်ခံရာ သီတင်းတစ်ပတ်အတွင်း လက်မှတ်ရေ ၅၀၀,၀၀၀ နီးပါးရရှိကြောင်း သိရပါတယ်။
ဗြိတိသျှဆေးပညာဂျာနယ်ရဲ့ ဆောင်းပါးရှင် ဒေါက်တာ အက်ဘာရာ ကရန်က အခုလိုမျိုး အပြုအမှုတွေဟာ ရောဂါလက္ခဏာရှိတဲ့သူတွေကို ရှေ့မထွက်အောင် လုပ်သလိုဖြစ်တယ်လို့ ပြောပါတယ်။ အလားတူ ဆစ်ဒနစ်တက္ကသိုလ်က ကျောင်းဆရာမ ကလဲ ဟွတ်ကာ က ခရီးသွားပိတ်ပင်တာဟာ လူအများစုကို ကြောက်ရွံ့စေတယ်။ အဲဒီကနေ တရုတ်လူမျိုးတွေနဲ့ ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်ကြားက ဆက်နွယ်မှုကို အကျိုးသက်ရောက် စေတယ်လို့ ပြောပါတယ်။
ဆစ်ဒနစ်မှာ ပညာသင်ကြားနေတဲ့ ရှန်ဟိုင်းမြို့သူ အဘီက တရုတ်ကျောင်းသူကျောင်းသားတွေအပေါ် တိုက်ခိုက်မှုသလို ပုံစံမျိုးအထိ ဖြစ်လာကြောင်း ပြောပါတယ်။
တရုတ်စားသောက်ဆိုင်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း ဆိုရှယ်မီဒီယာပေါ်က သတင်းအမှားတွေ ကြောင့် အလျှင်အမြန် ပုံမှန်အခြေအနေမရောက်နိုင်သေးကြောင်း သိရပါတယ်။ ဆိုရှယ်မီဒီယာပေါ်က လူသိများတဲ့ ပို့စ်တစ်ခုမှာ ကိုယ့်ကျန်းမာရေးအတွက် ခေါက်ဆွဲစားခြင်းကို ရှောင်ကြဉ်ဖို့ ရေးသားထားတာမျိုး အထိ ရှိနေတာကို တွေ့ရပါတယ်။
Image may contain: one or more people and people sitting
No photo description available.
Image may contain: one or more people and people sitting
ကိုးကား -AFP

>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် ကြောက်ရွံထိတ်လန့်မှုနှင့် လူမျိုးရေးခွဲခြားမှုများ ပျံ့နှံ့နေ
Wednesday , February 5 , 2020

ကမ္ဘာတစ်ဝန်းမှာ ကြောက်စရာကောင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့အတူ နိုင်ငံခြားသားမုန်းတီးရေးကိုပါ သယ်ဆောင်လာသလို ဖြစ်နေပါတယ်။
ဩစတြေးလျနိုင်ငံရှိ ဂိုးကမ်းရိုးတန်းဒေသမှာ လူနာတစ်ယောက်က ဆရာဝန်မ လီဟာ လီအန်းကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်တာကိုတွေ့ရပါတယ်။ ဒီအပြုအမှုကို အံ့အားသင့်သွားတဲ့အတွက် ဆရာဝန်မက တွစ်တာမှာရေးသားရာတွင် သူမရဲ့ အတွေ့အကြုံဆိုတာ လူအများကြီးမှာ ကြုံတွေ့ပြီးသားဖြစ်ကြောင်း ဆရာဝန်မ က ပြောပါတယ်။
လက်တလောမှာ တရုတ်ဆန့်ကျင်ရေးပေါ်ပေါက်နေကြောင်း အဲဒီလူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ရာဒေသကို ရောက်ဖူးသူဖြစ်ချင်မှ ဖြစ်မယ် သို့မဟုတ် ဗိုင်းရပ်စ်ပိုးကူးစက်မှုရှိချင်မှ ရှိမယ့်သူတွေ ဖြစ်ပါတယ်။ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ တရုတ်ခရီးသွားတွေကို ရန်ပြုနေကြောင်း၊ တူရင်မြို့မှာ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူများအဖြစ် စွပ်စွဲကြောင်း၊ မီလန်မြို့မှာတော့ ဆိုရှယ်မီဒီယာပေါ်ကနေ ကလေးငယ်တွေကို အတန်းဖော် တရုတ်ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မဆက်ဆံဖို့ လှုံဆော်ရေးသားတာကိုတွေ့ရပါတယ်။
ကနေဒါနိုင်ငံမှာ လူဖြူတစ်ယောက်က ကနေဒါတရုတ်အမျိုးသမီးတစ်ယောက်ကို မင်းဆီကနေ ကိုရိုနာဗိုင်းရပ်စက်ပိုး ကျနေကြောင်း ဈေးတစ်ခုရဲ့ ကားရပ်နားစခန်းမှာ ဗီဒီယိုရိုက်ရင်းပြောကြောင်းသိရပါတယ်။
မလေးရှားနိုင်ငံမှာ တရုတ်လူမျိုးတွေကို သူတို့ချစ်တဲ့နိုင်ငံမှာ ဝင်ခွင့်ပိတ်ပင်ရန် လက်မှတ်ကောက်ခံရာ သီတင်းတစ်ပတ်အတွင်း လက်မှတ်ရေ ၅၀၀,၀၀၀ နီးပါးရရှိကြောင်း သိရပါတယ်။
ဗြိတိသျှဆေးပညာဂျာနယ်ရဲ့ ဆောင်းပါးရှင် ဒေါက်တာ အက်ဘာရာ ကရန်က အခုလိုမျိုး အပြုအမှုတွေဟာ ရောဂါလက္ခဏာရှိတဲ့သူတွေကို ရှေ့မထွက်အောင် လုပ်သလိုဖြစ်တယ်လို့ ပြောပါတယ်။ အလားတူ ဆစ်ဒနစ်တက္ကသိုလ်က ကျောင်းဆရာမ ကလဲ ဟွတ်ကာ က ခရီးသွားပိတ်ပင်တာဟာ လူအများစုကို ကြောက်ရွံ့စေတယ်။ အဲဒီကနေ တရုတ်လူမျိုးတွေနဲ့ ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်ကြားက ဆက်နွယ်မှုကို အကျိုးသက်ရောက် စေတယ်လို့ ပြောပါတယ်။
ဆစ်ဒနစ်မှာ ပညာသင်ကြားနေတဲ့ ရှန်ဟိုင်းမြို့သူ အဘီက တရုတ်ကျောင်းသူကျောင်းသားတွေအပေါ် တိုက်ခိုက်မှုသလို ပုံစံမျိုးအထိ ဖြစ်လာကြောင်း ပြောပါတယ်။
တရုတ်စားသောက်ဆိုင်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း ဆိုရှယ်မီဒီယာပေါ်က သတင်းအမှားတွေ ကြောင့် အလျှင်အမြန် ပုံမှန်အခြေအနေမရောက်နိုင်သေးကြောင်း သိရပါတယ်။ ဆိုရှယ်မီဒီယာပေါ်က လူသိများတဲ့ ပို့စ်တစ်ခုမှာ ကိုယ့်ကျန်းမာရေးအတွက် ခေါက်ဆွဲစားခြင်းကို ရှောင်ကြဉ်ဖို့ ရေးသားထားတာမျိုး အထိ ရှိနေတာကို တွေ့ရပါတယ်။
ကိုးကား -AFP
Crd : MDN #Myanmar_Online_News

0 comments:

Post a Comment