Wednesday, February 5, 2020

ပင်လည်ဘူးမြို့နယ်တွင် ဘုရားဖူး ပြန်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ၇ ဦးသေဆုံး ၁၂ ဦး ထိခိုက်ဒဏ်ရာရ

Image may contain: plant, flower, tree, outdoor and nature
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မိုင်းတုံတာကြီးကျေးရွာနှင့် မိုင်းတုံတာလေး ကျေးရွာကြားတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘုရားဖူး ပြန်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူခုနှစ်ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပင်လည်ဘူး မြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ တိမ်းမှောက်ခဲ့သည့်ယာဉ်သည် ဗန်းမောက်မြို့ ဇလုံတောင်ဘုရားဖူးမှ ပင်လည်ဘူးမြို့ဘက်သို့ ပြန်လာစဉ် မိုင်းတုံတာကြီးကျေးရွာနှင့် မိုင်းတုံတာလေးကျေးရွာကြား အရောက်တွင် မော်တော်ယာဉ်မှာ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ပဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း အဆိုပါ ယာဉ်ပေါ်တွင် အမျိုးသမီး ခရီးသည် ၂၁ ဦး စီးနင်းလိုက်ပါ လာခဲ့ကြောင်း သိရသည်။
အမျိုးသမီး ခရီးသည် ၂၁ ဦး စီးနင်းလိုက်ပါလာသည့် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားခဲ့သည့် ခရီးသည် အမျိုးသမီး ၇ ဦးသည် ပင်လည်ဘူးမြို့နယ် မော်ဟိုင်းကျေးရွာနှင့် ပိန္နဲကုန်းကျေးရွာတို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း ယင်းသေဆုံးသွားခဲ့သည့် အမျိုးသမီး ခုနှစ်ဦးသည် ဝဲဘက်ဦးခေါင်းဒဏ်ရာ၊ မျက်နှာစုတ်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက်၊ ဝဲဘက်မျက်လုံးပေါက်ပြဲ စသည့်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် ခရီးသည် ၁၂ ဦးတို့သည် ပင်လည်ဘူးမြို့နယ် မော်ဟိုင်းကျေးရွာနှင့် ပိန္နဲကုန်းကျေးရွာတို့တွင် နေထိုင်ကြသူများဖြစ်ပြီး ယင်းထိခိုက်ဒဏ်ရာ ရရှိသူများသည် နဖူးကွဲ၊ ဝဲနှာခေါင်းပွန်း၊ ယာလက်ကျိုးပေါက်ပြဲ၊ ယာဘက်ဦးခေါင်းပေါက်ပြဲ၊ ယာလက်ကောက်ဝတ်ကျိုး၊ ယားနားပွန်း စသည့်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းကို -- ၃၂ နှစ် ပင်လည်ဘူးမြို့နယ် မော်ဟိုင်းကျေးရွာနေသူအား ပင်လည်ဘူးမြို့မရဲစခန်းမှ ယာဉ်(ပ)၅/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Image may contain: plant, tree, outdoor and nature
Image may contain: one or more people and outdoor
Image may contain: plant, flower, tree, outdoor and nature
Image may contain: plant, tree, outdoor and nature

>>Zawgyi<<
ပင်လည်ဘူးမြို့နယ်တွင် ဘုရားဖူး ပြန်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ၇ ဦးသေဆုံး ၁၂ ဦး ထိခိုက်ဒဏ်ရာရ
Thursday , February 6 , 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မိုင်းတုံတာကြီးကျေးရွာနှင့် မိုင်းတုံတာလေး ကျေးရွာကြားတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘုရားဖူး ပြန်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူခုနှစ်ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပင်လည်ဘူး မြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ တိမ်းမှောက်ခဲ့သည့်ယာဉ်သည် ဗန်းမောက်မြို့ ဇလုံတောင်ဘုရားဖူးမှ ပင်လည်ဘူးမြို့ဘက်သို့ ပြန်လာစဉ် မိုင်းတုံတာကြီးကျေးရွာနှင့် မိုင်းတုံတာလေးကျေးရွာကြား အရောက်တွင် မော်တော်ယာဉ်မှာ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ပဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း အဆိုပါ ယာဉ်ပေါ်တွင် အမျိုးသမီး ခရီးသည် ၂၁ ဦး စီးနင်းလိုက်ပါ လာခဲ့ကြောင်း သိရသည်။
အမျိုးသမီး ခရီးသည် ၂၁ ဦး စီးနင်းလိုက်ပါလာသည့် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားခဲ့သည့် ခရီးသည် အမျိုးသမီး ၇ ဦးသည် ပင်လည်ဘူးမြို့နယ် မော်ဟိုင်းကျေးရွာနှင့် ပိန္နဲကုန်းကျေးရွာတို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း ယင်းသေဆုံးသွားခဲ့သည့် အမျိုးသမီး ခုနှစ်ဦးသည် ဝဲဘက်ဦးခေါင်းဒဏ်ရာ၊ မျက်နှာစုတ်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက်၊ ဝဲဘက်မျက်လုံးပေါက်ပြဲ စသည့်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် ခရီးသည် ၁၂ ဦးတို့သည် ပင်လည်ဘူးမြို့နယ် မော်ဟိုင်းကျေးရွာနှင့် ပိန္နဲကုန်းကျေးရွာတို့တွင် နေထိုင်ကြသူများဖြစ်ပြီး ယင်းထိခိုက်ဒဏ်ရာ ရရှိသူများသည် နဖူးကွဲ၊ ဝဲနှာခေါင်းပွန်း၊ ယာလက်ကျိုးပေါက်ပြဲ၊ ယာဘက်ဦးခေါင်းပေါက်ပြဲ၊ ယာလက်ကောက်ဝတ်ကျိုး၊ ယားနားပွန်း စသည့်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းကို -- ၃၂ နှစ် ပင်လည်ဘူးမြို့နယ် မော်ဟိုင်းကျေးရွာနေသူအား ပင်လည်ဘူးမြို့မရဲစခန်းမှ ယာဉ်(ပ)၅/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Ref-Eleven #Myanmar_Online_News

0 comments:

Post a Comment