Tuesday, February 4, 2020

ပညာရေးဝန်ထမ်းများအား ကားတင်သွင်းခွင့် နှုတ်မိန့်ဖြင့်ဆိုင်းငံ့ထားသော်လည်း အချက်အလက်များ ဖြည့်ခိုင်းထားဆဲဖြစ်

Image may contain: car and outdoor

နိုင်ငံတော်သမ္မတရုံးမှ နှုတ်မိန့်ဖြင့်ဆိုင်းငံ့ထားသော နိုင်ငံ့ဝန်ထမ်းများ အခွန်သက်သာခွင့်ဖြင့် ကားတင်သွင်းခွင့်ပြုမည့်အစီ အစဉ်ကို ပညာရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကားတင်သွင်းရမည့်အချက်အလက်များ ဖြည့်ဆည်းထည့်သွင်းရန် ညွှန်ကြားထားကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနမှ သိရသည်။

"ကားတင်သွင်းဖို့အချက်အလက် တွေကို ဒီနေ့နောက်ဆုံးဆိုပြီးဖြည့်ခိုင်းထားတယ်။ ရန်ကုန်က ပညာရေးဝန် ထမ်းတွေကတော့ ဒီနေ့နောက်ဆုံးလို့ ပြောတယ်။ တောင်ကြီးဘက်က ဆရာ ဆရာမတွေက ၄ ရက်နေ့နောက်ဆုံးလို့ ပြောကြတယ်။ အထက်ကလူကြီးတွေကိုလည်း မေးကြည့်တယ်၊ သမ္မတရုံးက သတင်းစာရှင်းလင်းပွဲမှာ ဒီကားသွင်းတဲ့ ကိစ္စကို ဆိုင်းငံ့လို့ပြောထားတယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲမေးတော့ ဝန်ကြီးဌာနက ညွှန်ကြားချက်ရောက်ထားလို့ ညွှန်ကြားစာအတိုင်း လုပ်တာပါလို့ လူကြီးတွေကပြောတယ်"ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၃ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောကြားသည်။
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ ဝန်ထမ်းများအတွက် မော်တော်ယာဉ် အရစ်ကျရောင်းချရေးစီမံချက်အတွက် ဝန်ကြီးဌာနများရှိ ဝန်ထမ်းများအား အချက်အလက်ဖောင်များ ရေးသွင်း ခိုင်းရာတွင် ဝန်ထမ်းအမည်၊ ရာထူး၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ နေရပ် လိပ်စာ၊ ဖုန်းနံပါတ် ၊ ကိုယ်ပိုင်ငွေစာရင်းမှ ဘဏ်၊ ငွေစာရင်းအမှတ် သို့မဟုတ် ကုမ္ပဏီငွေစာရင်းမှ ကုမ္ပဏီအမည် ဘဏ်ငွေစာရင်းအမှတ် တင်သွင်းလို သည့်ယာဉ်အမျိုးအစား၊ ထုတ်လုပ်သည့် ခုနှစ်၊ ဆိပ်ကမ်းရောက်တန်ဖိုး CIF (USD) အစရှိသည့်အချက်အလက် အကြောင်းအရာများ ထည့်သွင်းစေကြောင်း သိရသည်။
မော်တော်ယာဉ်တင်သွင်းခွင့်ပြု မည်ဖြစ်ရာတွင် ညွှန်ချုပ်နှင့်အထက်အဆင့်ကို ကားတင်သွင်းမည့်ဖောင်များ ဇန်နဝါရီ ၂ ရက်မှစတင်၍ စာရင်းများ ကောက်ယူနေပြီး ဒုတိယအဆင့်အနေ ဖြင့် ဒုတိယညွှန်ချုပ်နှင့် လုပ်သက် ၂၅ နှစ် ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းတံဆိပ်ရရှိသူ ဝန်ထမ်းများအား ဆောင်ရွက်ပေးနိုင်ရန် ဝန်ကြီးဌာနအလိုက် ကားတင်သွင်း ခွင့်ပြုမည့်စာရင်းများ တောင်းခံထားကြောင်း သိရသည်။
"လူတွေကြားမှာ ဝေဖန်မှုနေတဲ့ မော်တော်ယာဉ်တင်သွင်းခွင့်ကိစ္စဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ရည်ရွယ်ချက်က ဘာလဲဆိုတော့ အငြိမ်းစားသွားတော့မယ့်နိုင်ငံ့ ဝန်ထမ်းတွေ၊ ပင်စင်သွားခါနီးဝန်ထမ်းတွေ သူတို့ကိုရည်ရွယ်ပြီး ဆောင်ရွက်ဖို့ စတင်တာဖြစ်ပါတယ်။ လောလောဆယ် စီးပွား/ကူးသန်းက ထုတ်ပြန်တာတွေ ရော၊ ဖေ့ဘွတ်ခ်မှာရော၊ မီဒီယာမှာ လည်းရေးကြတယ်။ လောလောဆယ် ကျွန်တော်တို့ပြောနိုင်တာက မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ပတ်သက်လို့ ဆိုင်းငံ့ ထားဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်။ စီးပွား/ကူးသန်းအနေနဲ့ ဒီကိစ္စကို ဆိုင်းငံ့ထားဖို့ပါ။ ပြန်ပြီးတော့သုံးသပ် နေပါတယ်"ဟု ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးက နိုင်ငံတော် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။
No photo description available.
Ref : MyanmarTime #Myanmar_Online_News
>>Zawgyi<<
ပညာရေးဝန်ထမ်းများအား ကားတင်သွင်းခွင့် နှုတ်မိန့်ဖြင့်ဆိုင်းငံ့ထားသော်လည်း အချက်အလက်များ ဖြည့်ခိုင်းထားဆဲဖြစ်
Wednesday , February 5 , 2020

0 comments:

Post a Comment