Sunday, February 9, 2020

ဘင်္ဂလားဒေ့ရ်ှ လေယာဉ်မှူးများမှ ဝူဟန်မြို့ရောက် နိုင်ငံသားများ ပြန်လည်ခေါ်ဆောင်ရေး အစီအစဉ်အား ဖျက်သိမ်းရန် ဖိအားပေးလျက်ရှိ

Image may contain: one or more people, people standing and outdoor

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်မည့် လေကြောင်းခရီးစဉ်အား ဘင်္ဂလားဒေ့ရ်ှလနိုင်ငံပိုင် လေကြောင်းလိုင်းရှိ လေယာဉ်မှူးများက ငြင်းဆိုလိုက်ပြီး အစိုးရ၏ ပြန်လည်ခေါ်ဆောင်ရေး အစီအစဉ်ဖျက်သိမ်းရန် ဖိအားပေးလျက် ရှိသည်။

ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသည် ဝူဟန်မြို့မှ ကျောင်းသား အများစု အပါအ၀င် နိုင်ငံသား ၃၁၂ ဦးကို လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား နောက်ထပ် ၁၇၁ ဦးကို လေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ယူရန် စီစဉ်ထားသည်။
ဝူဟန်မြို့သို့ မည်သည့် လေယာဉ် ခရီးစဉ်မှ စေလွှတ်နိုင်ခြင်း မရှိသဖြင့် ကျန်ရှိနေသည့် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ သားများကို ခေါ်ဆောင်နိုင်ခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေး၀န်ကြီး အေကေ အဗ္ဗဒူမိုမန်က ဖေဖော်ဝါရီ ၉ ရက်တွင်သတင်းထောက်များကို ပြောသည်။
မည်သည့် လေယာဉ်အမှုထမ်းမှ ဝူဟန်မြို့သို့ မသွားလိုကြကြောင်း၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသားများကို အစောပိုင်းတွင် သွားရောက် ခေါ်ဆောင်ခဲ့ကြသည့် လေယာဉ် အမှုထမ်းများကလည်း ထပ်မံ သွားရောက်လိုခြင်း မရှိကြောင်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံတွင် လူပေါင်း ၈၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ ကူးစက်ခံထားရသည့် ကိုရိုနာ ဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၂၀ ကျော်၌လည်း ကူးစက်မှုများ ရှိနေကာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်နေသည်။
Photo : AFP
<zawgyi>
ဘင်္ဂလားဒေ့ရ်ှ လေယာဉ်မှူးများမှ ဝူဟန်မြို့ရောက် နိုင်ငံသားများ ပြန်လည်ခေါ်ဆောင်ရေး အစီအစဉ်အား ဖျက်သိမ်းရန် ဖိအားပေးလျက်ရှိ
Monday, February 10 , 2020

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်မည့် လေကြောင်းခရီးစဉ်အား ဘင်္ဂလားဒေ့ရ်ှလနိုင်ငံပိုင် လေကြောင်းလိုင်းရှိ လေယာဉ်မှူးများက ငြင်းဆိုလိုက်ပြီး အစိုးရ၏ ပြန်လည်ခေါ်ဆောင်ရေး အစီအစဉ် ဖျက်သိမ်းရန် ဖိအားပေးလျက် ရှိသည်။
ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသည် ဝူဟန်မြို့မှ ကျောင်းသား အများစု အပါအဝင် နိုင်ငံသား ၃၁၂ ဦးကို လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား နောက်ထပ် ၁၇၁ ဦးကို လေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ယူရန် စီစဉ်ထားသည်။
ဝူဟန်မြို့သို့ မည်သည့် လေယာဉ် ခရီးစဉ်မှ စေလွှတ်နိုင်ခြင်း မရှိသဖြင့် ကျန်ရှိနေသည့် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ သားများကို ခေါ်ဆောင်နိုင်ခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူမိုမန်က ဖေဖော်ဝါရီ ၉ ရက်တွင်သတင်းထောက်များကို ပြောသည်။
မည်သည့် လေယာဉ်အမှုထမ်းမှ ဝူဟန်မြို့သို့ မသွားလိုကြကြောင်း၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသားများကို အစောပိုင်းတွင် သွားရောက် ခေါ်ဆောင်ခဲ့ကြသည့် လေယာဉ် အမှုထမ်းများကလည်း ထပ်မံ သွားရောက်လိုခြင်း မရှိကြောင်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံတွင် လူပေါင်း ၈၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ ကူးစက်ခံထားရသည့် ကိုရိုနာ ဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၂၀ ကျော်၌လည်း ကူးစက်မှုများ ရှိနေကာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်နေသည်။
Photo : AFP

0 comments:

Post a Comment