Tuesday, February 4, 2020

လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံမှပြန်လာသည့်စစ်ကိုင်းမြို့၊နန်းစုရပ်မှ လူနှစ်ဦးကျန်းမာရေးမကောင်းသည့်ကိစွအား တာဝန်ရှိသူများ သွားရောက်၍ ကျန်းမာရေး စစ်ဆေး

Image may contain: 2 people, people standing

လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံမှပြန်လာသည့်စစ်ကိုင်းမြို့၊နန်းစုရပ်မှ လူနှစ်ဦး ကျန်းမာရေးမကောင်းသည့်ကိစွအားဖေဖော်ဝါရီ၄တွင်တာ၀န်ရှိသူများသွားရောက်၍ ကျန်းမာရေး စစ်ဆေးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၄နံနက်ပိုင်းက စစ်ကိုင်းမြို့ကောင်းကြောင်းမကောင်းကြောင်းအားမနာတမ်းပြောမယ် group ၌ Gat Gyi Acc ပိုင်ရှင်မှ "စစ်ကိုင်းမြို့၊နန်းစုရပ်ကွက် ရွာထောင်ဘုန်းကြီးကျောင်းဘေး တရုတ်ပြည်ကပြန်လာတဲ့ညီအမနှစ်ယောက်နေမကောင်းဖြစ်နေတာကို ဆေးခန်းမသွားဘူးတဲ့ သတ်ဆိုင်ရာလူကြီးမင်းများလုပ်ကြပါဦး အကုန်သေကုန်တော့မယ်"ဟု ရေးသားတင်ခဲ့သဖြင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက်စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိသူများ၊ရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တာ၀န်ရှိသူများသွားရောက်စစ်ဆေးရာစစ်ကိုင်းမြို့၊ရွာထောင်ရပ်ကွက်၊နန်းစုရပ်နေ ကိုဇင်မင်းအောင် ၂၉ နှစ် နှင့် ညီမဖြစ်သူ မအိသဲပွင့် ၂၃ နှစ်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူကျန်မြို့ရှိ စက်ရုံတစ်ခုသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊မအိသဲပွင့် မှာ၎င်းနေထိုင်ရာ ရပ်ကွက်သို့ ပြီးခဲ့သည့် သုံးလခန့်က ပြန်လည်ရောက်ရှိခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း။ကိုဇင်မင်းအောင် မှာဇန်နဝါရီလ ၇ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့ပြီး ခြေထောက်များ တုံ့ဆိုင်းပြီး လမ်းကောင်းစွာ မ‌ေလှာက်နိုင်သည့် အနေအထားတွင် ရှိကြောင်းရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှသိရသည်။
''လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရွာထောင်ဘုန်းကြီးကျောင်း တောင်ဘက်က တရုတ်ပြည်က ပြန်လာတဲ့ မောင်နှမ နှစ်ယောက်ကို သံသယလူနာအဖြစ် ရှိတယ်လို့ ကိစ္စလေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တာဝန်ရှိသူတွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့ပါတယ်။တရုတ်ပြည်ကို သွားတာက မောင်နှမ နှစ်ယောက်ညီမဖြစ်သူက ပြန်လာတာ သုံးလလောက်ရှိ ခုချိန်ထိ သူက ကျန်းမာရေးကောင်းတယ်၊အစ်ကိုဖြစ်သူက အရင်လ ၇ ရက်နေ့က ပြန်လာတယ်။သူက ဘာဖြစ်လဲ ဆိုရင် ခြေထောက်တွေက နည်းနည်းဆိုင်းတယ် လမ်းမလျောက်နိုင်ဘူး။ ကျန်မာရေးအဖွဲ့က စစ်ဆေးတဲ့ အနေအထားမှာတော့ ဝူဟန်ဗိုင်းရပ်နဲ့ ပတ်သက်တဲ့ ချောင်းဆိုးတာ၊ဖျားတာ ရင်ဘတ်အောင့်တာ တို့ ဆိုတဲ့ လက္ခဏ မတွေ့ရပါဘူး။ အောက်ပိုင်း မကောင်းဘူး လမ်းမလျောက်နိုင်တဲ့ အနေအထားမျိုးတွေ့တော့ ကျန်းမာရေး အဖွဲ့က သူကို လိုအပ်တဲ့ ဆေးဝါးတွေ ပေးမယ်။သူက ချောင်းဆို လာခဲ့မယ် ရင်ဘတ်တွေ အောင့်လာခဲ့မယ် ဖျားနာလာခဲ့မယ်ဆိုရင် အချိန်နဲ့ တပြေးညီအကြောင်းကြားပါ ဆိုပြီ နေရင်းအိမ်မှာ ဆက်လက် ပဲ နေထိုင်ပါတယ်။လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဝူဟန်ဗိုင်းရပ် သံသယလူနာဆိုတာ မဟုတ်မှန်ပါဘူး 'ဟု ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးက ပြောကြားသည်။
၎င်းတို့အား စစ်ဆေးရာတွင် ဝူဟန်ဗိုင်းရပ် ရောဂါ နှင့် ပတ်သက်သည့် သံသယဖြစ်ပွား အချက်များ မတွေ့ရှိခဲ့ကြောင်း၊ထို့သို့ သံသယဖြစ်ပွား အချက်များ မတွေ့ရှိခဲ့သော်လည်း ဖျားနားခြင်း၊ချောင်းဆိုခြင်း စသည့်တို့ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန် မိသားစုဝင်များသို့ မှာကြာခဲ့ကြောင်း သိရသည်။‌
Image may contain: 3 people, people standing
Image may contain: 1 person, sitting and hat
Image may contain: text
Source - ဇေယျာတိုင်းမ်
<zawgyi>
လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံမှပြန်လာသည့်စစ်ကိုင်းမြို့၊နန်းစုရပ်မှ လူနှစ်ဦးကျန်းမာရေးမကောင်းသည့်ကိစွအား တာဝန်ရှိသူများ သွားရောက်၍ ကျန်းမာရေး စစ်ဆေးခဲ့
Tuesday , February 4 , 2020

လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံမှပြန်လာသည့်စစ်ကိုင်းမြို့၊နန်းစုရပ်မှ လူနှစ်ဦး ကျန်းမာရေးမကောင်းသည့်ကိစွအားဖေဖော်ဝါရီ၄တွင်တာဝန်ရှိသူများသွားရောက်၍ ကျန်းမာရေး စစ်ဆေးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၄နံနက်ပိုင်းက စစ်ကိုင်းမြို့ကောင်းကြောင်းမကောင်းကြောင်းအားမနာတမ်းပြောမယ် group ၌ Gat Gyi Acc ပိုင်ရှင်မှ "စစ်ကိုင်းမြို့၊နန်းစုရပ်ကွက် ရွာထောင်ဘုန်းကြီးကျောင်းဘေး တရုတ်ပြည်ကပြန်လာတဲ့ညီအမနှစ်ယောက်နေမကောင်းဖြစ်နေတာကို ဆေးခန်းမသွားဘူးတဲ့ သတ်ဆိုင်ရာလူကြီးမင်းများလုပ်ကြပါဦး အကုန်သေကုန်တော့မယ်"ဟု ရေးသားတင်ခဲ့သဖြင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက်စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိသူများ၊ရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တာဝန်ရှိသူများသွားရောက်စစ်ဆေးရာစစ်ကိုင်းမြို့၊ရွာထောင်ရပ်ကွက်၊နန်းစုရပ်နေ ကိုဇင်မင်းအောင် ၂၉ နှစ် နှင့် ညီမဖြစ်သူ မအိသဲပွင့် ၂၃ နှစ်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူကျန်မြို့ရှိ စက်ရုံတစ်ခုသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊မအိသဲပွင့် မှာ၎င်းနေထိုင်ရာ ရပ်ကွက်သို့ ပြီးခဲ့သည့် သုံးလခန့်က ပြန်လည်ရောက်ရှိခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း။ကိုဇင်မင်းအောင် မှာဇန်နဝါရီလ ၇ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့ပြီး ခြေထောက်များ တုံ့ဆိုင်းပြီး လမ်းကောင်းစွာ မ‌လှောက်နိုင်သည့် အနေအထားတွင် ရှိကြောင်းရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှသိရသည်။
''လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရွာထောင်ဘုန်းကြီးကျောင်း တောင်ဘက်က တရုတ်ပြည်က ပြန်လာတဲ့ မောင်နှမ နှစ်ယောက်ကို သံသယလူနာအဖြစ် ရှိတယ်လို့ ကိစ္စလေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တာဝန်ရှိသူတွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့ပါတယ်။တရုတ်ပြည်ကို သွားတာက မောင်နှမ နှစ်ယောက်ညီမဖြစ်သူက ပြန်လာတာ သုံးလလောက်ရှိ ခုချိန်ထိ သူက ကျန်းမာရေးကောင်းတယ်၊အစ်ကိုဖြစ်သူက အရင်လ ၇ ရက်နေ့က ပြန်လာတယ်။သူက ဘာဖြစ်လဲ ဆိုရင် ခြေထောက်တွေက နည်းနည်းဆိုင်းတယ် လမ်းမလျောက်နိုင်ဘူး။ ကျန်မာရေးအဖွဲ့က စစ်ဆေးတဲ့ အနေအထားမှာတော့ ဝူဟန်ဗိုင်းရပ်နဲ့ ပတ်သက်တဲ့ ချောင်းဆိုးတာ၊ဖျားတာ ရင်ဘတ်အောင့်တာ တို့ ဆိုတဲ့ လက္ခဏ မတွေ့ရပါဘူး။ အောက်ပိုင်း မကောင်းဘူး လမ်းမလျောက်နိုင်တဲ့ အနေအထားမျိုးတွေ့တော့ ကျန်းမာရေး အဖွဲ့က သူကို လိုအပ်တဲ့ ဆေးဝါးတွေ ပေးမယ်။သူက ချောင်းဆို လာခဲ့မယ် ရင်ဘတ်တွေ အောင့်လာခဲ့မယ် ဖျားနာလာခဲ့မယ်ဆိုရင် အချိန်နဲ့ တပြေးညီအကြောင်းကြားပါ ဆိုပြီ နေရင်းအိမ်မှာ ဆက်လက် ပဲ နေထိုင်ပါတယ်။လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဝူဟန်ဗိုင်းရပ် သံသယလူနာဆိုတာ မဟုတ်မှန်ပါဘူး 'ဟု ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးက ပြောကြားသည်။
၎င်းတို့အား စစ်ဆေးရာတွင် ဝူဟန်ဗိုင်းရပ် ရောဂါ နှင့် ပတ်သက်သည့် သံသယဖြစ်ပွား အချက်များ မတွေ့ရှိခဲ့ကြောင်း၊ထို့သို့ သံသယဖြစ်ပွား အချက်များ မတွေ့ရှိခဲ့သော်လည်း ဖျားနားခြင်း၊ချောင်းဆိုခြင်း စသည့်တို့ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန် မိသားစုဝင်များသို့ မှာကြာခဲ့ကြောင်း သိရသည်။‌
Source - ဇေယျာတိုင်းမ်

0 comments:

Post a Comment