Wednesday, February 5, 2020

မြန်မာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပြုလုပ်ခဲ့ပြီး သဘောတူညီချက်မရ

Image may contain: one or more people and indoor

မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေးတံခါးပိတ်ဆွေးနွေးမှုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)လူမျိုးတုန်းသတ်ဖြတ်ခံရမှုကာကွယ်နိုင်အောင် မြန်မာနိုင်ငံဘက်က အစွမ်းကုန်လုပ်ဆောင်ရမယ်ဆိုတဲ့ နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)ရဲ့အမိန့်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသော်လည်း တရုတ်နဲ့ဗီယက်နမ်နိုင်ငံတို့က သဘောမတူခဲ့ကြသဖြင့် သဘောတူညီချက်မရတာဖြစ်ကြောင်း သိရသည်။
ယင်း အစည်းအဝေးတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ အက်စတိုးနီးယား၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံတို့ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေတရားစီရင်ခံရဖို့ ယုံကြည်ရတဲ့ဆောင်ရွက်မှုတွေလုပ်ဆောင်သွားရန် အဆိုတင်သွင်းခဲ့သည်။
အဲဒီအဆိုကို ကောင်စီဝင်ဟောင်းပိုလန်နိုင်ငံကလက်မှတ်ရေးထိုးထားပြီး ပြီးခဲ့တဲ့သောကြာနေ့မှာ ဥရောပသမဂ္ဂကနုတ်ထွက်ခဲ့တဲ့ဗြိတိန်မပါဘဲနဲ့ ပထမဆုံးလုံခြုံရေးကောင်စီမှာ ပူးတွဲထုတ်ပြန်ခဲ့တဲ့အဆိုဖြစ်ပါတယ်။
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေ မြန်မာနိုင်ငံဆီ ကိုယ့်သဘောထားပါဝင်ပြီး လုံခြုံဂုဏ်သိက္ခာရှိတဲ့အပြင် ရေရှည်တည်တံ့တဲ့နေရပ်ပြန်မှုဖြစ်လာအောင် အခွင့်အရေးပေးဖို့နဲ့ အခြေအနေတွေဖန်တီးပေးဖို့ အဆိုမှာပါဝင်ပါတယ်။
No photo description available.
No photo description available.

Source- AFP
Ref : Myitphyar Irra

>>Zawgyi<<
မြန်မာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပြုလုပ်ခဲ့ပြီး သဘောတူညီချက်မရ
Wednesday , February 5 , 2020

မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေးတံခါးပိတ်ဆွေးနွေးမှုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)လူမျိုးတုန်းသတ်ဖြတ်ခံရမှုကာကွယ်နိုင်အောင် မြန်မာနိုင်ငံဘက်က အစွမ်းကုန်လုပ်ဆောင်ရမယ်ဆိုတဲ့ နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)ရဲ့အမိန့်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသော်လည်း တရုတ်နဲ့ဗီယက်နမ်နိုင်ငံတို့က သဘောမတူခဲ့ကြသဖြင့် သဘောတူညီချက်မရတာဖြစ်ကြောင်း သိရသည်။
ယင်း အစည်းအဝေးတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ အက်စတိုးနီးယား၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံတို့ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေတရားစီရင်ခံရဖို့ ယုံကြည်ရတဲ့ဆောင်ရွက်မှုတွေလုပ်ဆောင်သွားရန် အဆိုတင်သွင်းခဲ့သည်။
အဲဒီအဆိုကို ကောင်စီဝင်ဟောင်းပိုလန်နိုင်ငံကလက်မှတ်ရေးထိုးထားပြီး ပြီးခဲ့တဲ့သောကြာနေ့မှာ ဥရောပသမဂ္ဂကနုတ်ထွက်ခဲ့တဲ့ဗြိတိန်မပါဘဲနဲ့ ပထမဆုံးလုံခြုံရေးကောင်စီမှာ ပူးတွဲထုတ်ပြန်ခဲ့တဲ့အဆိုဖြစ်ပါတယ်။
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေ မြန်မာနိုင်ငံဆီ ကိုယ့်သဘောထားပါဝင်ပြီး လုံခြုံဂုဏ်သိက္ခာရှိတဲ့အပြင် ရေရှည်တည်တံ့တဲ့နေရပ်ပြန်မှုဖြစ်လာအောင် အခွင့်အရေးပေးဖို့နဲ့ အခြေအနေတွေဖန်တီးပေးဖို့ အဆိုမှာပါဝင်ပါတယ်။
Source- AFP
Ref : Myitphyar Irra

0 comments:

Post a Comment