Monday, February 10, 2020

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဖို့ ကြက်ဥပြုတ်စားပေးရန် ကောလာဟလများ နာဂဒေသတွင် ပျံ့နှံ့နေ

No photo description available.
ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ ကြက်ဥပြုတ်စားပေးရန် ကောလာဟလများ စစ်ကိုင်းတိုင်း နာဂဒေသရှိ ကျေးရွာများတွင် ယနေ့ ပျံ့နှံ့ နေကြောင်း ဒေသခံများက ပြောသည်။

" ဆွမ္မရာ၊ ပန်ဆပ်၊ ကုံကိုင်လုံ၊ လေယုံ အများကြီးပါ၊ အနီးအနားက ရွာတွေမှာရော သတင်းပျံ့နေတာ၊ မြို့က ဖုန်းသတင်းလို့ ဆိုပြီး ပြောကြတယ် "ဟု လေရှီးမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
လူတစ်ဦးလျင် ကြက်ဥပြုတ် တစ်လုံးစီ စားပြီး ဗိုင်းရပ်စ် ကာကွယ်ရန် သတင်းများထွက်ပြီးနောက် ကြက်ဥများ ပြတ်လပ်သည်အထိ ရောင်းအားကောင်းနေကြောင်း သတင်းရရှိသည်။
ယခင်က လည်း ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရန် ကြက်သွန်နီစားပေးခြင်း၊ ငရုတ်ကောင်းစေ့ စားခြင်း၊အရက်နေ့စဉ်သောက်ပေးခြင်း စသော ကျန်းမာရေးသတင်းမှားများ ပြည်တွင်း၌ ပျံ့နှံ့ ခဲ့ဖူးသည်။
ကိုရိုနာ ဗိုင်းရပ်စစ် ကူးစက်မှုမှ ကာကွယ်ရန် လက်ကို မကြာခဏစနစ်တကျဆေးကြောခြင်း၊ နှာချေချောင်းဆိုးသူများနှင့် မထိတွေ့ခြင်း၊ အဟာရပြည့်၀စွာစားသုံးခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊လူစုလူဝေးအား ရှောငျရှားခွငျး၊ ထိရောကျစှာလကျဆေးခွငျး၊ တိရစ်ဆာနျမြားအားအကာအကှယျမပါဘဲ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Ref ; Monywa Gazette
<zawgyi>
ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဖို့ ကြက်ဥပြုတ်စားပေးရန် ကောလာဟလများ နာဂဒေသတွင် ပျံ့နှံ့နေ
Tuesday, February 11 , 2020

ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဖို့ ကြက်ဥပြုတ်စားပေးရန် ကောလာဟလ များ စစ်ကိုင်းတိုင်း နာဂဒေသရှိ ကျေးရွာများတွင် ယနေ့ ပျံ့နှံ့ နေကြောင်း ဒေသခံများ ကပြောသည်။
" ဆွမ္မရာ၊ ပန်ဆပ်၊ ကုံကိုင်လုံ၊ လေယုံ အများကြီးပါ၊ အနီးအနားက ရွာတွေမှာရော သတင်းပျံ့နေတာ၊ မြို့က ဖုန်းသတင်းလို့ ဆိုပြီး ပြောကြတယ် "ဟု လေရှီးမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
လူတစ်ဦးလျင် ကြက်ဥပြုတ် တစ်လုံးစီ စားပြီး ဗိုင်းရပ်စ် ကာကွယ်ရန် သတင်းများထွက်ပြီးနောက် ကြက်ဥများ ပြတ်လပ်သည်အထိ ရောင်းအားကောင်းနေကြောင်း သတင်းရရှိသည်။
ယခင်က လည်း ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရန် ကြက်သွန်နီစားပေးခြင်း၊ ငရုတ်ကောင်းစေ့ စားခြင်း၊အရက်နေ့စဉ်သောက်ပေးခြင်း စသော ကျန်းမာရေးသတင်းမှားများ ပြည်တွင်း၌ ပျံ့နှံ့ ခဲ့ဖူးသည်။
ကိုရိုနာ ဗိုင်းရပ်စစ် ကူးစက်မှုမှ ကာကွယ်ရန် လက်ကို မကြာခဏစနစ်တကျဆေးကြောခြင်း၊ နှာချေချောင်းဆိုးသူများနှင့် မထိတွေ့ခြင်း၊ အဟာရပြည့်ဝစွာစားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊လူစုလူဝေးအား ရှောငျရှားခွငျး၊ ထိရောကျစှာလကျဆေးခွငျး၊ တိရစ်ဆာနျမြားအားအကာအကှယျမပါဘဲ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Ref ; Monywa Gazette

0 comments:

Post a Comment