Monday, February 10, 2020

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဝူဟန့်မြို့ရှိ ဆေးဝန်ထမ်းများကို ဗီဒီယိုဖြင့် ဆက်သွယ်ကာ အားပေးစကားပြော

Image may contain: 1 person, standing

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပီကင်း တိထမ် ဆေးရုံသို့ သွားရောက်ပြီး နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါသည်များအား ကုသရေး အခြေအနေကို လေ့လာ စစ်ဆေးပြီး ဆေးဝန်ထမ်းများအား အားပေးကြည့်ရှုခဲ့ပါသည်။

ထို့နောက် ရှီကျင့်ဖိန်သည် ချောင်ယမ် မြို့နယ် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးစင်တာသို့ သွားရောက်ပြီး၊ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှု၊ ကူးစက်ရောဂါ စုံစမ်းစစ်ဆေးမှု၊ ရောဂါ တိုင်းတာစစ်ဆေးမှုနှင့် ပီကင်းမြို့ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်မှု အခြေအနေများကို ကြားနာ လေ့လာ ကြည့်ရှုခဲ့သည်ဟု စီစီတီဗီမှ သတင်းအရ သိရပါသည်။
ပီကင်း တိထမ် ဆေးရုံ တာဝေး ကုသရေး စင်တာ၌ ရှီကျင့်ဖိန်သည် ဝူဟန့်မြို့ရှိ ကူးစက်ရောဂါသည်များအား လက်ခံ ကုသပေးနေသည့် ကျင်းယင်ထန် ဆေးရုံ၊ ရှယ်ဟို ဆေးရုံ၊ ဟိုရှင်ရှန် ဆေးရုံများနှင့် ဗီဒီယို ဆက်သွယ်ပြီး၊ ရောဂါသည်များအား ကုသပေးနေသော ဆေးဝန်ထမ်းများ၊ အရာရှိများနှင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်မှုထမ်းများမှ အခြေအနေ တင်ပြချက်များ၊ အဆိုပြုချက်များကို ကြားနာခဲ့ပါသည်။ ရှီကျင့်ဖိန်က၊ ကျွန်တော်က ပါတီဗဟိုကော်မတီ ကိုယ်စား ခင်ဗျားတို့အား၊ တစ်ပြည်လုံးရှိ ကူးစက်ရောဂါ တိုက်ဖျက်နေသည့် ဆေးဝန်ထမ်းများအား မွန်မြတ်စွာ အလေးပြုပြီး စိတ်ရင်းစေတနာနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။
Image may contain: one or more people
Image may contain: one or more people, people standing and indoor
Image may contain: one or more people, people sitting, living room, table and indoor
Image may contain: 2 people, people standing
Image may contain: one or more people
Image may contain: 2 people, people standing, people sitting, screen and indoor
Ref : CRI Myanmar #Myanmar_Online_News
>>Zawgyi<<
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဝူဟန့်မြို့ရှိ ဆေးဝန်ထမ်းများကို ဗီဒီယိုဖြင့် ဆက်သွယ်ကာ အားပေးစကားပြော
Tuesday, February 11 , 2020

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပီကင်း တိထမ် ဆေးရုံသို့ သွားရောက်ပြီး နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါသည်များအား ကုသရေး အခြေအနေကို လေ့လာ စစ်ဆေးပြီး ဆေးဝန်ထမ်းများအား အားပေးကြည့်ရှုခဲ့ပါသည်။
ထို့နောက် ရှီကျင့်ဖိန်သည် ချောင်ယမ် မြို့နယ် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးစင်တာသို့ သွားရောက်ပြီး၊ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှု၊ ကူးစက်ရောဂါ စုံစမ်းစစ်ဆေးမှု၊ ရောဂါ တိုင်းတာစစ်ဆေးမှုနှင့် ပီကင်းမြို့ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်မှု အခြေအနေများကို ကြားနာ လေ့လာ ကြည့်ရှုခဲ့သည်ဟု စီစီတီဗီမှ သတင်းအရ သိရပါသည်။
ပီကင်း တိထမ် ဆေးရုံ တာဝေး ကုသရေး စင်တာ၌ ရှီကျင့်ဖိန်သည် ဝူဟန့်မြို့ရှိ ကူးစက်ရောဂါသည်များအား လက်ခံ ကုသပေးနေသည့် ကျင်းယင်ထန် ဆေးရုံ၊ ရှယ်ဟို ဆေးရုံ၊ ဟိုရှင်ရှန် ဆေးရုံများနှင့် ဗီဒီယို ဆက်သွယ်ပြီး၊ ရောဂါသည်များအား ကုသပေးနေသော ဆေးဝန်ထမ်းများ၊ အရာရှိများနှင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်မှုထမ်းများမှ အခြေအနေ တင်ပြချက်များ၊ အဆိုပြုချက်များကို ကြားနာခဲ့ပါသည်။ ရှီကျင့်ဖိန်က၊ ကျွန်တော်က ပါတီဗဟိုကော်မတီ ကိုယ်စား ခင်ဗျားတို့အား၊ တစ်ပြည်လုံးရှိ ကူးစက်ရောဂါ တိုက်ဖျက်နေသည့် ဆေးဝန်ထမ်းများအား မွန်မြတ်စွာ အလေးပြုပြီး စိတ်ရင်းစေတနာနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။
Ref : CRI Myanmar #Myanmar_Online_News

0 comments:

Post a Comment