Thursday, February 6, 2020

ဒေါက်တာလဲ့လဲ့မော်အမှု တိုင်းလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ပြန်ခေါ်သက်သေအဖြစ် သက်သေ ၁၆ ဦး တင်သွင်း

ဒေါက်တာ လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးအပေါ် အဂတိလိုက်စားမှု ပုဒ်မများဖြင့် စွဲချက်တင်ပြီးနောက် သက်သေ ၁၆ ဦးကို ပြန်လည်စစ်ဆေးခွင့်ပြုရန် စွပ်စွဲခံရသူများ၏ ရှေ့နေအဖွဲ့က တနင်္သာရီ တိုင်း တရားလွှတ်တော်သို့ တင်ပြထားသည်။
ပြန်လည်စစ်ဆေးမည့် သက်သေ ၁၆ ဦးတွင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းများဖြစ်သည့် ဦးဖြိုးဝင်းထွန်း၊ ဦးကြည်လှိုင်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းအစိုးရအဖွဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်သည်။

ဖေဖော်ဝါရီ ၃ ရက် ရုံးချိန်းတွင် တရားလို အဂတိကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို ပြန်ခေါ်သက်သေအ ဖြစ် စစ်ဆေးခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ၊ ၁၈ ရက်နေ့ ရုံးချိန်းနှင့် နောက်ရုံးချိန်းများတွင် ကျန်ရှိ သက်သေအားလုံးကို အပြီးသတ် စစ်ဆေးမည် ဖြစ်သည်။
အမှုနှင့်ပတ်သက်သည့် တရားလိုပြ သက်သေ ၈၄ ဦးနှင့် စာရွက်၊ စာတမ်းသက်သေ ၄၀၀ ကျော်ကို ၁၀ လခန့်ကြာ စစ်ဆေးပြီးနောက် ဇန်နဝါရီ ၂၁ ရက် ရုံးချိန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စွဲဆိုထားသည့် အဂတိပုဒ်မများအ တိုင်း တိုင်းတရား လွှတ်တော်က စွဲချက်တင်ခဲ့သည်။အဆိုပါ စွဲချက်အမိန့်နှင့်ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ပြင်ဆင်မှုတက်၊ မတက်ဆိုသည်မှာ ကာယကံရှင်များ၏ သဘောဆန္ဒအတိုင်း ဆက်လက် လုပ်ဆောင်မည်ဟု ဒေါက်တာလဲ့လဲ့မော်၏ အကျိုးဆောင်ရှေ့နေ ဦးနိုင်လင်းထွန်းက ပြောသည်။

အဂတိကော်မရှင်က ဒေါက်တာလဲ့လဲ့မော်ကို အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်အမှုလေးမှုခွဲကာ တရားစွဲ ဆိုထားသည်။ GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးကိုမူ ပုဒ်မ ၅၅/ ၆၃ (လာဘ်စားမှုကို အားပေးကူညီ သည့် ပုဒ်မ)ဖြင့် တရားစွဲဆိုထား သည်။

လက်ရှိတွင် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီမန်နေ ဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်၊ အထွေထွေမန်နေဂျာ ဦးသူရအုံတို့ကို ထားဝယ်အကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။
>>Zawgyi<<
ဒေါက်တာလဲ့လဲ့မော်အမှု တိုင်းလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ပြန်ခေါ်သက်သေအဖြစ် သက်သေ ၁၆ ဦး တင်သွင်း
Friday , February 7 , 2020

Ref-7day #Myanmar_Online_News

0 comments:

Post a Comment