Wednesday, February 5, 2020

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် မြောင်းမြဆေးရုံမှ ပုသိမ်ဆေးရုံအုပ်အဖြစ်ပြောင်းရွှေ့မှုကို ဒေသခံများကြိုဆိုမှုပြုလုပ်

Image may contain: 2 people, people standing, flower and outdoor

တာဝန်ထမ်းဆောင်ရာဒေသတွေမှာ ပရဟိတလုပ်ငန်းများ၊ လူမူအကျိုးပြုလုပ်ငန်းများနဲ့ အခမဲ့ဆေးကုသခြင်းတွေကို ပြုလုပ်ပေးခဲ့တဲ့ ပင်းတယမီးအိမ်ရှင်လို့နံမည်ကျော်သူ ဒေါက်တာသန်းမင်းထွဋ်ဟာ ပုသိမ်မြို့ကုတင်၅၀၀ရဲ့ဆေးရုံအုပ်ကြီးအဖြစ် ဒီကနေ့မှာပဲပြောင်းရွှေ့လာပါတယ်။

ဒေါက်တာသန်းမင်းထွဋ်ဟာ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီးအဖြစ်ကနေ ရာထူးတိုးခဲ့တာဖြစ်ပြီး ပုသိမ်ဒေသခံတွေနဲ့ လူမူရေးအသင်းအဖွဲ့တွေက ပုသိမ်မြို့အပြင်ကစောင့်ပြီး ကြိုဆိုတာတွေကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
"ဆရာကြီး ပုသိမ်ပြောင်းလာတာ အရမ်းဂုဏ်ယူတယ်၊ ဆရာကြီးရဲ့လုပ်ဆောင်ချက်တွေကို လေးစားလို့ရယ်၊ သူသာဆိုရင် ပုသိမ်ဆေးရုံတိုးတက်ဖို့မြင်လို့ လာကြိုတာပါ"လို့ ပုသိမ်မြို့ခံ ကိုသူရအောင်ကပြောပါတယ်
ဒေါက်တာသန်းမင်းထွဋ်ဟာ မြောင်းမြမြို့မှာတာဝန်ကျခဲ့စဉ်က ကျေးလက်ဆေးပေးခန်းတွေပြုပြင်ခြင်း၊ စက်ရေတွင်းတွေတူးဖော်ခြင်း၊ စာကြည့်တိုက်များ၊ စာသင်ကျောင်း ဆောက်လုပ်တာတွေနဲ့ လူမူအကျိုးပြုလုပ်ငန်းတွေ ကိုအလူရှင်တွေနဲ့ချိတ်ဆက်ပေးပြီး ကျပ်သိန်းပေါင်းတစ်သောင်းကျော် လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ကျေးရွာအုပ်စ(ု၃၂)စုကိုလည်း အခမဲ့ဆေးဝါးကုသတာတေ ွပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်
"ပုသိမ်မှာ တာဝန်ကျသမျှကာလမှာ ကျွန်တော့်ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်ကို ဒီက အသင်းအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်ဆောင်မယ်လို့ ကတိပေးပါတယ်"လို့ ဒေါက်တာသန်းမင်းထွဋ်ကပြောပါတယ်။
ပင်းတယဒေသမှာ ဒေါက်တာသန်းမင်းထွဋ် တာဝန်ထမ်းဆောင်ချိန်က လူမူကူညီရေးနဲ့ အခမဲ့ဆေးကုသတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဂုဏ်ထူးဆောင်ရာသက်ပန် ပင်းတယသားဆုကို ပေးအပ်ခံခဲ့ရပြီး မပြောင်းရွှေ့ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုမူတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါက်တာသန်းမင်းထွဋ်ဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် နှလုံးလှမီးအိမ်ရှင်ဆု ၊ လူမူထူးချွန်ဆု၊ ကျန်းမာရေးထူးချွန်ဆု၊ ပြည်သူ့ဂုဏ်ရည်ဆုများကိုရရှိထားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။
Image may contain: 1 person, standing, crowd and outdoor
Image may contain: 6 people, people standing, child and outdoor
Image may contain: 4 people, people standing and outdoor
Image may contain: 7 people, people standing, child and outdoor
Source : VOM
>>Zawgyi<<
ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် မြောင်းမြဆေးရုံမှ ပုသိမ်ဆေးရုံအုပ်အဖြစ်ပြောင်းရွှေ့မှုကို ဒေသခံများကြိုဆိုမှုပြုလုပ်
Wednesday , February 5 , 2020

တာဝန်ထမ်းဆောင်ရာဒေသတွေမှာ ပရဟိတလုပ်ငန်းများ၊ လူမူအကျိုးပြုလုပ်ငန်းများနဲ့ အခမဲ့ဆေးကုသခြင်းတွေကို ပြုလုပ်ပေးခဲ့တဲ့ ပင်းတယမီးအိမ်ရှင်လို့နံမည်ကျော်သူ ဒေါက်တာသန်းမင်းထွဋ်ဟာ ပုသိမ်မြို့ကုတင်၅၀၀ရဲ့ဆေးရုံအုပ်ကြီးအဖြစ် ဒီကနေ့မှာပဲပြောင်းရွှေ့လာပါတယ်။
ဒေါက်တာသန်းမင်းထွဋ်ဟာ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီးအဖြစ်ကနေ ရာထူးတိုးခဲ့တာဖြစ်ပြီး ပုသိမ်ဒေသခံတွေနဲ့ လူမူရေးအသင်းအဖွဲ့တွေက ပုသိမ်မြို့အပြင်ကစောင့်ပြီး ကြိုဆိုတာတွေကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
"ဆရာကြီး ပုသိမ်ပြောင်းလာတာ အရမ်းဂုဏ်ယူတယ်၊ ဆရာကြီးရဲ့လုပ်ဆောင်ချက်တွေကို လေးစားလို့ရယ်၊ သူသာဆိုရင် ပုသိမ်ဆေးရုံတိုးတက်ဖို့မြင်လို့ လာကြိုတာပါ"လို့ ပုသိမ်မြို့ခံ ကိုသူရအောင်ကပြောပါတယ်
ဒေါက်တာသန်းမင်းထွဋ်ဟာ မြောင်းမြမြို့မှာတာဝန်ကျခဲ့စဉ်က ကျေးလက်ဆေးပေးခန်းတွေပြုပြင်ခြင်း၊ စက်ရေတွင်းတွေတူးဖော်ခြင်း၊ စာကြည့်တိုက်များ၊ စာသင်ကျောင်း ဆောက်လုပ်တာတွေနဲ့ လူမူအကျိုးပြုလုပ်ငန်းတွေ ကိုအလူရှင်တွေနဲ့ချိတ်ဆက်ပေးပြီး ကျပ်သိန်းပေါင်းတစ်သောင်းကျော် လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ကျေးရွာအုပ်စ(ု၃၂)စုကိုလည်း အခမဲ့ဆေးဝါးကုသတာတေ ွပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်
"ပုသိမ်မှာ တာဝန်ကျသမျှကာလမှာ ကျွန်တော့်ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်ကို ဒီက အသင်းအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်ဆောင်မယ်လို့ ကတိပေးပါတယ်"လို့ ဒေါက်တာသန်းမင်းထွဋ်ကပြောပါတယ်။
ပင်းတယဒေသမှာ ဒေါက်တာသန်းမင်းထွဋ် တာဝန်ထမ်းဆောင်ချိန်က လူမူကူညီရေးနဲ့ အခမဲ့ဆေးကုသတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဂုဏ်ထူးဆောင်ရာသက်ပန် ပင်းတယသားဆုကို ပေးအပ်ခံခဲ့ရပြီး မပြောင်းရွှေ့ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုမူတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါက်တာသန်းမင်းထွဋ်ဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် နှလုံးလှမီးအိမ်ရှင်ဆု ၊ လူမူထူးချွန်ဆု၊ ကျန်းမာရေးထူးချွန်ဆု၊ ပြည်သူ့ဂုဏ်ရည်ဆုများကိုရရှိထားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။
Source : VOM

0 comments:

Post a Comment