Monday, February 3, 2020

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူဦးရေ ၉ သန်းရှိတဲ့ နောက်ထပ်မြို့ကြီး တစ်မြို့ကို ချိတ်ပိတ်ကြောင်း ကြေညာ

Image may contain: people walking and outdoor

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄၂၇ ဦး ရှိပြီး နိုင်ငံပြင်ပမှာ ပထမဆုံးအဖြစ် ဖိလစ်ပိုင်မှာ လူတစ်ဦး သေဆုံးလာချိန်မှာ တရုတ်နိုင်ငံမှာ ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် နောက်ထပ်မြို့ကြီးတစ်မြို့ကို ချိတ်ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံအစိုးရ တော်တော်များများက တရုတ်က လာသူတွေကို နယ်စပ်ပိတ်ထားချိန် တရုတ်နိုင်ငံအနေနဲ့ ရောဂါ မပြန့်ပွားရေး စိုးရိမ်ပူပန်မှုကို အခြေခံပြီး ခုလို လုပ်ဆောင်လာတာပါ။ကိုရိုနာဗိုင်းရပ်စ် စတင်ရာ ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်မြို့နယ်တွေကို ရောဂါခြေချုပ်အဖြစ် ချိတ်ပိတ်ထားတာကြောင့် လူပေါင်း သန်း ၅၀ ကျော် အဝင်အထွက် အပိတ်ခံထားရတာ ဖြစ်ပါတယ်။
ဝူဟန်ကို ခုလို ပိတ်ပြီး ဆယ်ရက်အကြာမှာ အာဏာပိုင်တွေဟာ အလားတူ ရောဂါခြေချုပ်အဖြစ် ကျဲ့ကျန်းပြည်နယ်က လူဦးရေး ကိုးသန်းကျော် ရှိရာ ဝန်ကျို့ဆိပ်ကမ်းမြို့ကို ချိတ်ပိတ်လိုက်တာ ဖြစ်ပါတယ်။အဲဒီ နယ်မြေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ်စီးပွားရေး ဦးမော့လာဖို့ အင်ဂျင်မောင်းနှင်ရာ စက်မှုအချက်အခြာအရှေ့ပိုင်း အရပ်ဒေသပဲ ဖြစ်ပါတယ်။
ဝန်ကျို့မြို့နေတွေအနေနဲ့ အိမ်တစ်အိမ်လျှင် လူတစ်ဦးပဲ လိုအပ်ပစ္စည်းတွေ ဝယ်ဖို့အတွက် နှစ်ရက်တစ်ခါသာ အပြင်ထွက်ခွင့်ရပြီး ဘူတာရုံ ၄၆ ခုကို ပိတ်ထားပြီးဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာပါတယ်။ဒီမြို့မှာ နဂိုကတည်းက ရုပ်ရှင်ရုံတွေ၊ ပြတိုက်တွေ၊ အများပြည်သူသုံး ခရီးသွားဝန်ဆောင်မှုတွေလို အများပြည်သူ နေရာတွေကို ပိတ်ထားပြီးလည်း ဖြစ်ပါတယ်။
ကျဲ့ကျန်းပြည်နယ်ဟာ ကိုရိုနာကူးစက်သူပေါင်း ၆၆၁ ဦး ရှိထားပြီး ဟူဘေးပြည်နယ်ပြီးရင် ကူးစက်မှု အမြင့်ဆုံးပဲ ဖြစ်ပါတယ်။
Image may contain: 2 people, people standing
Image may contain: one or more people, people standing and outdoor
Rf; Hindustan Times
<zawgyi>
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူဦးရေ ၉ သန်းရှိတဲ့ နောက်ထပ်မြို့ကြီး တစ်မြို့ကို ချိတ်ပိတ်ကြောင်း ကြေညာ
Tuesday , February 4 , 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄၂၇ ဦး ရှိပြီး နိုင်ငံပြင်ပမှာ ပထမဆုံးအဖြစ် ဖိလစ်ပိုင်မှာ လူတစ်ဦး သေဆုံးလာချိန်မှာ တရုတ်နိုင်ငံမှာ ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် နောက်ထပ်မြို့ကြီးတစ်မြို့ကို ချိတ်ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံအစိုးရ တော်တော်များများက တရုတ်က လာသူတွေကို နယ်စပ်ပိတ်ထားချိန် တရုတ်နိုင်ငံအနေနဲ့ ရောဂါ မပြန့်ပွားရေး စိုးရိမ်ပူပန်မှုကို အခြေခံပြီး ခုလို လုပ်ဆောင်လာတာပါ။ကိုရိုနာဗိုင်းရပ်စ် စတင်ရာ ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်မြို့နယ်တွေကို ရောဂါခြေချုပ်အဖြစ် ချိတ်ပိတ်ထားတာကြောင့် လူပေါင်း သန်း ၅၀ ကျော် အဝင်အထွက် အပိတ်ခံထားရတာ ဖြစ်ပါတယ်။
ဝူဟန်ကို ခုလို ပိတ်ပြီး ဆယ်ရက်အကြာမှာ အာဏာပိုင်တွေဟာ အလားတူ ရောဂါခြေချုပ်အဖြစ် ကျဲ့ကျန်းပြည်နယ်က လူဦးရေး ကိုးသန်းကျော် ရှိရာ ဝန်ကျို့ဆိပ်ကမ်းမြို့ကို ချိတ်ပိတ်လိုက်တာ ဖြစ်ပါတယ်။အဲဒီ နယ်မြေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ်စီးပွားရေး ဦးမော့လာဖို့ အင်ဂျင်မောင်းနှင်ရာ စက်မှုအချက်အခြာအရှေ့ပိုင်း အရပ်ဒေသပဲ ဖြစ်ပါတယ်။
ဝန်ကျို့မြို့နေတွေအနေနဲ့ အိမ်တစ်အိမ်လျှင် လူတစ်ဦးပဲ လိုအပ်ပစ္စည်းတွေ ဝယ်ဖို့အတွက် နှစ်ရက်တစ်ခါသာ အပြင်ထွက်ခွင့်ရပြီး ဘူတာရုံ ၄၆ ခုကို ပိတ်ထားပြီးဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာပါတယ်။ဒီမြို့မှာ နဂိုကတည်းက ရုပ်ရှင်ရုံတွေ၊ ပြတိုက်တွေ၊ အများပြည်သူသုံး ခရီးသွားဝန်ဆောင်မှုတွေလို အများပြည်သူ နေရာတွေကို ပိတ်ထားပြီးလည်း ဖြစ်ပါတယ်။
ကျဲ့ကျန်းပြည်နယ်ဟာ ကိုရိုနာကူးစက်သူပေါင်း ၆၆၁ ဦး ရှိထားပြီး ဟူဘေးပြည်နယ်ပြီးရင် ကူးစက်မှု အမြင့်ဆုံးပဲ ဖြစ်ပါတယ်။
Rf; Hindustan Times

0 comments:

Post a Comment